ပလက်ဝမြို့နယ်

ပလက်ဝမြို့နယ် သည် မြန်မာနိုင်ငံချင်းပြည်နယ်မတူပီခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ဖက်အကျဆုံး မြို့နယ်များအနက် တစ်ခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁၈ ကီလိုမီတာအကွာတွင် တည်ရှိသည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ပလက်ဝမြို့ ဖြစ်သည်။ ဗြိတိသျှများ အုပ်ချုပ်စဉ်အခါနှင့် ဦးနုလက်ထက်က ပလက်ဝမြို့နယ်သည် ရခိုင်တိုင်းတွင် ပါဝင်ခဲ့သော်လည်း ဦးနေဝင်းလက်ထက်တွင် ချင်းပြည်နယ်တွင် ပါဝင်ခဲ့သည်။

ပလက်ဝမြို့နယ်
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်
ပလက်ဝမြို့နယ်
ကိုဩဒိနိတ်: 21°18′N 92°51′E
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
ခရိုင်မတူပီ
အုပ်ချုပ်ရေးရုံးစိုက်ရာမြို့ပလက်ဝမြို့
လူဦးရေ (၂၀၁၄)
  ချင်းပြည်နယ်အတွင်းရှိ မြို့နယ်၆၄,၉၇၁[1]
  မြို့ပေါ်၆,၃၇၄
  ကျေးလက်၅၈,၅၉၇
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်း​ကြောင်း

ပလက်ဝမြို့နယ်သည် ချင်း​ရေးရာဝန်ကြီးဌာန၏ ၁၉၆၀ခုနှစ် စက်တင်ဘာ၁၂ရက်​နေ့ရက်စွဲပါ အမိန့်ဖြင့် ပလက်ဝမြို့နယ်ဟု စတင်​ခေါ်​ဆောင်ခဲ့သည်။၁၈၂၆ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ရခိုင်​ဒေသကို အ​ရှေ့အိန္ဒိယကုမ္ပဏီက သိမ်းယူပြီး​နောက် ရခိုင်တိုင်း၊စစ်​တွေခရိုင်၌ ပါဝင်ခဲ့သည်။သို့​​သော်မြို့နယ်တစ်ခုလုံးကို မအုပ်ချုပ်နိုင်ခဲ့​ပေ။အုပ်ချုပ်မှုလွယ်ကူ​စေရန် ၁၈၆၅ခုနှစ်တွင် စစ်​တွေခရိုင်မှခွဲထုတ်၍ ရခိုင်​မြောက်ပိုင်းနယ်​မြေများ ခရိုင်အဖြစ်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။ခရိုင်ရုံးစိုက်ရာ​နေရာမှ စစ်​တွေမြို့မှ၈၆မိုင်​ဝေးသည့် ​မျောက်​တောင်ရွာ(ယခု​ကျောက်​တော်မြို့နယ်အတွင်း)တွင်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ချင်းများသည် အစိုးရအား အကြိမ်ကြိမ်ဆန့်ကျင်သဖြင့် ​မျောက်​တောင်ရွာမှ​၂၄မိုင်အကွာ ပလက်ဝရွာသို့ ရုံး​ပြောင်း​ရာမှ မြို့ဖြစ်လာခဲ့သည်။ကုလားတန်မြစ်၏ အ​ရှေ့ဘက်မြစ်လက်တက် ပလက်​ချောင်းဝ​တွင် တည်ရှိ၍ ပလက်ဝဟု အဆင့်ဆင့်​ပြောင်းလဲ​ခေါ်​ဝေါ်ခဲ့ကြသည်။[2]

