ဂယ်လက်ဆီများ စာရင်း

အောက်တွင် ဖော်ပြထားသည်မှာ ထင်ရှားသော ကြယ်စင်စုများ စာရင်းဖြစ်သည်။ Local Groupတွင် ဂယ်လက်ဆီ ၅၁ခုခန့် ပါဝင်ပြီး ကျွနု်ပ်တို့ နယ်ခံ စူပါကလက်စတာအတွင်း ကြယ်စင်စု သိန်းချီရှိပြီး လေ့လာနိုင်သမျှ စကြာဝဠာတစ်ခုလုံးအတွင်း ခန့်မှန်းချေ ဘီလီယံ ၁၀၀၀မှ ၂၀၀၀ခန့် ရှိနိုင်သည်။ ကြယ်စင်စုများ၏ သဘာဝကို အခြား နက်ဗျူလာ(ကြယ်ကြားတိမ်တိုက်)များနှင့် ကွာခြားချက်ကို ၁၉၂၀ ခုနှစ်များတွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။

လူသိများသော ကြယ်စင်စုအချို့အား အရွယ်အစား(ဘယ်)နှင့် အကွာအဝေး(ညာ)အလိုက် ဖော်ပြထားသောပုံ။

သာမန်မျက်စိဖြင့် မြင်နိုင်သည့် ကြယ်စင်စုများ

ဤကြယ်စင်စုစာရင်းမှာ ကြည်လင်ရှင်းလင်းသောရာသီဥတုတွင် အမြင့်တစ်နေရာမှ နက်မှောင်သော ကောင်းကင်ယံသို့ သာမန်မျက်စိဖြင့် (မှန်ဘီလူးမသုံးဘဲ) အာရုံစူးစိုက်စွာ ကြည့်ရှုလေ့လာလျှင် မြင်နိုင်သည့် ကြယ်စင်စုများ ဖြစ်သည်။

Naked-eye Galaxies
ကြယ်စင်စု သိသာသော
အရွယ်အစား
အကွာအဝေး ကြယ်နက္ခတ်စု မှတ်စုများ
နဂါးငွေ့တန်း −၆.၅[မှတ်စု 1] 0 Sagittarius (centre) ဤကြယ်စင်စုသည် ကမ္ဘာဂြိုဟ်အပါအဝင် နေနှင့်နေအဖွဲ့အစည်းပါဝင်သော ကြယ်စင်စုဖြစ်သည်။ ကောင်းကံယံတွင် သာမန်မျက်စိဖြင့် မြင်ရသော အရာအများစုမှာ နဂါးငွေ့တန်း မှ ဖြစ်သည်။[1]
မာဂျယ်လာနစ် တိမ်တိုက်ကြီး ၀.၉ ၁၆၀ kly (၅၀ kpc) Dorado/Mensa တောင်ဘက် မိုးကုတ်စက်ဝိုင်းတွင်သာ မြင်နိုင်သည်။ညကောင်းကံယံတွင် အတောက်ပဆုံးတိမ်ဖြစ်သည်။[1][2][3]
မာဂျယ်လာနစ် တိမ်တိုက်ငယ် (NGC 292) ၂.၇ 200 kly (60 kpc) Tucana တောင်ဘက် မိုးကုတ်စက်ဝိုင်းတွင်သာ မြင်နိုင်သည်။[1][4]
အင်ဒရိုမီဒါ ဂလက်ဆီ (M31, NGC 224) ၃.၄ ၂.၅ Mly (၇၈၀ kpc) အင်ဒရိုမီဒါ တချိန်က "အင်ဒရိုမီဒါ နီဗျူလာကြီး"ဟု ခေါ်ခဲ့သော်လည်း အင်ဒရိုမီဒါ (ကြယ်နက္ခတ်စု)ထဲတွင် တည်ရှိသည်။[1][5]
ထရိုင်ဂူလယ် ဂယ်လက်ဆီ (M33, NGC 598) ၅.၇ ၂.၉ Mly (၉၀၀ kpc) ထရိုင်ဂူလယ် ကျယ်ပြောစွာ ပျံ့နှံ့နေသာအရာဖြစ်သဖြင့် ၎င်းအား မြင်နိုင်စွမ်းမှာ အလင်းညစ်ညမ်းမှု အနည်းငယ်ဖြင့်ပင် လွန်စွာ သက်ရောက်နိုင်သည်။ ကောင်းစွာ မှောင်မဲနေသော ကောင်းကင်တွင် သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော်လည်း ကျေးလက်/ဆင်ခြေဖုံး ကောင်းကင်ယံတွင်မူ ခက်ခဲစွာ မှိန်ဖျော့ဖျော့သာ မြင်ရသည်။[6]
စင်တောရပ် အေ (NGC 5128) ၆.၈၄ ၁၃.၇ Mly (၄.၂ Mpc) Centaurus စင်တောရပ် အေ အား စတီဖင် ဂျိန်းစ် အိုမီရာက သာမန်မျက်စိဖြင့် ရှာတွေ့ခဲ့သည်။[7]
Bode's Galaxy (M81, NGC 3031) ၆.၉၄ ၁၂ Mly (၃.၆ Mpc) Ursa Major အတွေ့အကြုံရင့် အပျော်တမ်း နက္ခတ္တပညာရှင်များပင် ထူးခြားကောင်းမွန်စွာ လေ့လာနိုင်သည့် အခြေအနေတွင် Messier 81 အား မြင်တွေ့နိုင်သည်။[8][9][10]
ပန်းပု ဂလက်ဆီ (NGC 253) ၇.၂ ၁၂ Mly (၃.၆ Mpc) Sculptor NGC 253 အား တီမို ကာဟူလာက ရိုးရိုးမျက်လုံးဖြင့် မြင်တွေ့ခဲ့သည်။[11]

