ငပလီကမ်းခြေ

ငပလီကမ်းခြေသည် သံတွဲမြို့မှ ၇ ကီလိုမီတာ (၄မိုင်)အကွာတွင် တည်ရှိသော အပန်းဖြေကမ်းခြေတစ်ခု ဖြစ်သည်။ ကမ်းခြေအလျား ၃ ကီလိုမီတာ (၂ မိုင်) ရှည်လျားကာ အိန္ဒိယသမုဒ္ဒရာသို့ မျက်နှာမူလျက် တည်ရှိသည်။

ငပလီ ကမ်းခြေ

ကမ်းခြေတစ်လျှောက် တည်ဆောက်ထားသော ဟိုတယ်အများအပြား၊ အပန်းဖြေစခန်းများနှင့် ဂေါက်ကွင်းများဖြင့် မြန်မာပြည်၏ အဓိက ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ရာ အဓိက နေရာတစ်ခုလည်း ဖြစ်သည်။ အဓိက ဆက်သွယ်ရေးလမ်းကြောင်းမှာ လေကြောင်း ဖြစ်၍ သံတွဲလေဆိပ် (ယခင် Sandoway လေဆိပ်) မှတဆင့် သွားရောက်နိုင်၍ မြန်မာ့လေကြောင်းအဲမန္တလေးရန်ကုန် လေကြောင်းလိုင်းနှင့် အဲပုဂံ တို့မှ သံတွဲသို့ ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိကြသည်။

တည်နေရာ

ငပလီကမ်းခြေသည် မြန်မာပြည်အနောက်ဖက် ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းတွင် တည်ရှိသည်။ ရန်ကုန်မြို့မှ အနောက်မြောက်ဖက် ၁၇၅ မိုင်အကွာတွင် ရှိသည်။ သံတွဲမြို့အနောက်ဖက် ၇မိုင်အကွာတွင် တည်ရှိသည်။

သမိုင်းကြောင်း

ငပလီကမ်းခြေစခန်းသည် ယခင်က ရွာကလေးဖြစ်သည်။ ငပလီဟူသော အမည်ကို ၁၈၂၆-ခုနှစ်၊ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး ရောက်ရှိလာသော အီတလီလူမျိုးများက အီတလီနိုင်ငံ၏ မြို့တစ်ခုဖြစ်သော နာပိုလီ (Napoli)မြို့ရှိ ကမ်းခြေနှင့်တူသောကြောင့် အစွဲပြု ခေါ်ဝေါ်ရာမှ ရခိုင်ပြည်သူတို့ စကားသံဖြင့် ငပလီဟူ၍ ဖြစ်လာသည်။ အီတလီစကားအရ အလွန်သာယာပြီး ရှုခင်းကောင်းလွန်းသောကြောင့် နေပလီဟု ခေါ်ကြသည်။

၂၀၁၄ တွင် သမ္မတ ဦးသိန်းစိန်လာရောက်ပြီးနောက်၊ ငပလီအား ရွာအဖြစ်မှ သီးခြားမြို့နယ် ငပလီမြို့နယ် အဖြစ် သံတွဲမြို့နယ်မှ ခွဲထုတ်ကာ ပြန်လည် ဖွဲ့စည်းခဲ့သည်။

ငပလီ ခရီးသွားလုပ်ငန်းမှာ ကိုလိုနီခေတ်မှ စတင်ခဲ့ပြီး၊ ယခုတိုင် ကမ္ဘာပေါ်တွင် ကျော်ကြားဆဲ ခရီးသွားနေရာတစ်ခုဖြစ်သည်။ ယခင်က အစိုးရပိုင် ငပလီဟိုတယ် တစ်ခုသာ ရှိပြီး၊ ၂၀၀၈ နောက်ပိုင်းတွင် ပုဂ္ဂလိကပိုင် ဟိုတယ်များစွာပေါ်ပေါက်လာခဲ့သည်။

ဆက်သွယ်ရေး

ငပလီတွင် အော်တို အိတ်ချိန်းAuto Exchange တယ်လီဖုန်း ဆက်သွယ်ရေးစခန်း ရှိသည်။ ၂၀၁၂ နောက်ပိုင်းတွင် ADSL အင်တာနက်လိုင်းများ ငပလီတွင်ချပေးသည်။

