ကန်ပက်လက်မြို့နယ်

ကန်ပက်လက်မြို့နယ် သည် မြန်မာနိုင်ငံချင်းပြည်နယ်မင်းတပ်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကန်ပက်လက်မြို့ ဖြစ်သည်။

ကန်ပက်လက်မြို့နယ်
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်
ကန်ပက်လက်မြို့နယ်
ကိုဩဒိနိတ်: 21.193367°N 94.056656°E / 21.193367; 94.056656
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
ခရိုင်မင်းတပ်
အုပ်ချုပ်ရေးရုံးစိုက်ရာမြို့ကန်ပက်လက်မြို့
လူဦးရေ (၂၀၁၄)
  ချင်းပြည်နယ်အတွင်းရှိ မြို့နယ်၂၁,၄၉၃[1]
  မြို့ပေါ်၄,၁၅၉
  ကျေးလက်၁၇,၃၃၄
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်း​ကြောင်း

ကန်ပက်လက်မြို့ကို ၁၈၉၉ခုနှစ်၊​ဖေ​ဖော်ဝါရီလ၁၉ရက်​နေ့တွင် တည်​ထောင်ခဲ့သည်။မြို့တည်ရှိရာ​နေရာတွင် ကန်ကြီးတစ်ကန်ရှိရာမှ ထို​ရေကန်ကြီးတွင် ပုလဲကဲ့သို့ ဖြူ​ဖွေးသန့်စင်သည့် အရာမြင်ရသည်ကို အ​ကြောင်းပြု၍ ကန်ပုလဲဟု​ခေါ်ဆိုရာမှ ​နောင်တွင် ကန်ပက်လက်ဖြစ်လာခဲ့သည်။ထိုစဉ်က ကန်ပက်လက်မြို့ကို ​မ​ကွေးတိုင်းမင်းကြီးက တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီး ​တောင်တန်းဝန်ရုံးကို ပခုက္ကူမြို့တွင် ဖွင့်လှစ်ခဲ့သည်။၁၉၀၂တွင် ပခုက္ကူမှ ​ချင်းတောင်တန်းဝန်ရုံးကို ကန်ပက်လက်သို့ ​ပြောင်း၍ဖွင့်လှစ်ခဲ့ပြီး ၁၉၃၀တွင် ​တောင်တန်းနယ်အဆင့်မှ မြို့နယ်သို့ ​ပြောင်း၍ ဖွဲ့စည်းခဲ့သည်။၁၉၅၈ခုနှစ်အထိ ကန်ပက်လက်မြို့တွင် ခရိုင်ရုံးဖြင့် အုပ်ချုပ်ရာမှ မင်းတပ်မြို့သို့​ပြောင်းသွားသဖြင့် မြို့နယ်အဆင့်သာ ကျန်ရှိသည်။[2]

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၂၅ မိနစ်နှင့် ၂၂ ဒီဂရီ ၀၅ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်နှင့် ၉၃ ဒီဂရီ ၂၀ မိနစ်အကြားတွင် တည်ရှိသည်။ ဧရိယာစတုရန်းမိုင် ၉၆၃.၈၂ စတုရန်းမိုင် ကျယ်ဝန်းသည်။[2]

နယ်နိမိတ်

ကန်ပက်လက်မြို့နယ်၏ အရှေ့ဘက်တွင် မ​ကွေးတိုင်းရှိ [ဆောမြို့နယ်၊ တောင်ဘက်တွင် မ​ကွေးတိုင်းရှိ စေတုတ္တရာမြို့နယ်၊ အနောက်ဘက်တွင် ပလက်ဝမြို့နယ်နှင့် မြောက်ဘက်တွင် မင်းတပ်မြို့နယ်များ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမျက်နှာပြင်အထက် ၄၅၆၀ ပေအထက်တွင် တည်ရှိသည်။​တောင်ကုန်း​တောင်တန်းများ ​ပေါများ၍ ​တောများထူထပ်​နေသည်။​ခေါနူးစုမ်(သို့) ဝိတိုရိယ​တောင်သည် ၁၀၂၀၀​ပေမြင့်၍ အမြင့်ဆုံးဖြစ်ကာ နတ်မ​တောင်အမျိုးသားဥယျာဉ်တည်ရှိသည်။မြို့နယ်အတွင်း မြစ်​ချောင်း​ပေါများပြီး ​ကျောက်စစ်​ချောင်း၊ကတင်း​ချောင်း၊​ဆော​ချောင်း၊ဖျံ​​​ချောင်း၊စလင်း​ချောင်း၊မုန်း​ချောင်းတို့ဖြစ်ကာ အ​ရှေ့မှမအ​နောက်သို့ စီးဆင်း​နေသည်။ထို​ချောင်းများသည် ​ရေစီးသန်၍ စက်​လှေများ မသွားလာနိုင်​ပေ။

လူဦးရေ

ဖလမ်းမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာ၊ရှမ်းနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။[2]

စီးပွား​ရေး

ကန်ပက်လက်မြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည်။မြို့နယ်၏အဓိကထွက်ကုန်မှာ ဝဥဖြစ်ကာ ရန်ကုန်နှင့် မန္တ​လေးမြို့များသို့ အဓိကတင်ပို့သည်။မြို့နယ်အတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၄ခုရှိသည်။

​ဈေးများ

  • ကန်ပက်လက်​ဈေး

လမ်းပန်းဆက်သွယ်​ရေး

ကန်ပက်လက်မြို့နယ်သည် ကုန်းလမ်းဖြင့်သာသွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်​ရေး အသင့်အတင့်​ကောင်းမွန်သည်။

ပညာ​ရေး

အထက

အထက်တန်းကျောင်း ၃ကျောင်းရှိသည်။

  • အထက ကန်ပက်လက်
  • အထက ကျိန်​ဒွေး
  • အထက မှူးချိန်းဒိန်း

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ခါရိုင်း
  • အလက (ထ(ခွဲ)) မဆာတွီ
  • အလက (ထ(ခွဲ)) မှန်​တောင်
  • အလက ​မှော်​လောင်းလုံ
  • အလက စံအိမ်နူး
  • အလက မကြာအိမ်နူး

​*အလက ​ပျော့

  • အလက ​ဘောင်ဘင်
  • အလက ​အောက်ကန့်
  • အလက စမ္မသား
  • အလက ဆိုင်နန်

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၉၈ကျောင်းရှိသည်။

ကျန်းမာ​ရေး

​ဆေးရုံများ

  • မြို့နယ်ပြည်သူ့​ဆေးရုံ
  • ကျင်​ဒွေး တိုက်နယ်​ဆေးရုံ

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. ကန်ပက်လက်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.