NHK World-Japan

NHK WORLD သည် ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း (NHK) ၏ နိုင်ငံတကာ ရုပ်သံထုတ်လွှင့်ခြင်း ဝန်‌ဆောင်မှု တစ်ခုဖြစ်သည်။ အဆိုပါ ရုပ်သံဝန်ဆောင်မှု သည် ဘီဘီစီကမ္ဘာတစ်လွှား ၊ DW ၊ ပြင်သစ် ၂၄ (France 24) နှင့် အာတီ (RT) စသည့် ကမ္ဘာသတင်းဌာနများ နည်းတူစွာ ပင်လယ်ရပ်ခြား ကမ္ဘာ နိုင်ငံများသို့ ရည်ရွယ်လျက် ဂြိုဟ်တုရုပ်သံထုတ်လွှင့်ခြင်း ၊ ကေဘယ်လ်ရုပ်သံထုတ်လွှင့်ခြင်း နည်း များဖြင့် သာမက အင်တာနက်စာမျက်နှာများ နှင့် မိုဘိုင်းဖုန်း အပလီကေးရှင်းများ မှတစ်ဆင့် ထုတ်လွှင့်ပေးနေသည်။ NHK WORLD-JAPAN မှ NHK World Radio Japan ၊NHK World TV နှင့် NHK World Premium စသည့်တို့အားဝန်ဆ​ောင်မှုပ​ေ​းန​ေသည်။ ထို့အပြင် NHK WORLD-JAPAN ၏ အစီအစဉ်များကို အင်တာနက် စာမျက်နှာတွင်လည်း ကြည့်ရှုနိုင်သည်။[1]

မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
NHK World-Japan
စတင်ခြင်းဧပြီလ ၊ ၁ ၊ ၁၉၉၈
ပိုင်ဆိုင်သူဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း (NHK)
ရုပ်ပုံအမျိုးအစား1080i 16:9 (HDTV)
ဆောင်ပုဒ်Widening Horizons
နိုင်ငံ ဂျပန်
ဘာသာစကားဂျပန်ဘာသာ, အင်္ဂလိပ်ဘာသာ
ထုတ်လွှင့်သည့် ဧရိယာကမ္ဘာတစ်ဝှမ်း
ဌာနချုပ်များတိုကျိုမြို့ဂျပန်နိုင်ငံ
ညီအစ်မရုပ်သံလိုင်း(များ)NHK General TV
NHK Educational TV
NHK BS 1
NHK BS Premium
NHK World Premium
ဝက်ဘ်ဆိုဒ်www3.nhk.or.jp/nhkworld (အင်္ဂလိပ်ဘာသာ)
www3.nhk.or.jp/nhkworld/my/ (မြန်မာဘာသာ)

၂၀၂၀ခုနစ်တွင် အိမ်ရှင်အဖြစ် ကျင်းပမည့် တိုကျိုအိုလံပစ် နှင့် ပါရာလင်းပစ် အားကစားပြိုင်ပွဲ များ ကျင်းပရန်အချိန်နီးကပ်လာချိန်တွင် ဂျပန်နိုင်ငံ၏ ရုပ်သံထုတ်လွှင့်ခြင်းဝန်ဆောင်မှု အား သတိပြုမိလာစေဖို့ ရည်ရွယ်ပြီး ၂၀၁၈ခုနှစ် ဧပြီလ တွင် NHK WORLD မှ NHK WORLD-JAPAN အဖြစ်အမည် ပြောင်းလဲခဲ့သည်။[2][3]

ဂျပန်ရုပ်မြင်သံကြားထုတ်လွင့်မှု

NHK WORLD TV

NHK WORLD TVသည် ဂျပန်နိုင်ငံ နှင့် နိုင်ငံတကာမှ သတင်းအချက်အလက်များကို မြေပြင်ကေဘယ်လ် ၊ ဂြိုဟ်တုများ မှ တစ်ဆင့် အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ် ၂၄နာရီ တင်ဆက်ထုတ်လွှင့်နေသော သတင်းဦးစားပေး ရုပ်သံလိုင်းတစ်ခုဖြစ်သည်။[4] မြောက်အမေရိက နှင့် ဥရောပ တို့အတွက် NHK ၏ နိုင်ငံတကာ အသံလွှင့် ဝန်ဆောင်မှု ကို ၁၉၉၅ ခုနှစ်တွင် စတင်ခဲ့ပြီး NHK WORLD TV ၏ ရုပ်သံထုတ်လွှင့်မှု ကို ၁၉၉၈ ခုနှစ် ဧပြီ ၁ရက်နေ့ တွင် စတင်နိုင်ခဲ့သည်။ သတင်းရုပ်သံလိုင်း တစ်ခုအဖြစ် ဂျပန်ရိုးရာ NHK WORLD အမှတ်တံဆိပ် (NHK World Premium တွင် အသုံးပြုနေဆဲ ) ကို အသုံးပြုကာ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ လတွင် စတင် ‌ထုတ်လွှင့်ခဲ့သည်။

NHK WORLD TV သည် အခမဲ့ရုပ်သံလိုင်းတစ်ခု ဖြစ်ကာ အရည်အသွေးမြင့် ရုပ်သံလိုင်း အဖြစ် ၂၀၀၉ခုနှစ်မှ စတင်၍ ဂြိုဟ်တုစလောင်းမှ အခမဲ့ထုတ်လွှင့်ပေးနေသည်။ NHK WORLD HD ရုပ်သံလိုင်းအား 105.5°E, 68.5°E, Astra 28.2°E, Astra 19.2°E, 58°W, နှင့် 99°W တို့မှ ထုတ်လွှင့်နေသည်။ [5]

ရုပ်သံအစီအစဉ်များ[6]