ပထမဆုံး ရှာဖွေတွေ့ရှိမှုများ

ပထမ ကြယ်စင်စု ကြယ်နက္ခတ်စု ခုနှစ် မှတ်စုများ
ပထမဆုံး ခရုပတ်ပုံ ကြယ်စင်စု Messier 51 Canes Venatici ၁၈၄၅ Lord William Parsons, Earl of Rosse discovered the first spiral nebula from observing M51 (recognition of the spiral shape without the recognition of the object as outside the Milky Way).[12]
ကြယ်စင်စုကို သတိပြုမှု နဂါးငွေ့တန်း ဂယ်လက်ဆီ
& Messier 31
Sagittarius (centre)
& အင်ဒရိုမီဒါ]
၁၉၂၃ နဂါးငွေ့တန်းနှင့် အင်ဒရိုမီဒါ နီဗျူလာတို့အား သီးခြားကြယ်စင်စုနှစ်ခုအဖြစ် အက်ဒွင် ဟပ်ဘယ်က သတ်မှတ်ခြင်း
ပထမဆုံး Seyfertရှေးဖာ့ ကြယ်စင်စု NGC 1068 (M77) Cetus ၁၉၄၃
(၁၉၀၈)
ရှေးဖာ့ ကြယ်စင်စုများ၏ သွင်ပြင်လက္ခဏာများအား M77တွင် ၁၉၀၈တွင် ပထမဆုံး တွေ့ရှိခဲ့သော်လည်း ၁၉၄၃ခုနှစ်မှ အုပ်စုတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။[13]
ပထမဆုံး ရေဒီယို ကြယ်စင်စု Cygnus A Cygnus ၁၉၅၁ ရေဒီယို ကြယ်များအဖြစ် ခေါ်ခဲ့ကြသော Cygnus A ငန်းတာရာကို ရေဒီယိုလှိုင်းဖြင့် ရှာတွေ့သည့် ပထမဆုံးကြယ်စင်စုအဖြစ် ဖော်ထုတ်ခဲ့သည်။[14][15]
ပထမဆုံး ကွေဆာ 3C273 ဗာဂိုး ၁၉၆၂ 3C273 အား လှိုင်းအလျားပြောင်းလဲခြင်းနှင့်အတူ ပထမဆုံး ကွေဆာအဖြစ် အချို့က သတ်မှတ်ခဲ့ကြသည်။
3C48 ထရိုင်ဂူလယ် ၁၉၆၀ 3C48 သည် မဖတ်နိုင်သော ရောင်စဉ်ဖြင့် ပထမဆုံး ရေဒီယိုကြယ်ဖြစ်ပြီး အချို့က ပထမဆုံး ကွေဆာအဖြစ် သတ်မှတ်ခဲ့ကြသည်။
ပထမဆုံး အလင်းလွန် ဧရာမ ဂျက် 3C279 ဗာဂိုး ၁၉၇၁ ကွေဆာတစ်ခုမှ ထုတ်လွှတ်ခဲ့သော ဂျက်ဖြစ်သည်။
ပထမဆုံး မျက်နှာပြင်တောက်ပမှု နိမ့်သော ကြယ်စင်စု Malin 1 Coma Berenices ၁၉၈၆ Malin 1 မှာ ပထမဆုံး မျက်နှာပြင်တောက်ပမှု နိမ့်သော ကြယ်စင်စုအဖြစ် သတ်မှတ်ခဲ့ပြီး ယင်းတို့အာ ၁၉၇၆ခုနှစ်ထဲက ပထမဆုံးယူဆခဲ့ကြသည်။[16]
ရှေးဖာ့တစ်ခုမှ ပထမဆုံး အလင်းလွန် ဂျက် III Zw 2 Pisces[17] ၂၀၀၀ [18]

