Windows Vista

Windows Vista (codenamed Longhorn[7]) သည် မိုက်ခရိုဆော့ဖ်၏ ကွန်ပျူတာ လည်ပတ်ရေးစနစ်တစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် စတင်ထုတ်လုပ်ခဲ့ပြီး[8] မိုက်ခရိုဆော့ဖ် ဝဘ်ဆိုဒ်မှ ဒေါင်းလုပ်ဆွဲနိုင်အောင် လုပ်ဆောင်ပေးခဲ့သည်။[9] Windows Vista အား ပွဲထုတ်ချိန်သည် ယခင် အအောင်မြင်ဆုံးနှင့် နှစ်အရှည်ဆုံး ရပ်တည်လာခဲ့သည့် Windows XP ထုတ်လုပ်ခဲ့ချိန်အပြီး ၅ နှစ်အကြာမှ စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ Windows Vista တွင် ပါဝင်လာသော feature အသစ်များမှာ update GUI နှင့် visual style, Windows Search တို့ဖြစ်ကြသည်။ Windows Vista တွင် .NET Framework ဗာရှင်း 3.0 ပါဝင်လာခဲ့သည်။ မိုက်ခရိုဆော့ဖ်သည် Windows Vista အား ထုတ်လုပ်ခဲ့သည် ရည်မှန်းချက်မှာ Windows စက်လည်ပတ်ရေးစနစ်၏ လုံခြုံရေးကို အဆင့်မြှင့်တင်ရန် ဖြစ်သည်။[10] ဆယ်စုနှစ်တစ်ခုစာခန့် ရပ်တည်လာခဲ့သည့် Windows XP ၏ လုံခြုံရေး ယိုပေါက်များကို ပြန်လည်ပြုပြင်ရန် လိုအပ်လာခဲ့သည်။ အသုံးပြုသူများ၏ အကြိုက်တွေ့မှုသည် Windows XP ထက် နည်းပါးခဲ့သည်ဟုဆိုသည်။ ကာလအတော်ကြာ အသုံးပြုလာခဲ့သော Windows XP အသုံးပြုသူများသည် Windows Vista ၏ GUI အသစ်နှင့် မရင်းနှီးခဲ့ကြပေ။[11] သို့သော်လည်း Windows Vista အား ထုတ်လုပ်ပြီး ၂၄ လတာကာလအတွင်း အသုံးပြုသူ ၂၀၀ မီလီယံခန့်ထိ ရှိခဲ့သည်။[12][13] မိုက်ခရိုဆော့ဖ်သည် Windows Vista အတွက် ပင်မထောက်ပံ့ပေးမှုအား ဧပြီ ၁၀၊ ၂၀၁၂ ခုနှစ်တွင် ရပ်တန့်ခဲ့သည်။[14] ထပ်တိုး ထောက်ပံ့ပေးမှုသည် ၁၁ ဧပြီ ၂၀၁၇ တွင် ကုန်ဆုံးမည်ဖြစ်သည်။

Windows Vista
Windows NT စက်မောင်းစနစ်၏ ဗားရှင်းတစ်ခု
Screenshot of Windows Vista Ultimate, showing its desktop, taskbar, Start menu, Windows Sidebar, Welcome Center and glass effects of Windows Aero
ဖန်တီးသူMicrosoft
ရင်းမြစ်အမျိုးအစားClosed source / Shared source[1]
အသုံးပြုသူထံသို့
ဖြန့်ချီခြင်း
 နိုဝင်ဘာ ၂၀၀၆ (၂၀၀၆-၁၁-08)[2]
ရရှိနိုင်မှု၃၀ ဇန်နဝါရီ ၂၀၀၇ (၂၀၀၇-၀၁-30)[3]
နောက်ဆုံးဖြန့်ချီခြင်းService Pack 2 (6.0.6002)[4] / ၂၆ မေ ၂၀၀၉ (၂၀၀၉-၀၅-26)[5]
အဆင့်မြှင့်တင်မှုနည်းလမ်းWindows Update, Windows Server Update Services, SCCM
PlatformsIA-32 and x86-64
ကာနဲလ် အမျိုးအစားHybrid
လိုင်စင်Proprietary commercial software
ယခင်အမျိုးအစားWindows XP (2001)
နောက်ထွက်အမျိုးအစားWindows 7 (2009)
အထောက်အပံ့ပေးမှု အခြေအနေ
Mainstream support ended on 10 April 2012
Extended support until 11 April 2017[6]

ကိုးကား

  1. Windows Licensing Programs Microsoft (June 2011)။ 21 September 2008 တွင် ပြန်စစ်ပြီး။
  2. Q&A: Windows Vista Released to Manufacturing Microsoft (8 November 2006)။
  3. It's here Microsoft (30 January 2007)။ 17 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. Windows Vista with SP2 RTM Slipstreamed/Integrated DVD ISO Image (BT Download) 25 May 2009 တွင် ပြန်စစ်ပြီး။
  5. Oiaga၊ Marius (26 May 2009)။ Download Windows Vista Service Pack 2 (SP2) RTM Softpedia SoftNews။
  6. Windows Vista Lifecycle Policy Microsoft။ 13 April 2010 တွင် ပြန်စစ်ပြီး။
  7. Media Alert: Microsoft Unveils Official Name for "Longhorn" and Sets Date for First Beta Targeted at Developers and IT Professionals Microsoft (22 July 2005)။ 2 January 2007 တွင် ပြန်စစ်ပြီး။
  8. Microsoft Launches Windows Vista and the 2007 Office System to Consumers PressCentre Microsoft New Zealand (30 January 2007)။ 30 January 2007 တွင် ပြန်စစ်ပြီး။
  9. Windows Marketplace: Windows Vista Upgrade Editions: Get Started Windows Marketplace Microsoft (30 January 2007)။ 2 February 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 January 2007 တွင် ပြန်စစ်ပြီး။
  10. Ricadela၊ Aaron (14 February 2006)။ Gates Says Security Is Job One For Vista InformationWeek UBM plc။ 18 March 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2006 တွင် ပြန်စစ်ပြီး။
  11. Leopard drubs Vista in corporate satisfaction. Computerworld.com (26 March 2008). Retrieved on 14 October 2011.
  12. Thurrott၊ Paul (16 September 2006)။ Allchin: 200 Million Windows Vista Users in 24 Months. Windows IT Pro Penton။ 26 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 January 2009 တွင် ပြန်စစ်ပြီး။
  13. AMD 50x15—World Internet Usage AMD (2 February 2009)။ 24 February 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2009 တွင် ပြန်စစ်ပြီး။
  14. Windows lifecycle fact sheet windows.microsoft.com Microsoft။ 3 December 2015 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.