ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း

ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းသည် မြန်မာဘောလုံးအသင်းဖြစ်ပြီး အိမ်ကွင်းမှာ ရန်ကုန်ယူနိုက်တက် အားကစားကွန်ပလပ်ဖြစ်ကာ ရန်ကုန်မြို့တွင် တည်ရှိသည်။ အသင်းပိုင်ရှင်မှာ မြန်မာ့စီးပွားေရး လုပ်ငန်းရှင်ကြီးဖြစ်သူ ဦးတေဇဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ် စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့ကြသော အသင်းရှစ်သင်းထဲမှ တစ်သင်းလည်းဖြစ်သည်။ လိဂ်စတင်ကျင်းပခဲ့သည် ၂၀၀၉ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်း၏ အကြီးမားဆုံးပြိုင်ဘက်အသင်းမှာ ရတနာပုံ ဘောလုံးအသင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်
Yangon United FC
အသင်းအမည်ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း
အခြားအမည်The Pussycats
တည်ထောင်နှစ်၂၀၀၉ (၂၀၀၉)
အိမ်ကွင်းရန်ကုန်ယူနိုက်တက် အားကစားကွန်ပလပ်
(လူဝင်ဆံ့မှု: ၃,၅၀၀)
ပိုင်ရှင်ဦးတေဇ[1]
ဥက္ကဋ္ဌပြည့်ဖြိုးတေဇ[2]
မန်နေဂျာမျိုးမင်းထွန်း
ကစားသည့်လိဂ်မြန်မာ နေရှင်နယ် လိဂ်
၂၀၁၅မြန်မာနေရှင်နယ်လိဂ်၊ ပထမ
ဝက်ဘ်ဆိုဒ်Club home page
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
လက်ရှိ ရာသီ

သမိုင်း

ရန်ကုန်ယူနိုက်တက်အသင်းကို တရားဝင်တည်ထောင်သော ခုနှစ်မှာ ၂၀၀၉ ခုနှစ်ဖြစ်သော်လည်း ယခင်မြန်မာလိဂ်မှာကတည်းက စတင်ဖွဲ့စည်းခဲ့သော အဲယားပုဂံဘောလုံးအသင်းကို ပြောင်းလဲဖွဲ့စည်းထားခြင်း ဖြစ်သည်။ [3]

၁၆ မေလ ၂၀၀၉ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်၏ ပထမဆုံးအဖွင့်ပွဲစဉ်၌ ရန်ကုန်ယူနိုတက်အသင်းသည် ဇေယျာရွှေမြေ ဘောလုံးအသင်းအား ၄–၀ ဖြင့် အနိုင်ရခဲ့သည်။ ထိုနှစ်ရာသီအပြီးတွင် ရန်ကုန်ယူနိုက်တက်သည် ၁၆ မှတ်ဖြင့် ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။ နောက်ဆုံးဖိုင်နယ်ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်သည် ရတနာပုံအသင်းနှင့် ၂–၂ သရေကျနေရာမှ ပယ်နတီအဆုံးအဖြတ်တွင် ရှုံးနိမ့်ခဲ့ရသည်။

ယခင် အမှတ်တံဆိပ် (၂၀၀၉-၂၀၁၈)

လိဂ်နှင့် ပြည်တွင်းဖလားအောင်မြင်မှုများ

ဘောလုံးရာသီ လိဂ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း (ယခင် မြန်မာဘောလုံးအဖွဲ့ချုပ်ဖလား) ဂိုးအများဆုံးသွင်းသူ မန်နေဂျာ
Div. Pos. Pl. W D L GS GA P အမည် ဂိုးအရေအတွက်
၂၀၀၉–၁၀ 1st ၁၄ ၂၄ ၁၆ ၂၃
၂၀၁၀ 1st ၂၀ ၁၁ ၄၄ ၁၂ ၃၉
၂၀၁၁ 1st ၂၂ ၁၇ ၅၀ ၁၅ ၅၄ ဖလားရရှိ
၂၀၁၂ 1st ၂၆ ၁၈ ၆၄ ၂၅ ၆၀ ဆီမီးဖိုင်နယ် ဆီဇာ ၁၅ အီဗန်ကိုးလဲ့ဗ်
၂၀၁၃ 1st ၂၂ ၁၅ ၄၂ ၂၀ ၄၉ Cancelled ဆီဇာ ၂၀
၂၀၁၄ 1st ၂၂ ၁၄ ၆၀ ၂၂ ၄၆ ကွာတားဖိုင်နယ် ဆီဇာ ၂၆ အဲရစ်ဝီလျံ
၂၀၁၅ 1st ၂၂ ၁၇ ၆၂ ၂၈ ၅၄ ဒုတိယအကျော့ ဆီဇာ ၂၈ ဦးတင်မောင်ထွန်း/ ဂျီဆစ်
၂၀၁၆ 1st
၂၀၁၇ 1st
၂၀၁၈ 1st
၂၀၁၉ 1st

