ခင်နှင်းယု

ခင်နှင်းယု (အမည်ရင်း မခင်စု) (၁၉၂၅-၂၀၀၃) သည် မြန်မာစာပေလောကတွင် ထင်ရှားသော အမျိုးသမီးကလောင်ရှင်တစ်ဦးဖြစ်သည် ။

ခင်နှင်းယု
မွေးဖွားမခင်စု
(၁၉၂၅-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-0၇)စက်တင်ဘာ ၇၊ ၁၉၂၅
ဧရာဝတီတိုင်း ဝါးခယ်မမြို့
ကွယ်လွန်ဇန်နဝါရီ ၂၁၊ ၂၀၀၃(၂၀၀၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး ""-၂၁) (အသက် ၇၇)
ရန်ကုန်မြို့
အလုပ်အကိုင်စာရေးဆရာ
နိုင်ငံလူမျိုးမြန်မာနိုင်ငံ
လူမျိုးဗမာ
ပညာရေးဝိဇ္ဇာဘွဲ့ (ရန်ကုန်တက္ကသိုလ်)
ရရှိသည့်ဆုများအမျိုးသားစာပေဆုစာပေဗိမာန်စာမူဆု
အိမ်ထောင်ဖက်ဗိုလ်ကြီးကျော်သောင်း

အတ္ထုပ္ပတ္တိအကျဉ်း

ဧရာဝတီတိုင်း ဝါးခယ်မမြို့၌ အဖ အစိုးရကျောင်းဆရာကြီး ဦးဘ ၊ အမိ ဒေါ်သိန်းတင်တို့မှ ၁၉၂၅ခု ၊ စက်တင်ဘာ ၇ ရက် (တနင်္လာနေ့) တွင်ဖွားမြင်သည် ။ မွေးချင်း ခုနစ်ယောက်အနက် ငါးယောက်မြောက်ဖြစ်ပြီး ဝန်ကြီးချုပ် ဦးနု နှင့်မောင်နှမ ဝမ်းကွဲတော်စပ် သူတစ်ဦးဖြစ်သည် ။ ၁၉၅ဝ တွင် ဗိုလ်ကြီးကျော်သောင်းနှင့် လက်ထပ်ခဲ့ကာ ၁၉၇ဝ တွင် ခင်ပွန်းသည် ကွယ်လွန်ခဲ့သည် ။ ၁၉၈၅ မှ ကျန်းမာရေးအလွန်ဆိုးရွားသောကြောင့် ဆေးရုံတွင် ကုသမှုခံယူ ပြီးနောက် "ချမ်းမြေ့ရိပ်သာ" တွင် နေထိုင်ခဲ့သည် ။ ၂၀၀၃ ဇန်နဝါရီလ ၂၁ ရက် (အင်္ဂါနေ့) နံနက် (၈:၃၀) တွင် ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး၌ ကွယ်လွန်သည်။

ပညာရေး

၁၉၃ဝ တွင် ဝါးခယ်မမြို့ ဦးဘိုးထင် မြန်မာစာသင် အလယ်တန်းကျောင်း၌ စတင်ပညာသင်ကြားသည် ။ ၁၉၄ဝ တွင် ဝါးခယ်မမြို့ ဦးဘိုကြီးမြန်မာစာ အထက်တန်းကျောင်း၌ ရှစ်တန်းမှ ဆယ်တန်းတိုင် ပညာဆည်းပူးခဲ့ပြီး ၁၉၄၃ တွင် မြန်မာဆယ်တန်းနှင့် ၁၉၄၈ တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည် ။ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း မှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၅၆ တွင် သက်ကြီးတက္ကသိုလ်၁၉၅၉ တွင် ရန်ကုန်တက္ကသိုလ်၌ ပညာဆည်းပူးခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည် ။

နိုင်ငံရေးနှင့်စာပေဘဝ

ဝါးဆယ်မကျောင်းသားသမဂွ အမှုဆောင် (၁၉၃၈ -၃၉) ဖြစ်ကာ ကျောင်းသားရေးရာများနှင့် တို့ဗမာအစည်းအရုံး နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဂျပန်ခေတ် ဝါးခယ်မမြို့နယ် အာရှလူငယ်အစည်းအရုံးတွင် အမျိုးသမီးဌာန အတွင်းရေးမှူး (၁၉၄၃) ၊ ဖဆပလ သတင်းနှင့် ဝါဒဖြန့်ချိရေးဌာန လက်ထောက်အတွင်းရေးမှူး (၁၉၄၆) ၊ ယင်းဌာန တွဲဖက်အတွင်းရေးမှူးနှင့် ဖဆပလ သတင်းစဉ် တာဝန်ခံ အယ်ဒီတာ (၁၉၄၇) ၊ ဝန်ကြီးချုပ်၏ အတွင်းရေးအတွင်းဝန် (၁၉၄၈- ၄၉) စသည်ဖြင့်ဆောင်ရွက်ခဲ့သည် ။

၁၉၄၆ မှစကာ "မခင်စု" အမည်ရင်းဖြင့် ဖဆပလ သတင်းစဉ်တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၄၇-တွင် "အချို" ကလောင်အမည်ဖြင့် သတင်းစုံ ဂျာနယ်၌ ဝတ္ထုတိုများ ရေးသားခဲ့သည် ။ ခင်နှင်းယု ကလောင်အမည်ဖြင့် ပထမဆုံးရေးသောဝတ္ထုမှာ ၁၉၄၇ "စာပဒေသာမဂ္ဂဇင်း" တွင်ပါရှိသည့် "အရိုင်း" ဖြစ်သည်။ လုံးချင်းဝတ္ထု (၁၇) အုပ် ၊ မဂ္ဂဇင်းဝတ္ထုရှည် အပုဒ် (၂၀) ၊ ဝတ္ထုတို (၁၀၀) ကျော်ခန့်ရေးသားခဲ့သည် ။ စာဆို၏ ဝတ္ထုတိုအချို့ကို ဂျာမန် ၊ ရုရှား ၊ ဂျပန် ဘာသာများသို့ ပြန်ဆိုခဲ့သည် ။

