ငြိမ်းချမ်းအောင် (ဘောလုံးသမား)

ငြိမ်းချမ်းအောင်(၁၈ ဩဂုတ် ၁၉၉၆ ခုနှစ်) ဘောလုံးသမားတစ်ဦးဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းတွင် အလယ်တန်းနေရာတွင် ကစားလျက်ရှိသည်။ သူကို မြစ်ကြီးနားမြို့ကချင်ပြည်နယ်တွင် မွေးဖွားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် သူကို မြန်မာ အမျိုးသား ဘောလုံးအသင်းတွင် ကစားရန် ဖိတ်ခေါ်ခံခဲ့ရပြီး ပထမဆုံးကစားခဲ့သော ၂၀၁၄ AFC ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မော်လဒိုက်နိုင်ငံနှင့်ပွဲတွင် တစ်ဂိုးသွင်းခဲ့သည်။ နိုင်ငံလက်ရွေးစင် အသင်းများအဆင့်ဆင့်တွင် မကစားမှီ ပထမဆုံး မြန်မာ ယူ-၁၆ အသင်းတွင် AFF ယူ-၁၆ လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပါဝင်ကစားခဲ့သည်။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၂၀၁၄ AFC ယူ-၁၉ ချန်ပီယံရှစ်တွင် ငြိမ်းချမ်းအောင်သည် ၃ ဂိုး သွင်းယူခဲ့သည်။ သူကို ကီးပလေယာတစ်ယောက်အဖြစ် မှတ်ယူခံခဲ့ရပြီး မြန်မာအသင်းကို ဖီဖာ ယူ-၂၀ ကမ္ဘာဖလားသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ မြန်မာ ယူ-၁၉ ကစားသမားများထဲတွင် သူသည် ထူးချွန်သော ကစားသမားတစ်ဦးဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မနေမြေအသင်းနှင့် စာချုပ်ချုပ်ခဲ့သည်။ ၂၀၁၄ နိုဝင်ဘာ ၁ ရက်နေ့တွင် သူသည် ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြောင်းရွေ့ခဲ့သည်။

ငြိမ်းချမ်းအောင်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ငြိမ်းချမ်းအောင်
မွေးသက္ကရာဇ် (1996-08-18) ၁၈ ဩဂုတ်၊ ၁၉၉၆
မွေးရပ်ဇာတိ မြစ်ကြီးနားမြို့ကချင်ပြည်နယ် မြန်မာ
အရပ်အမြင့် ၁.၇၄ m (၅ ft   in)
ကစားသည့်နေရာ အလယ်တန်း(တိုက်စစ်)
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရန်ကုန်ယူနိုက်တက်
အင်္ကျီနံပါတ်
လူငယ်ဘဝကလပ်များ
၂၀၁၁-၂၀၁၂ မန္တလေးဘောလုံးအကယ်ဒမီ
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၁၁-၂၀၁၄ မနောမြေ
၂၀၁၄- ရန်ကုန်ယူနိုက်တက်[1]
နိုင်ငံကိုယ်စားပြုအသင်း
၂၀၁၁ မြန်မာ ယူ-၁၆ (၀)
၂၀၁၃-လက်ရှိ မြန်မာ ယူ-၁၉ ၁၄ (၈)
၂၀၁၄-လက်ရှိ မြန်မာ ယူ-၂၂ (၀)
၂၀၁၄-လက်ရှိ မြန်မာ အမျိုးသား ဘောလုံးအသင်း (၁)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး အောက်တိုဘာ ၂၀၊ ၂၀၁၄အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ အောက်တိုဘာ ၂၀၊ ၂၀၁၄ အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ဂုဏ်ပြုဆုများ

  • 2014 Hassanal Bolkiah Trophy


ကိုးကား

  1. "Yangon United signed Myanmar International Nyein Chan Aung(in Burmese)"၊ Yangon United Official Website၊ 1 November 2014။


ပြင်ပလင့်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.