သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက်
သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက် သည် နဂါးငွေ့တန်း ဂယ်လက်ဆီအနီးမှ ဂယ်လက်ဆီပုဖြစ်ပြီး[4] ပုံစံအတည်တကျမရှိသော ဂယ်လက်ဆီပုဟု ခွဲခြားသတ်မှတ်သည်။ ယင်းသည် အချင်းအားဖြင့် အလင်းနှစ် ၇၀၀၀ ခန့်ရှိပြီး[3] ကြယ်ပေါင်း မီလီယံရာချီကာ တည်ရှိသည်။[5] ထုထည်စုစုပေါင်းသည် နေထက် အဆပေါင်း ၇ ဘီလီယံ ကြီးမားသည်။[6] သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက်သည် တချိန်က ခရုတ်ပတ်ပုံစံ ဂလက်ဆီဖြစ်သည်ဟု တွက်ချက်ထားပြီး နဂါးငွေ့တန်း ဂလက်ဆီကြောင့် ပုံစံမမှန်သော ဂလက်ဆီဖြစ်ခဲ့သည်။[7] အလင်းနှစ် ၂၀၀,၀၀၀ အကွာမှ သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက်သည် နဂါးငွေ့တန်း၏ အနီးဆုံးအိမ်နီးချင်းဖြစ်ပေသည်။ ယင်းသည် သာမန်မျက်စိဖြင့်မြင်နိုင်သည့် အဝေးဆုံး အရာဝတ္ထုတစ်ခုလည်း ဖြစ်သည်။ မြို့ပြမီးအလင်းရောင်နှင့် ဝေးရာမှ ကြည့်ပါက အကောင်းဆုံးဖြစ်သည်။ သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက်သည် Local Group၏ အဖွဲ့ဝင်ဖြစ်သည်။
Small Magellanic Cloud | |
---|---|
သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက် | |
လေ့လာရေး ဒေတာ (J2000 epoch) | |
ကြယ်စုတန်း | Tucana and Hydrus |
ညာဘက် တိမ်းစောင်းမှု | 00° 52′ 44.8″[1] |
နိမ့်ဆင်းမှု | −72° 49′ 43″[1] |
အနီရောင်အရွေ့ | 158 ± 4 km/s[1] |
ကော့စမစ် အကွာအဝေး လှေကား | 197 ± 9 kly (61 ± 1 kpc)[2] |
ဂယ်လက်ဆီ ခွဲခြားမှု | SB(s)m pec[1] |
အရွယ်အစား (ly) | 7,000 ly (diameter)[3] |
ထောင့်ဖြတ် အချင်း (V) | 5° 20′ × 3° 5′[1] |
မြင်သာသော အရွယ်အစား (V) | 2.7[1] |
သိသာသော ဂုဏ်အင်များ | Companion dwarf to the နဂါးငွေ့တန်း ဂယ်လက်ဆီ |
အခြား ဂုဏ်သတ္တိများ | |
SMC,[1] NGC 292,[1] PGC 3085,[1] Nubecula Minor[1] | |
ကိုးကား
- NASA/IPAC Extragalactic Database။ Results for Small Magellanic Cloud။ 2006-12-01 တွင် ပြန်စစ်ပြီး။
- Hilditch, R. W. (2005). "Forty eclipsing binaries in the Small Magellanic Cloud: fundamental parameters and Cloud distance". Monthly Notices of the Royal Astronomical Society 357 (1): 304–324. doi: . Bibcode: 2005MNRAS.357..304H.
- "Magellanic Cloud." Encyclopædia Britannica. 2009. Encyclopædia Britannica Online. 30 Aug. 2009 <http://www.britannica.com/EBchecked/topic/356551/Magellanic-Cloud>.
- The Small Cloud of Magellan။ Astronomy Picture of the Day။ NASA (2006-06-17)။
- APOD: 2005 June 17 - The Small Cloud of Magellan
- NASA ADS - The total mass and dark halo properties of the Small Magellanic Cloud
- Staff။ Small magellanic Cloud။ NASA/IPAC။ 2008-07-07 တွင် ပြန်စစ်ပြီး။