ကီမိုတောင်

ကီမိုတောင် (အင်္ဂလိပ်: Kimo Mountain)သို့မဟုတ် ကျောက်ပန်းတောင် (အင်္ဂလိပ်: Flat-topped Rocky Mountain) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် တည်ရှိသည်။[2] တောင်အမြင့်မှာ ၄,၂၆၉ ပေ (၁,၃၀၁ မီတာ) ဖြစ်သည်။[3][1] ပလက်ဝမြို့မှ မိုင် ၂၀ အကွာ၊ ဆမီးမြို့မှ ၅ မိုင်အကွာ၊ ယောင်ဝရွာမှမိုင်(၁၀)အကြာတွင်တည်ရှိသည်။

ကီမိုတောင်
ကျောက်ပန်းတောင်
ကီမိုတောင်
မြန်မာနိုင်ငံရှိ တည်နေရာ
အမြင့်ဆုံးအမှတ်
ပေါ်လွင်မှု၄,၂၆၉ ft (၁,၃၀၁ m)[1]
ကိုဩဒိနိတ်21°19′51″N 93°01′32″E
ပထဝီဝင်
တည်နေရာချင်းပြည်နယ်မြန်မာနိုင်ငံ

ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တည်ရှိသည့် နေရာလည်း ဖြစ်သည်။

အမည်ရင်းမြစ်

ကျောက်ပန်းတောင်ကို ဒေသနေ ခူမီးလူမျိုး နှင့် ခေါင်စိုလူမျိုးက "ကီမိုတောင်"၊‌မြိုလူမျိုးတို့က "ကိမ်မာတောင်"၊ မတူချင်းလူမျိုးတို့က "ကီးမိုမိုတောင်"၊ ဒိုင်ချင်းလူမျိုးတို့က "ကြစ်မတောင်"၊ ရခိုင်လူမျိုးအချို့က "ချင်းမပန်းတောင်းတောင်"ဟုလည်း ခေါ်ကြသည်။[1]

ကီမိုတောင်၏မူရင်းစကားသည် ခေါင်စိုအမျိုးသားတစ်ဦးနှင့် မြိုအမျိုးသားများ​ တော​လမ်းခုလတ်တွင် တွေ့ဆုံစဉ် ကီမိုတောင်ကိုလက်ညှိုးထိုး၍ ခေါင်စိုစကားဖြင့် 'ကီးမာ' ဟုပြော၍၊ ကီးမာ၏ အဓိပ္ပာယ်သည် "မြင်လား" ဟုဖြစ်သည်။[4]

မြေမျက်နှာသွင်ပြင်

ကျောက်ပန်းတောင်ထိပ်သည် နှစ်မိုင်နီးပါးကျောက်သားပြင်အဖြစ် တည်ရှိပြီး လခြမ်းပုံ (သို့) အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဌာန်ဖြစ်သည်။ တောင်ပတ်လည်တွင် ကျယ်ပြန့်လှသော ချောက်ကမ်းပါးကြီးနှင့် ဝန်းရံထားသည်။ တောင်၏ ၁၅ မိုင်အကွာအဝေးကို တစ်ဖက်တစ်ချက်စီတွင် တောင်ပူစာငယ် နှစ်လုံးဖြင့် ပိုင်းခြားထားသည်။[1] အနောက်ဘက်ရှိ တောင်ပူစာငယ်၏ အမြင့် မှာ ၄၂၆၉ ပေ ရှိပြီး အရှေ့ဘက်တောင်ပူစာငယ်၏ အမြင့်မှာ ၃၃၇၃ ပေ ရှိသည်။ တောင်၏ ၁၅ မိုင်ဝန်းကျင် ပတ်လည်အတွင်း တစ်တောင်နှင့်တစ်တောင် အကွာအဝေးနှင့် အရွယ်အစားတူညီသည့် တောင်ပူစာငယ် ၈၈ လုံးဖြင့်လည်း ဝန်းရံထားသည်။[1]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ချင်းတောင်တန်းပေါ်မှ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြင့် ဒေသအကျိုးပြုနိုင်မည့် ကျောက်ပန်းတောင်းတောင် Myanmar Digital News (၃ မတ် ၂၀၁၈)။ ၁၄ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. ပြည်သူ့လွှတ်တော် မေးခွန်း ၁၄ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. မောင်မော်ကွန်း(ပလက်ဝ) (၂၆ ဖေဖော်ဝါရီ ၂၀၁၈)။ ချင်းပြည်နယ်၊ပလက်ဝမြို့တည်နှစ်(၁၄၀)ပြည့်အထိမ်းအမှတ် ပလက်ဝမြို့ သမိုင်းအကျဉ်း ချင်းဝေါလ် BNI Multimedia Group။ 29 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. ဦးထာလုံ၊ ဦးတိန်ယာ ခေါင်စိုသမိုင်း (၂၀၀၆)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.