ယခင်က မင်းတပ်ခရိုင်တွင် မင်းတပ်မြို့နယ်ကန်ပက်လက်မြို့နယ်မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားခဲ့သည်။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ ထိုအကြောင်းကို ပြည်ထောင်စုလွှတ်တော်မှ ပြည်နယ်အစိုးရအား သဘောထားတောင်းခံသည်။ သို့သော် ပြည်နယ်လွှတ်တော်တွင် ပလက်ဝကို ခရိုင်အဆင့်မြှင့်ရန် သင့်မသင့် မဆွေးနွေးဘဲ မတူပီနှင့် ပလက်ဝမြို့နယ်များအနက် မည်သည့်မြို့နယ်ကို ခရိုင်အဆင့်မြှင့်ရန် မဲခွဲဆုံးဖြတ်ရာ မတူပီမှ ၁၁ မဲ၊ ပလက်ဝမှ ၉ မဲရရှိခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ခုနှစ် ဇွန်လတွင် မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ ပါဝင်သော မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ပါဝင်သော မတူပီခရိုင်အဖြစ် ခရိုင်(၂)ခုပြောင်းလဲဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အကြောင်းကြားခဲ့သည်။ထို့​ကြောင့် ပလက်ဝမြို့နယ်ကို မင်းတပ်ခရိုင်မှ မတူပီခရိုင်သို့ ​ပြောင်းလဲဖွဲ့စည်းခဲ့သည်။[3][4][5]

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၄၅ မိနစ်နှင့် ၂၂ ဒီဂရီ ၉ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၀ မိနစ်နှင့် ၉၃ ဒီဂရီ ၄၀ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၅၉.၂မိုင်၊ တောင်မှမြောက်သို့ ၉၈.၄ မိုင်ရှိပြီး ၃၁၂၇.၀၄ စတုရန်းမိုင် ကျယ်ဝန်းသည်။[2]

နယ်နိမိတ်

ပလက်ဝမြို့နယ်၏ အရှေ့ဘက်တွင် ကန်ပက်လက်မြို့နယ်နှင့် မတူပီမြို့နယ်၊ တောင်ဘက်တွင် ​တောင်ဘက်တွင် ရခိုင်ပြည်နယ်ရှိ ​ကျောက်​တော်မြို့နယ်၊​မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်၊ အနောက်ဘက်တွင် ဘင်္ဂလား​ဒေရှ့်နိုင်ငံရှိ ဘန်ဒါဘန်ခရိုင်နှင့် ရခိုင်ပြည်နယ်ရှိ ဘူးသီး​တောင်မြို့နယ်၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်များ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ ၂၄၀ ပေအထက်တွင် တည်ရှိသည်။မြို့နယ်အတွင်း ​တောင်ကုန်းများ​ပေါများသည်။တစ်မြို့နယ်လုံးတွင် ပြန့်ကျဲစွာတည်ရှိ​နေ​သော ​တောင်ကုန်း၊​တောင်စွယ်များမှာ မတ်​​စောက်ပြီး ​အောက်​ခြေတွင် ​မြေပန့်လွင်ပြင်ငယ်များတည်ရှိသည်။ပလက်ဝမြို့နယ်သည် မြစ်​ချောင်းများ​ပေါများပြီး ကုလားတန်မြစ်နှင့် ​လေးမြို့မြစ်များမှာထင်ရှားသည်။

လူဦးရေ

ပလက်ဝမြို့နယ်တွင်ခူမီး၊ ခေါင်စို၊ အနူး၊ မာရာ၊လိခဲမ်၊စသောချင်းမျိုးနွယ်စုများနေထိုင်ကြသည်။ ပလက်ဝမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရခိုင်၊ဗမာ၊မွန်၊ရှမ်း၊ကချင်နှင့် ကရင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာ၊ဟိန္ဒူ၊အစ္စလာမ်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။မြို့နယ်လူဦး​ရေ၏ ၀.၁၄၈%မှာ အခြား​သောနိုင်ငံခြားမျိုးနွယ်ဝင်များဖြစ်ကြသည့် ဘင်္ဂလား​ဒေရှ့်၊အိန္ဒိယနှင့် မရာမာကြီးလူမျိုးများဖြစ်သည်။[2]

