ယောင်ဝရွာ၊ ပလက်ဝမြို့နယ်
ယောင်ဝရွာ(အင်္ဂလိပ်: Yaungwa)သည် ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်၊ တိုင်ဝကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၈၀၆၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တိုင်ဝကျေးရွာအုပ်စုတွင် ကျား ၁၀၃၉ ဦး၊ မ ၁၀၇၇ ဦး၊ လူဦးရေ စုစုပေါင်း ၂၁၁၆ ဦး နေထိုင်သည်။ [1]
ယောင်ဝ | |
---|---|
ရွာ | |
ယောင်ဝရွာ | |
ယောင်ဝ | |
ကိုဩဒိနိတ်: 21°29′33″N 93°03′48″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်း |
ခရိုင် | မတူပီခရိုင် |
မြို့နယ် | ပလက်ဝမြို့နယ် |
ကျေးရွာအုပ်စု | တိုင်ဝ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
လူနေထိုင်မှု
ယောင်ဝရွာတွင် အိမ်ခြေပေါင်း ၂၀၀ ကျော် ရှိသည်။ ယောင်ဝရွာတွင် ခေါင်စို၊ ခူမီး၊ အာနူး၊ ခေါင်တူး၊ မာရာနှင့် ရခိုင်တိုင်းရင်းသားများ နေထိုင်ကြသည်။
လမ်းပန်းဆက်သွယ်ရေး
ယောင်ဝရွာမှ မတူပီမြို့သို့ ကုန်းလမ်းဖြင့် ဆက်သွယ်ထား၍ ဆမီးမြို့ကို ရေလမ်း၊ ကုန်းလမ်းဖြင့်၎င်း၊ ကျောက်တော်မြို့ကို ရေလမ်း၊ ကုန်းလမ်းဖြင့်၎င်း၊ ပလက်ဝမြို့ကို ရေလမ်း၊ ကုန်းလမ်းဖြင့် ဆက်သွယ်ထားသည်။
ဦးစိုးထက်စတင်တပ်ဆင်သည့်ဂြိုဟ်တုဖုန်းလိုင်းစနစ်ကို၂၀၁၂-၂၀၁၃မှစ၍ပြည်တွင်း၊ပြည်ပသို့တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်ပြီး၊ဖုန်းအဝင်များလည်းလက်ခံရရှိ၍ဆက်သွယ်ရေးဖုန်းလိုင်းရရှိပါသည်။
စီးပွားရေး
ယောင်ဝရွာမှ ငရုတ်၊ ချင်းစိမ်း၊ နှမ်း၊ စပါး၊ ဝဥ၊ ငှတ်ပျော်သီး၊ သရက်သီး၊ နနွင်းစသော စားကုန်များထွက်ရှိပြီး ဆမီးမြို့၊ ပလက်ဝမြို့နှင့် ကျောက်တော်မြို့သို့ တင်သွင်းရောင်းချသည်။ နွား၊ ဝက်၊ ကြက်၊ ဆိတ်များကို အိန္ဒိယနိုင်ငံ၊ မနီပူရ်မြို့သို့ တင်သွင်းရောင်းချသည်။
ပညာရေး
ယောင်ဝရွာ၏ အခြေခံပညာမူလတန်းကျောင်းကို ၁၉၉၈-၁၉၉၉ခုနှစ်၊ မူလွန်ကျောင်းကို ၂၀၀၆ခုနှစ်၊ အလယ်ခွဲကို၂၀၁၃ခုနှစ်၊ အလယ်တန်းကို ၂၀၁၇ ခုနှစ်၊ အထက်တန်းခွဲကို ၂၀၁၉ ခုနှစ်တွင် တရားဝင်ရရှိခဲ့သည်။