မတူပီခရိုင်

မတူပီခရိုင် သည် ချင်းပြည်နယ်ရှိ ခရိုင်တစ်ခု ဖြစ်သည်။ ယခင်က မင်းတပ်ခရိုင်လက်အောက်တွင်ရှိခဲ့သော နယ်မြေများဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် သီးခြားခရိုင်ဖြစ်လာခဲ့သည်။ ထို့ကြောင့် ချင်းပြည်နယ်တွင် ခရိုင် ၃ ခုရှိခဲ့ရာမှ ခရိုင်လေးခု ဖြစ်လာခဲ့သည်။[1][2]

မတူပီခရိုင်
မတူပီခရိုင်
ကိုဩဒိနိတ်: 21°35′00″N 93°26′00″E
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
မြို့နယ်ပေါင်း
ရုံးစိုက်ရာမြို့မတူပီမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း

ယခင်က မင်းတပ်ခရိုင်တွင် မင်းတပ်မြို့နယ်ကန်ပက်လက်မြို့နယ်မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ ထိုအကြောင်းကို ပြည်ထောင်စုလွှတ်တော်မှ ပြည်နယ်အစိုးရအား သဘောထားတောင်းခံသည်။ သို့သော် ပြည်နယ်လွှတ်တော်တွင် ပလက်ဝကို ခရိုင်အဆင့်မြှင့်ရန် သင့်မသင့် မဆွေးနွေးဘဲ မတူပီနှင့် ပလက်ဝမြို့နယ်များအနက် မည်သည့်မြို့နယ်ကို ခရိုင်အဆင့်မြှင့်ရန် မဲခွဲဆုံးဖြတ်ရာ မတူပီမှ ၁၁ မဲ၊ ပလက်ဝမှ ၉ မဲရရှိခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ခုနှစ် ဇွန်လတွင် မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ ပါဝင်သော မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ပါဝင်သော မတူပီခရိုင်အဖြစ် ခရိုင်(၂)ခုပြောင်းလဲဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အကြောင်းကြားခဲ့သည်။ သို့သော် တစ်နှစ်အကြာ ၂၀၁၈ ခုနှစ်အထိ မြေနေရာအခက်အခဲကြောင့် ခရိုင်အဆင့်ရုံးနှင့်ဝန်ထမ်းများ ခန့်အပ်ထားနိုင်ခြင်းမရှိသေးဘဲ မြို့နယ်ရုံးများတွင်သာ ယာယီဖွင့်လှစ်ထားခဲ့ရသည်။[3][4][5]

အုပ်ချုပ်ရေး

မတူပီခရိုင်တွင် အောက်ပါမြို့နယ်များပါဝင်သည်။

ကိုးကား

  1. တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
  2. တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၃၁.၃.၂၀၁၆) အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
  3. မတူပီမြို့နှင့် ရှစ်မိုင်ခန့်အကွာတွင် ခရိုင်ရုံး တည်ဆောက်ရန် လျာထားမှုကို သဘောမတူဘဲ မြို့၏ စည်ပင်သာယာ နယ်နိမိတ်အတွင်း၌သာ ဆောက်လုပ်ရန် လိုလားကြောင်း ဒေသခံများက ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်း အီလဲဗင်း သတင်းစာ။
  4. ပလက်ဝမြို့နယ်အား မတူပီခရိုင်အတွင်း ထည့်သွင်းမဖွဲ့စည်းရန် ချင်းပါတီတောင်းဆို ဒီဗွီဘီ]။
  5. မတူပီခရိုင်ဖွဲ့စည်းရေး မြေနေရာအခက်အခဲကြောင့်ကြန့်ကြာ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.