စီးပွား​ရေး

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွား​ရေးတိုးတက်မှု​နှေး​ကွေး​သော မြို့နယ်ဖြစ်သည်။မြို့နယ်​နေလူထုသည် စိုက်ပျိုး​ရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။မြို့နယ်၏ အဓိကထွက်ကုန်မှာ နှမ်း၊​မြေပဲ၊ဂမုန်းနှင့် ချင်းတို့ဖြစ်ပြီး ရခိုင်ပြည်နယ်မှတစ်ဆင့် မန္တ​လေးတိုင်းသို့ အများဆုံးတင်ပို့​ရောင်းချသည်။မြို့နယ်အတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၉၁ခုရှိသည်။

​ဈေးများ

  • ပလက်ဝမြို့မ​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး

ပလက်ဝမြို့နယ်သည် ​ရေ​လအ်းခရီးကိုသာ အဓိကထား၍အသုံးပြုရသည်။

ပညာ​ရေး

အထက

အထက်တန်းကျောင်း ၈ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ဆမီး
  • အထက မီးဇာ
  • အထက သံ​ထောင်
  • အထက ရှင်းလက်ဝ
  • အထက ဒလပ်​မေ
  • အထက မိတ်စာဝ

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ပထိန်တလန်
  • အလက (ထ(ခွဲ)) မှုံးတနူး
  • အလက (ထ(ခွဲ)) ဒိုး​ချောင်းဝ

​*အလက (ထ(ခွဲ)) ​ပေါင်းမိုဝ

  • အလက (ထ(ခွဲ)) ​ကွမ်း​ချောင်း ၀-၁
  • အလက မြို့သစ်
  • အလက ကင်ချောင်း
  • အလက ကန်​တောင်
  • အလက ကျီး​လေ​အောက်
  • အလက ခဝဲ
  • အလက ချင်း​ဒေါက်
  • အလက ဂဏန်း
  • အလက ဂါရာပြင်
  • အလက ဆီးဖ​လောင်း
  • အလက ဆင်အိုးဝ-၂
  • အလက ​ဇဉ်​​ဘောင်းပြင်
  • အလက တရွန်အိုင်
  • အလက တုံးမဝ
  • အလက တွီကင်းဝ
  • အလက တွီ​ဆော့ကုန်း
  • အလက နှမဂါ
  • အလက ဗုဒ္ဓဂါမ
  • အလက ​ဘောင်ကုန်း
  • အလက မီးလက်ဝ
  • အလက ​ယောင်ဝ
  • အလက လယ်လှ
  • အလက လုံနူး

​*အလက အောက်သဲမဝ

  • အလက အပ်စ
  • အလက ​အောက်နှုံးဘူး

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၇၀ကျောင်းရှိသည်။

ကျန်းမာ​ရေး

​ဆေးရုံများ

  • ပလက်ဝ မြို့နယ်​ဆေးရုံ
  • ဆမီး တိုက်နယ်​ဆေးရုံ
  • မီးဇာ တိုက်နယ်​ဆေးရုံ

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. ပလက်ဝမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
  3. မတူပီမြို့နှင့် ရှစ်မိုင်ခန့်အကွာတွင် ခရိုင်ရုံး တည်ဆောက်ရန် လျာထားမှုကို သဘောမတူဘဲ မြို့၏ စည်ပင်သာယာ နယ်နိမိတ်အတွင်း၌သာ ဆောက်လုပ်ရန် လိုလားကြောင်း ဒေသခံများက ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်း အီလဲဗင်း သတင်းစာ။
  4. ပလက်ဝမြို့နယ်အား မတူပီခရိုင်အတွင်း ထည့်သွင်းမဖွဲ့စည်းရန် ချင်းပါတီတောင်းဆို ဒီဗွီဘီ]။
  5. မတူပီခရိုင်ဖွဲ့စည်းရေး မြေနေရာအခက်အခဲကြောင့်ကြန့်ကြာ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.