ငပလီဝန်းကျင်ရှိ ရွာများ

ငပလီကမ်းခြေအား ကမ်းခြေမြို့အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သောအခါ ဤကျေးရွာများသည် ငပလီမြို့၏ရပ်ကွက်များဖြစ်လာခဲ့သည်။ ငပလီကမ်းရိုးတမ်းတွင် ချိုင်များစွာရှိပြီး၊ ချိုင်တစ်ခုချင်းစီရှိရွာများကို အစွဲပြုပြီးချိုင်များ၏ အမည်ကို မှည့်ခေါ်ကြသည်။

ကမ်းခြေ

ကမ်းခြေအလျား ၃ ကီလိုမီတာ (၂ မိုင်) ရှည်လျားကာ အိန္ဒိယသမုဒ္ဒရာသို့ မျက်နှာမူလျက် တည်ရှိသည်။

ရေသူမရုပ်ထု

လွတ်လပ်ရေး မော်ကွန်းဝင် စာရေးဆရာကြီး ရာမညကိုကိုနိုင်သည် ၁၉၇၄ ခုနှစ်၊ ဧပြီလ ၌ ငပလီကမ်းခြေ အဏ္ဏဝါရိပ်သာရှေ့ ကျောက်ဆောင်တွင် အမြင့်ခြောက်ပေရှိ ရေသူမ (ရခိုင် ခေါ် ရီသူမ) ရုပ်ထုကို လေးရက်နှင့် သုံးညတိုင်တိုင် အပင်ပန်းခံ ထုလုပ်ခဲ့သည်။

လူရည်ချွန်စခန်း

မြန်မာ့လူရည်ချွန် များအတွက်လူရည်ချွန်စခန်းရှိပြီး၊ ၂၀၁၂ နောက်ပိုင်းတွင် သိမ်းဆည်းခံရကာ၊ ဟော်တယ်အဖြစ်ပြောင်းလဲခံခဲ့ရသည်။

နာလန်ထစခန်း

ငပလီတွင် တိုက်ပွဲတွင်ဒါဏ်ရာရ၍ မသန်စွမ်းဖြစ်သော တပ်မတော်သားများအတွက် အနားယူစခန်းရှိသည်။

ငပလီဂေါက်ကွင်း

ငပလီဂေါက်ကွင်းမှာ မြန်မာပြည်တွင် ထူးခြားသော ကမ်းရိုးတမ်းကပ်လျက်ရှိ ဂေါက်ကွင်းတစ်ခုဖြစ်ပြီး။ ထိန်းသိမ်းမှု ကင်းမဲ့လျက်ရှိသည်။

ငပလီ ဝန်းကျင်ရှိကျွန်းများ

ငပလီအနီးတွင် ကျွန်းများစွာရှိပြီး အများအားဖြင့်လူနေထိုင်ကြသည်။ အကြီးဆုံးကျွန်းမှာ ပုလဲကျွန်း ခေါ် အပေါ်ရည်ကျွန်း ရှိသည်။ ၎င်းကျွန်းတွင် ပုလဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည်။ ယခု ထိုစခန်းအား ဖျက်သိမ်းပြီး ဖြစ်သည်။

ရေလှောင်တမံများ

ငပလီအနီးရှိရွာများမှာ ကမ်းရိုးတမ်းအနီးတွင် ရေချိုရရန်ခက်ခဲရာ၊ ရေလှောင်တမံများကို အားထားရသည်။ အထင်ကရရေလှောင်ကန်မှာ ငှက်ပျောချောင်းဆည် ဖြစ်သည်။ ဂျိတ္တောရွာရှိ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော ဒေါင်းသောက်တောင်ဆည် တစ်ခုရှိသည်။

လျှပ်စစ်မီး ရရှိမှု

လျှပ်စစ်မီးမှာ အစိုးတည်ဆောက်ထားသ ည ၁၀နာရီထိ သံတွဲမြို့မှ တစ်ဆင့်ဖြန့်ဖြူးသည်။ ၂၀၁၅ တွင် ကျောက်ဖြူမြို့မှ ဓာတ်ငွေ့သုံးတာဘိုင်ဖြင့် ၂၄နာရီ ဖြန့်ဖြူးပေးလျှက် ရှိသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.