IC 10

IC 10 သည် ပုံစံအတည်တကျမရှိသော ဂယ်လက်ဆီတစ်ခုဖြစ်ပြီး Cassiopeia ကြယ်စုတန်းတွင် တည်ရှိသည်။ ယင်းအား ၁၈၈၇ ခုနှစ်တွင် Lewis Swift ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့သည်။[3] Nicholas Mayall ဆိုသူက ယင်းဂလက်ဆီသည် ဂယ်လက်တိုင်ပြင်ပမှဟု ၁၉၃၅ ခုနှစ်တွင် ပထမဆုံး အကြံပေးခဲ့သည်။ အက်ဝင် ဟာဘယ်က ယင်းသည် Local Group ၏ ဂယ်လက်ဆီဟု သံသယရှိခဲ့သည်။ သို့သော် ဆယ်စုနှစ်ပေါင်းများစွာတိုင် မသေချာမရေရာလျက် ရှိနေခဲ့သည်။ IC 10 သည် နဂါးငွေ့တန်း ဂယ်လက်ဆီသို့ တစ်စက္ကန့်လျင် ၃၅ဝ ကီလိုမီတာနှုန်းဖြင့် ချဉ်းကပ်သောအလျင်အား ၁၉၆၂ ခုနှစ်တွင် တိုင်းတာခဲ့သည်။ ထို့ကြောင့် ယင်းသည် Local Group ၏ အဖွဲ့ဝင်ဟု ၁၉၉၆ ခုနှစ်တွင် အချောသတ် အတည်ပြုနိုင်ခဲ့သည်။

IC 10
Irregular Galaxy IC 10.
လေ့လာရေး ဒေတာ (J2000 epoch)
ကြယ်စုတန်းCassiopeia
ညာဘက် တိမ်းစောင်းမှု00° 20 17.3[1]
နိမ့်ဆင်းမှု+59° 18 14[1]
အနီရောင်အရွေ့-348 ± 1 km/s[1]
ကော့စမစ် အကွာအဝေး လှေကား2.2 ± 0.2 Mly (660 ± 60 kpc)[2]
ဂယ်လက်ဆီ ခွဲခြားမှုdIrr IV/BCD[1]
ထောင့်ဖြတ် အချင်း (V)6.8 × 5.9[1]
မြင်သာသော အရွယ်အစား (V)10.4 ± 0.2
သိသာသော ဂုဏ်အင်များmild starburst galaxy
အခြား ဂုဏ်သတ္တိများ
UGC 192,[1] PGC 1305[1]

IC 10 နှင့် အင်ဒရိုမီဒါ ဂလက်ဆီတို့၏ ပကတိအကွာအဝေးသည် အင်ဒရိုမီဒါနှင့် ထရိုင်ဂူလယ် ဂယ်လက်ဆီတို့၏ အကွာအဝေးနှင့် ထပ်တူလောက်ကျသည်။ ထို့ကြောင့် IC 10 သည် M31 ၏ အဖွဲ့ဝင်အခွဲဟု အကြံပေးသည်။[4] IC 10 သည် Local Group ၏ ဂယ်လက်ဆီများထဲတွင် တစ်ခုတည်းသော starburst အမျိုးအစား ဂယ်လက်ဆီဟု သိရှိထားသည်။ လက်ရှိအချိန်တွင် ဂယ်လက်ဆီသည် တစ်နှစ်လျင် နေထုထည်ပေါင်း ဝ.ဝ၄ မှ ဝ.ဝ၈ နှုန်းဖြင့် ကြယ်တာရာများအား မွေးထုတ်ပေးလျက် ရှိလေသည်။ ဆိုလိုသည်မှာ ဂယ်လက်ဆီထဲတွင် ဓာတ်ငွေ့သည် နှစ်ပေါင်းဘီလီယံ အနည်းငယ်မျှသာ ခံနိုင်တော့မည်ဖြစ်သည်။[4]

ကျမ်းကိုး

  1. NASA/IPAC Extragalactic Database Results for IC 10 2007-03-15 တွင် ပြန်စစ်ပြီး။
  2. Karachentsev, I. D.; Kashibadze, O. G. (2006). "Masses of the local group and of the M81 group estimated from distortions in the local velocity field". Astrophysics 49 (1): 3–18. doi:10.1007/s10511-006-0002-6. Bibcode: 2006Ap.....49....3K.
  3. IC 10 SEDS Messier Database 2006-05-15 တွင် ပြန်စစ်ပြီး။
  4. Van den Bergh၊ Sidney (2000)။ Galaxies of the Local Group (1st ed.)။ Cambridge University Press။ ISBN 0-521-65181-6
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.