ကိုးကား

  1. Karen Masters (December 2003)။ Curious About Astronomy: Can any galaxies be seen with the naked eye? Ask an Astronomer 20 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2008 တွင် ပြန်စစ်ပြီး။
  2. Magellanic Cloud Astronomy Knowledge Base University of Ottawa 5 July 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. The Large Magellanic Cloud, LMC SEDS 23 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. The Small Magellanic Cloud, SMC SEDS 7 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. Messier 31 SEDS 19 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. John E. Bortle (February 2001)။ The Bortle Dark-Sky Scale Sky & Telescope 23 March 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2020 တွင် ပြန်စစ်ပြီး။
  7. The Revised AINTNO 100 5 January 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  8. Stephen Uitti။ Farthest Naked Eye Object 19 August 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2008 တွင် ပြန်စစ်ပြီး။
  9. Messier 81 SEDS 23 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  10. S. J. O'Meara (1998)။ The Messier Objects။ Cambridge University Press။ ISBN 978-0-521-55332-2
  11. 6 galaxies naked-eye simultaneously! 3 November 2019 တွင် ပြန်စစ်ပြီး။
  12. SEDS, Lord Rosse's drawings of M51, his "Question Mark" "Spiral Nebula" Archived 26 June 2015 at the Wayback Machine.
  13. SEDS, Seyfert Galaxies Archived 21 September 2013 at the Wayback Machine.
  14. "Baade & Minkowski's Identification of Radio Sources" (1999). Astrophysical Journal 525: 569. Bibcode: 1999ApJ...525C.569B.
  15. Baade, W. (1954). "Identification of the Radio Sources in Cassiopeia, Cygnus a, and Puppis a". The Astrophysical Journal 119. doi:10.1086/145812. Bibcode: 1954ApJ...119..206B.
  16. Scientific American, "The Ghostliest Galaxies", GD Bothun, Vol. 276, No. 2, February 1997, pp.40–45, Bibcode: 1997SciAm.276b..40B
  17. "Optical and Near-Infrared Calibration of AGN Field Stars: An All-Sky Network of Faint Stars Calibrated on the Landolt System" (2001). The Astronomical Journal 122 (4): 2055. doi:10.1086/322129. Bibcode: 2001AJ....122.2055G.
  18. Brunthaler, A. (2000). "III Zw 2, the first superluminal jet in a Seyfert galaxy". Astronomy & Astrophysics Letters 357: 45. Bibcode: 2000A&A...357L..45B.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.