ဂုဏ်ပြုဆုတံဆိပ်များ

မြန်မာနေရှင်နယ်လိဂ် (၄)
၂၀၁၁၂၀၁၂၂၀၁၃၂၀၁၅
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဖလား (၁)
၂၀၁၁

အာရှ ဘောလုံးအဖွဲ့ချုပ်ဖလားဆိုင်ရာ မှတ်တမ်း

ဘောလုံးရာသီ ပြိုင်ပွဲ အုပ်စုအကျော့ ဘောလုံးကလပ် အိမ်ကွင်း အဝေးကွင်း ရလဒ်
၂၀၁၂ အေအက်ဖ်စီဖလား အုပ်စု (ဆ) ​ချောင်ဘူရီ ၁–၁ ၀–၁ စတုတ္ထ
စီတီဇင် ၁–၂ ၁–၂
အိမ် ယူနိုက်တက် ၀–၀ ၁–၃
၂၀၁၃ အေအက်ဖ်စီဖလား အုပ်စု (စ) ​​ရောင်ခြည်သစ် ၂–၀ ၁–၃ ဒုတိယ
ဆန်ဟိုင်း ၂–၀ ၃–၁
ပါဆီဘို ၃–၀ ၇–၁
၁၆ သင်းအဆင့် အ​​ရှေ့ဘင်​ဂေါ ၁–၅
၂၀၁၄ အေအက်ဖ်စီဖလား အုပ်စု (ဆ) ဗစ်ဆိုင်းနင်ဘင်း ၁–၄ ၂–၃ ဒုတိယ
​တောင်တရုတ် ၂–၀ ၃–၅
ကီလန်တန် ၅–၃ ၃–၂
၁၆ သင်းအဆင့် ပါဆီပူရာ ဂျာရာပူရာ ၂–၉
၂၀၁၆ အာရှ ချန်ပီယံလိဂ် ​​ခြေစစ်ပွဲ ဒုတိယအဆင့် ​ချောင်ဘူရီ ၂–၃ (အချိန်ပို)
အေအက်ဖ်စီဖလား အုပ်စု (ဆ) ​တောင်တရုတ် ၂–၁ ၁–၂ တတိယ
မာဇီယာ ၃–၂ ၁–၁
မိုဟမ်ဘေဂန် ၁–၁ ၂–၃
၂၀၁၈ အေအက်ဖ်စီဖလား အုပ်စု (ဆ) ဘာလီယူနိုက်တက် ၃-၂ ၃–၁ ပထမ
သန်ဟွာ ၂–၁ ၃–၃
ဂလိုဘယ်ဆီဘူး ၃–၀ ၁–၂
အာဆီယံဇုန်အကြိုဗိုလ်လုပွဲ ဆီရက်စ်နီဂရို့စ် ၃–၂ ၂-၄ ရှုံး

ကမကထပြုကုမ္ပဏီ

ဘောလုံးရာသီ အားကစားဝတ်စုံ စပွန်ဆာ
၂၀၁၃ Grand Sport အဲပုဂံ
၂၀၁၄ Grand Sport အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်
၂၀၁၅ Grand Sport First National Insurance
၂၀၁၆ Grand Sport အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်

ကစားသမားများ

First-team squad

[4] Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

No.   နေရာ   ကစားသမား
1 GK ကျော်ဇင်ထက်
2 DF ဇာနည်ထက်
3 DF ဇော်မင်းထွန်း
6 MF ကျော်မင်းဦး
7 FW ကျော်ကိုကို
9 FW သန်းပိုင်
10 MF ကြည်လင်း
11 MF ကောင်းဆတ်နိုင်
13 DF သိန်းဇော်
14 FW အောင်ကျော်ထွေး
15 FW Sekou Sylla
16 DF နန်းဝေမင်း
No.   နေရာ   ကစားသမား
18 FW သန်းထက်အောင်
19 MF ရန်လင်းအောင်
21 MF ဇွန်မိုးအောင်
22 GK အောင်ဝေဖြိုး
23 DF ပြည့်ဖြိုးအောင် (ဘောလုံးသမား)
24 MF ကျော်ထူး
25 MF ရန်အောင်ကျော်
26 MF သီဟဇော်
27 DF သီဟထက်အောင်
28 MF မင်းကျော်ခန့်
30 GK နေလှိုင်း
33 GK ဝေလင်းအောင်
MF ငြိမ်းချမ်းအောင်
75 GK ဆန်းဆက်နိုင်
88 FW Emmanuel

ကိုးကား

  1. Han Oo Khin (March 9–15, 2009). "New era for football". Archived 15 February 2012 at the Wayback Machine.
  2. Yokohama F. Marinos sign pact with Myanmar's Yangon United goal.com (2013-10-15)။ 2013-10-15 တွင် ပြန်စစ်ပြီး။
  3. Thomas Kean (May 25–31, 2009). "Footballers from abroad at home in Myanmar". Archived 13 March 2012 at the Wayback Machine.
  4. First Team


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.