ကဗျာဝကမ်းခြေ

ကဗျာဝကမ်းခြေ သည် မြန်မာနိုင်ငံမွန်ပြည်နယ်မော်လမြိုင်ခရိုင်ခေါဇာမြို့ကဗျာဝကျေးရွာတွင် တည်ရှိသည့် ပင်လယ်ကမ်းခြေ တစ်ခု ဖြစ်သည်။[1] ရေးမြို့နှင့် မိုင် ၂၀ အကွာတွင် တည်ရှိပြီး ကမ်းခြေသို့ ကားဖြင့် ၄၅ မိနစ်ခန့် သွားရောက်နိုင်သည်။ ကမ်းခြေသို့ နေ့စဉ် လာရောက်လည်ပတ်သူများရှိပြီး ရုံးပိတ်ရက်များနှင့် အခါကြီးရက်ကြီးများတွင် ၅၀ဝ၀ ကျော်ခန့် လာရောက်လည်ပတ်ကြသည်။[2] ကမ်းခြေအလျားမှာ ကဗျာဝကျေးရွာအနီးမှ တောင်ဘက် မန်ကျည်းချောင်းဝထိ အရှည် ၈မိုင်ခန့်ရှိသည်။[3]

ကဗျာဝကမ်းခြေ
ကဗျာဝကမ်းခြေ
ကိုဩဒိနိတ်: 15°03′47″N 97°47′17″E
နိုင်ငံ မြန်မာ
ပြည်နယ်မွန်ပြည်နယ်
မြို့နယ်ရေးမြို့နယ်
ကျေးရွာကဗျာဝ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC6:30)

ရေးမြို့နှင့် မဝေးသော်လည်း ယခင်က နယ်မြေလုံခြုံမှု မရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်းတို့ကြောင့် အပန်းဖြေသူ နည်းပါးခဲ့သည်။[4] ကဗျာဝကမ်းခြေဟိုတယ်နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်းစီမံကိန်း ဖော်ဆောင်ရန် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက မွန်ပြည်နယ် လွှတ်တော်၌ အဆိုပြုတင်သွင်းခဲ့ကာ ၂ဝ၁၅ ခုနှစ် မတ်လတွင် စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့သည်။[5]

ထိန်းသိမ်းစောင့်ရှောက်မှု

ကမ်းခြေအား စနစ်တကျ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် ကဗျာဝကမ်းခြေ သဘာဝဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေးကော်မတီကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီတွင် ရေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ နာယကအဖြစ်ပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် ခေါဇာမြို့အုပ်ချုပ်ရေးမှူးက ဆောင်ရွက်ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများအပါအဝင် စုစုပေါင်း ၂၂ ဦးဖြင့် ဖွဲ့စည်းထားသည်။[2]

ခရီးသွားလုပ်ငန်း စီမံကိန်း

ကဗျာဝကမ်းခြေ ဟိုတယ်နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံကိန်းကို Aurun Company Limited က ၂ဝ၁၅ ခုနှစ် မတ်လတွင် စတင်ဆောင်ရွက်ခဲ့သည်။[5] စီမံကိန်းအရ ကဗျာဝကမ်းခြေကို နိုင်ငံတကာအဆင့်မီ ကမ်းခြေအဖြစ် မြှင့်တင်ပြီး ကမ်းခြေ၌ စားသောက်ဆိုင်များ၊ ဟိုတယ်ဇုန်များ၊ အပန်းဖြေစခန်းများ၊ သယံဇာတနှင့် ဘူမိဗေဒပြတိုက်၊ Speed Boat များဖြင့် အပန်းဖြေနိုင်ရန်နှင့် ခရီးသွားဧည့်သည်များ လေ့လာနိုင်ရန် မွန်စာပေနှင့် ယဉ်ကျေးမှုပြတိုက်တို့ ပါဝင်မည်ဖြစ်သည်။[5]

စီမံကိန်းကြောင့် ကဗျာဝကျေးရွာရှိ အချက်အချာကျသည့် နေရာများတွင် အိမ်ခြံမြေဈေးများ အဆ ၅၀ ခန့် မြင့်တက်သွားခဲ့သည်။[3]

ကိုးကား

  1. ကျော်ဆုမွန် (၃ မတ် ၂၀၁၇)။ ကဗျာဝကမ်းခြေ သွားကြမယ် ဧရာဝတီ။ ၇ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ကဗျာဝကမ်းခြေ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်ထိန်းသိမ်းရေးကော်မတီဖွဲ့စည်း မွန်သတင်းအေဂျင်စီ (၂ ဒီဇင်ဘာ ၂၀၁၇)။ ၇ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. ကဗျာဝကမ်းခြေ အပန်းဖြေစခန်း စီမံကိန်းကြောင့် အိမ်ခြံမြေ အဆ ၅၀ ကျော်တက် မွန်သတင်းအေဂျင်စီ (၃၀ မတ် ၂၀၁၅)။ ၇ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  4. မေဇင်ဝင်း (၆ ဇန်နဝါရီ ၂၀၁၇)။ ရေးမြို့၏ သမီးပျို (သို့မဟုတ်) ကဗျာဝကမ်းခြေ ပေါ်ပြူလာ။ ၇ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. မီးမီးမြင့်သူ (၁၃ စက်တင်ဘာ ၂၀၁၆)။ ကဗျာဝကမ်းခြေ ဟိုတယ်နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံကိန်းကို အောက်တိုဘာလတွင် ပြန်လည်စတင်မည် မြန်မာတိုင်း(မ်)။ ၇ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.