ဂိုအာ

အိန္ဒိယကျွန်းဆွယ် အနောက်ဖက်ကမ်းခြေတွင် ရှိ၍ ပေါ်တူဂီတို့က ၁၅၁၀-ခုနှစ်တွင် သိမ်းပိုက်၍ အရှေ့တောင်အာရှရှိ ပေါ်တူဂီအင်ပါယာ၏ မြို့တော်အဖြစ် ပြုလုပ်ခဲ့သည်။ ပေါ်တူဂီဘုရင်ခံက အုပ်ချုပ်လျှက်ရှိ၍ စတုရန်းမိုင် ၃၁၉၅၀ မိုင် ကျယ်ဝန်းသည်။ လူဦးရေ အားလုံးလိုလိုမှာ တိုင်းရင်းသား ဟိန္ဒူများသာဖြစ်သည်။ သံရိုင်းနှင့် မက်ဂင်နီးစ် သတ္တုထွက်သည်။ သီဟိုဠ်သရက်စေ့၊ ဟင်းခတ်အမွေးအကြိုင်များကို ပို့ထုတ်သည်။ ပန်ဂျင်(နိုဗာဂိုအာ)မှာ မြို့တော်ဖြစ်သည်။[1]

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.