Messier 32

Messier 32 (NGC 221 နှင့် Le Gentil ဟုလည်းသိထား) သည် ဘဲဥပုံစံ အရံဂယ်လက်ဆီဖြစ်ပြီး ကြယ်စုတန်း အင်ဒရိုမီဒါမှ အလင်းနှစ် ၂.၆၅ မီလီယံအကွာတွင် တည်ရှိသည်။ ယင်းသည် အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရံဂယ်လက်ဆီဖြစ်ပြီး ၁၇၄၉ ခုနှစ်တွင် Le Gentil ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့သည်။ M32 သည် အချင်းအားဖြင့် အလင်းနှစ် ထောင်ပေါင်း ၆.၅ ± ဝ.၂ ခန့်သာ ကျယ်ပြန့်သည်။ M32 တွင် သက်တမ်းရင့် မှေးမိန်သော ကြယ်နီများနှင့် ကြယ်ဝါများ အများစုပါဝင်ထားပြီး ဖုန်နှင့်ဓာတ်ငွေ့များ မပါဝင်ပေ။ ထို့ကြောင့် ကြယ်တာရာ မွေးဖွားမှုလည်း မရှိပေ။[4] သို့သော် မကြာသေးခင်က နှေးကွေးသော ကြယ်ဖွဲ့တည်မှု သဲလွန်စကို တွေ့ရှိခဲ့သည်။[5] M32 သည် အရံဂယ်လက်ဆီဟု ဆိုထားသော်လည်း အချို့ကမူ ပုံမှန်ဂယ်လက်ဆီတစ်ခု ဖြစ်နိုင်သည်ဟု အကြံပြုထားသည်။

Messier 32
ဘဲဥပုံစံ အရံဂယ်လက်ဆီ M32
လေ့လာရေး ဒေတာ (J2000 epoch)
ကြယ်စုတန်းAndromeda
ညာဘက် တိမ်းစောင်းမှု00° 42 41.8[1]
နိမ့်ဆင်းမှု+40° 51 55[1]
အနီရောင်အရွေ့-၂၀၀ ± ၆ km/s[1]
ကော့စမစ် အကွာအဝေး လှေကား2.49 ± 0.08 မီလီယံ အလင်းနှစ် (763 ± 24 kpc)
ဂယ်လက်ဆီ ခွဲခြားမှုcE2[1]
ထောင့်ဖြတ် အချင်း (V)8′.7 × 6′.5[1]
မြင်သာသော အရွယ်အစား (V)၈.၀၈[2][3]
သိသာသော ဂုဏ်အင်များအင်ဒရိုမီဒါ ဂလက်ဆီ
အရံ ဂယ်လက်ဆီ
အခြား ဂုဏ်သတ္တိများ
M 32, NGC 221,[1] UGC 452,[1] PGC 2555,[1] Atlas of Peculiar Galaxies 168,[1] LEDA 2555
အင်ဒရိုမီဒါ ဂယ်လက်ဆီ (အပေါ်ပုံ) M32 (အလယ် ဘယ်ဘက်)

တွင်းနက်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တွင်းနက်

M32 တွင် အင်မတန်ကြီးမားသော တွင်းနက်တစ်ခု တည်ရှိသည်။ ယင်းသည် ခန့်မှန်းခြေအားဖြင့် နေထုထည် အဆပေါင်း ၁.၅ မှ ၅ သိန်းအထိ ရှိသည်ဟုဆိုသည်။[6]

ပြင်ပလင့်

ကျမ်းကိုး

  1. NASA/IPAC Extragalactic Database Results for NGC 221 2006-11-29 တွင် ပြန်စစ်ပြီး။
  2. SIMBAD-M32 SIMBAD Astronomical Database။ 2009-11-29 တွင် ပြန်စစ်ပြီး။
  3. Armando, Gil de Paz (2007). "The GALEX Ultraviolet Atlas of Nearby Galaxies". Astrophysical Journal Supplement 173 (2): 185–255. doi:10.1086/516636. Bibcode: 2007ApJS..173..185G.
  4. Kepple၊ George Robert; Sanner, Glen W. (1998)။ The Night Sky Observer's Guide။ Vol. 1။ Willmann-Bell။ p. 17။ ISBN 0-943396-58-1
  5. Rudenko, Pavlo (2009). "Intermediate age clusters in the field containing M31 and M32 stars". The Astronomical Journal 138 (6): 1985–1989. doi:10.1088/0004-6256/138/6/1985. Bibcode: 2009AJ....138.1985R.
  6. Valluri, M. (2004). "Difficulties with Recovering the Masses of Supermassive Black Holes from Stellar Kinematical Data". Astrophysical Journal 602 (1): 66–92. doi:10.1086/380896. Bibcode: 2004ApJ...602...66V.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.