စာစုစာရင်း

လုံးချင်းဝတ္ထုများ

  • ဆောင်းတွင်းပန်း (၁၉၅၃)
  • မွှေး (၁၉၅၉)
  • စိမ်းသင့်မှစိမ်း (၁၉၆၀)
  • ချစ်လှချည်ရဲ့ (၁၉၆၁)
  • နွေနှောင်းရွက်ကျန် (၁၉၆၁)
  • ပန်းများကိုပွင့်စေသူ (၁၉၆၁)
  • မျှော်လင့်လို့ဖြင့် မဆုံးနိုင်တယ် (၁၉၆၁)
  • နွားတစ်ထောင် (၁၉၆၂)
  • ပိုးခန်းဆီးနောက်မှ ငရဲခန်း (၁၉၆၂)
  • ပန်းပန်လျက်ပါ (၁၉၆၂)
  • မဟာသာကီ (၁၉၆၂)
  • သခွတ်ပန်း (၁၉၆၂)
  • အောင်မြင်သောနေ့ (၁၉၆၂)
  • မိုးကျော်သူ (၁၉၆၃)
  • မိန်းမရိုင်း (၁၉၆၃)
  • သပြေ (၁၉၆၃)
  • ယဉ်မင်းပိုက် (၁၉၆၄)
  • သရဖူ (၁၉၆၄)
  • လမင်းကြီးသာစမ်းပါ (၁၉၆၅)
  • ပုံပြောကောင်းသောမိန်းကလေး (၁၉၆၆)
  • ဖေဖေ (၁၉၆၈)
  • လာခြင်းကောင်းသော လူကလေး (၁၉၆၉)
  • ဘုရင်ခံမလိုချင်ပေါင် (၁၉၇၀)
  • ကျွန်မ၏ချစ်သူ (၁၉၇၂)
  • ထိပ်စုဖုရား မဗျိုင်း (၁၉၇၃)
  • တစ်ထောင့်ငါးရာည၏ အိပ်မက်များ (၁၉၉၃)
  • မြကြာဖြူ (၁၉၉၅)
  • ဗညားရှိန်း (၁၉၉၈)
  • ပျားရည်အိုင် (၁၉၉၉)
  • ဥဩတွန်တဲ့ လရာသီ (၂၀၀၂)
  • ကျွန်တော်တင်အောင်ထွန်း
  • မိချို

ဝတ္ထုတိုပေါင်းချုပ်

  • ကြေးမုံရိပ်သွင် (၁၉၆၀)
  • ဘုံဓမ္မတာမှာ ကြုံလေသမှျ (၁၉၆၂)
  • ကြာတော၌ရွာသောမိုး ဝတ္ထုတိုများ (၁၉၆၄)
  • ကသစ်ပန်း ဝတ္ထုတိုများ (၁၉၆၅)
  • မုတ်သုန်စောင်းကြိုး (၁၉၆၅)
  • ခင်နှင်းယု၏ ဝတ္ထုတိုများ (၁၉၆၇)
  • ကျွန်းဧကရီနှင့် အခြားဝတ္ထုတိုများ (၁၉၇၁)
  • မိန်းမတို့အကြောင်း ဝတ္ထုတိုပေါင်းချုပ် (၁၉၉၂)
  • လက်ရွေးစင် ဝတ္ထုတိုများ (၁၉၉၆)
  • ကျွန်မကမချောပါဘူးနှင့် အခြားမဂ္ဂဇင်းဝတ္ထုတိုများ (၂၀၀၄)

အခြား

  • ပွဲတွေ့ အမြတ်တရား (ဘာသာရေးဆောင်းပါးများ) (၁၉၈၁)
  • မယ့်သည်းအိမ် (၂၀၀၀)
  • ဘဝင်မကျလေသောအခါ (၂၀၀၂)
  • ဇီဝစိုးစံအိမ် (၂၀၀၃)

စာပေဆုများ

  • ၁၉၄၈ - လွတ်လပ်ရေး အထိမ်းအမှတ် စာပေပြိုင်ပွဲ (ဝတ္ထုတို - တတိယဆု) - "မျောက်လောင်း"
  • ၁၉၅၃ - မြဝတီမဂ္ဂဇင်းစာပေပြိုင်ပွဲ (ဝတ္ထုရှည် - ပထမဆု) - "သရဖူ"
  • ၁၉၆၁ - စာပေဗိမာန်ဆု - "ကြေးမုံရိပ်သွင် ဝတ္ထုတိုပေါင်းချုပ်"
  • ၁၉၉၅ - အမျိုးသားစာပေဆု (ဝတ္ထုရှည်) - "မြကြာဖြူ"

ကိုးကား

  • ရွှေမျှား၊ ဒဂုန် ။ မြန်မာနိုင်ငံစာပေဆုများ
  • မလိခ ။ မြန်မာဝတ္ထုအညွှန်း (၂)
  • မလိခ ။ မြန်မာစာပေအဘိဓာန်
  • U Thaung (Aung Bala) (1981) ။"Contemporary Burmese Literature". Contributions to Asian Studies. 16: 81–99
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.