စစ်ကိုင်းခေတ်
စစ်ကိုင်းခေတ် (၁၃၁၅-၁၃၆၄) သည် ပုဂံခေတ် ပျက်သုဉ်းပြီးနောက် ဖြစ်ထွန်းလာသော၊ မြန်မာ အလယ်ပိုင်းဒေသ ဧရာဝတီမြစ် အနောက်ပိုင်းရှိ နိုင်ငံငယ် တစ်ခု ဖြစ်သည်။ စစ်ကိုင်းသည် ဧရာဝတီမြစ် အရှေ့ပိုင်းကို လွှမ်းမိုးသော၊ ပင်းယနှင့် နိုင်ငံပြိုင် ဖြစ်သည်။ ဤနိုင်ငံကို အသင်္ခယာ စောယွန်း က ၁၃၁၅ခု တွင်၊ တည်ထောင်ခဲ့သည်။ ၁၃၆၄ ခု တွင်၊ မောရှမ်းတို့ ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကိုင်းနှင့် ပင်းယ နိုင်ငံများ ပျက်စီးခဲ့သည်။ ထိုနှစ်တွင်ပင်၊ အသင်္ခယာ စောယွန်း၏ မြေး သတိုးမင်းဖျား (သတိုးမင်းဘုရား) က အင်းဝခေတ်ကို တည်ထောင်သည်။
စစ်ကိုင်းမင်းဆက်
- (၁) အသင်္ခယာ စောယွန်း (၁၃၁၅-၁၃၂၃)
- (၂) တရဖျားကြီး (၁၃၂၃-၁၃၃၆)
- (၃) ရွှေတောင်တက် (၁၃၃၆-၁၃၄၀)
- (၄) ကျော်စွာမင်း (စစ်ကိုင်း) (၁၃၄၀-၁၃၅၀)
- (၅) နော်ရထာ မင်းရဲ (၁၃၅၀)
- (၆) တရဖျားငယ် (၁၃၅၀-၁၃၅၃)
- (၇) မင်းပြောက် သီဟပတေ့ (၁၃၅၃-၁၃၆၄)
ဆက်စပ်သော နိုင်ငံများ
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.