NHK Newsline : သတင်းအစီအစဉ်တစ်ခု ဖြစ်ပြီး တစ်နာရီ ခြားတိုင်း နိုင်ငံ‌ရေးသတင်းများ ၊ စီးပွားရေးသတင်းများ ၊ ကမ္ဘာတစ်ဝှမ်း ဖြစ်ပျက်နေသော အကြောင်းအရာ များ နှင့် ကို မိုးလေဝသခန့်မှန်းချက်များကို နေ့စဉ် အချိန်နှင့် တ‌ပြေးညီ ထုတ်လွှင့်နေသော အစီအစဉ် ဖြစ်သည်။

Somewhere Street: အပိုင်းတစ်ခုစီလျှင် မတူညီသော ကမ္ဘာပေါ်ရှိ မြို့များသို့ သွားရောက်ကာ ခရီးသွားတစ်ဦး မှ မြို့တစ်မြို့အား လမ်းလျှောက် စူးစမ်းလေ့လာ နေသော ပုံစံ ဖြင့် တမူထူးခြားစွာ ရိုက်ကူးထားသော ခရီးသွား အစီအစဉ်တစ်ခု ဖြစ်သည်။

Begin Japanology: ဂျပန်ယဉ်ကျေးမှု နှင့် ဂျပန်လူမျိုးများ၏ လူနေမှု ဘဝများ အားရိုက်ကူး ထားသော ရုပ်သံအစီအစဉ် တစ်ခုဖြစ်သည်။ [7]

Japan-easy: ဂျပန်ပညာရေး ရုပ်သံအစီအစဉ် တစ်ခုဖြစ်ပြီး အင်္ဂလိပ်ဘာသာစကား အား အသုံးပြု၍ ဂျပန်ဘာသာစကားအား လေ့လာနိုင် ရန် ရိုက်ကူးထားသည်။ [8]

NHK World Premium

NHK WORLD Premium ရုပ်သံလိုင်း သည် သတင်းအတိုများ ၊ အားကစားအစီအစဉ်များ ၊ ဂျပန်ယဉ်ကျေးမှု နှင့် ဖျော်ဖြေရေးအစီအစဉ်များကို ဂျပန်နိုင်ငံမှ ကမ္ဘာတစ်ဝှမ်း သို့ ထုတ်လွှင့်နေသော အ‌ခပေးရုပ်သံလိုင်းတစ်ခု ဖြစ်သည်။ အဆိုပါရုပ်သံလိုင်း သည် ဥရောပ ၌ JSTV ဟူသော အမည်ဖြင့် ဝန်ဆောင်မှုများ ပေးပြီး အမေရိက ၌ TV Japan အဖြစ် ထုတ်လွှင့်သည်။

ရေဒီယို ဂျပန်

ရေဒီယို ဂျပန် (အင်္ဂလိပ်: NHK World Radio Japan ၊ အတိုကောက်:RJ) သည် သတင်းအကြောင်းအရာများ ၊ အချက်အလက်များ နှင့် ဖျော်ဖြေရေး အစီအစဉ် များကို ဂျပန်နိုင်ငံ မှ အာရှနိုင်ငံ များသို့ အဓိကထား ထုတ်လွှင့်နေသော ရေဒီယို လိုင်း တစ်ခု ဖြစ်သည်။ ရေဒီယို ဂျပန် မှ အောက်ပါ ဝန်ဆောင်မှု နှစ်ခုအား ထုတ်လွှင့်နေသည်။

ပုံမှန် ဝန်ဆောင်မှု : ကမ္ဘာတစ်ဝှမ်းသို့ ဂျပန်ဘာသာ နှင့် အင်္ဂလိပ်ဘာသာ ဖြင့် အသံလွှင့်ဝန်ဆောင်မှု

ဒေသအလိုက်ဝန်ဆောင်မှု: သက်ဆိုင်ရာဒေသ အလိုက် အာရပ်ဘာသာစကား ၊ဘင်္ဂါလီ ဘာသာစကား ၊ မြန်မာဘာသာစကား တရုတ်ဘာသာစကားပြင်သစ်ဘာသာစကား ၊ ဟိန္ဒူဘာသာစကား၊ အင်ဒိုနီးရှား ဘာသာစကား ၊ ကိုးရီးယားဘာသာစကား ၊ အီရန်ဘာသာစကား ၊ ပေါ်တူကီ ဘာသာစကား ၊ရရှားဘာသာစကား၊ စပိန်ဘာသာစကား ၊ ဆွာဟီလီဘာသာစကား ၊ ထိုင်းဘာသာစကား ၊ အူရဒူဘာသာစကား နှင့် ဗီယက်နမ်ဘာသာစကား တို့ဖြင့် အသံလွှင့်ဝန်ဆောင်မှု

ကိုးကား

  1. https://www3.nhk.or.jp/nhkworld/my/aboutnhk/
  2. New Programs of NHK WORLD-JAPAN for 2018 (21 February 2018)။
  3. https://www3.nhk.or.jp/nhkworld/en/nhkworld_japan/
  4. www.mpt.org/nhkworldtv/
  5. Lyngsat - NHK World TV Accessed July 27, 2016
  6. NHK (Japan Broadcasting Corporation)။ TV Programs NHK WORLD 29 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 December 2014 တွင် ပြန်စစ်ပြီး။
  7. TV Programs - NHK World NHK။ 21 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-03-03 တွင် ပြန်စစ်ပြီး။
  8. What's Japan-easy? - Japan-easy II, Japanese lessons - NHK WORLD - English (အင်္ဂလိပ်ဘာသာစကားဖြင့်)2017-12-25 တွင် ပြန်စစ်ပြီး

ပြင်ပလင့်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.