တရဖျားငယ်

ဆင်ဖြူရှင် တရဖျား (၁၃၂၇–၁၃၅၂) သည် စစ်ကိုင်းမင်းဆက် ဘုရင်တစ်ပါးဖြစ်ပြီး ၁၃၄၉ မှ ၁၃၅၂ အထိ ထီးနန်းစိုးစံခဲ့သည်။ သူသည် ပင်းယနှင့် ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ခဲ့သည်။

တရဖျား အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် တရဖျား (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
တရဖျားငယ်
ဆင်ဖြူရှင် တရဖျား
စစ်ကိုင်းဘုရင်
နန်းသက်c. နိုဝင်ဘာ ၁၃၄၉ – ၂၃ ဖေဖော်ဝါရီ ၁၃၅၂
ရှေ့မင်းဆက်နော်ရထာ မင်းရဲ
ဆက်ခံသူသီဟပတေ့
ဝန်ကြီးချုပ်နန္ဒပကြံ
မွေးဖွား၁၂ အောက်တိုဘာ ၁၃၂၇
မြန်မာသက္ကရာဇ် ၆၈၉၊ သီတင်းကျွတ်လဆုတ် ၁၁ ရက်၊ တနင်္လာ
စစ်ကိုင်းမြို့စစ်ကိုင်းနေပြည်တော်
ကွယ်လွန်၂၃ ဖေဖော်ဝါရီ ၁၃၅၂ (အသက် ၂၄)
မြန်မာသက္ကရာဇ် ၇၁၃၊ တပေါင်းလဆန်း ၉ ရက်၊ ကြာသပတေး
စစ်ကိုင်းမြို့၊ စစ်ကိုင်းနေပြည်တော်
စံအိမ်မြင်စိုင်း
ခမည်းတော်အသိင်္ခယာ စောယွန်း
မယ်တော်စောနှောင်း
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

အကျဉ်းချုပ်

တရဖျားငယ်သည် စစ်ကိုင်းဘုရင် အသိင်္ခယာ စောယွန်းနှင့် မိဖုရားခေါင် စောနှောင်းတို့၏ အငယ်ဆုံးသားတော် ဖြစ်သည်။ ဖခင်ကွယ်လွန်ပြီးနောက် ရှစ်လအကြာတွင် မွေးဖွားခဲ့သည်။ ဦးရီးတော် တရဖျားကြီးက စောနှောင်းအား မိဖုရားခေါင်အဖြစ် လက်ထပ်ပြီး ထီးနန်းကို စိုးစံခဲ့သည်။[1][2] တရဖျားငယ်သည် အသက် ၈ နှစ်အရွယ်အထိ စစ်ကိုင်းနန်းတော်တွင် ကြီးပြင်းခဲ့သည်။ ၁၃၃၅/၃၆ တွင် ဝမ်းကွဲဖြစ်သူ ရွှေတောင်တက်၏ ထီးနန်းသိမ်းပိုက်မှုကြောင့် တရဖျားငယ်နှင့် သူ၏ အခြားမောင်နှမသုံးဦးတို့သည် မင်းတုန်းမြို့သို့ ပုန်းရှောင်ခဲ့ကြရသည်။[2] မိခင်နှင့် ဝန်ကြီးချုပ် နန္ဒပကြံတို့၏ အကူအညီဖြင့် သုံးနှစ်ကြာ ပုန်းခိုခဲ့ကြရပြီး ပုန်းခိုနေမှု ပေါ်ပေါက်သွားပြီးနောက် ၁၃၃၉ တွင် စစ်ကိုင်းသို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံရသည်။[3] သို့သော် ရွှေတောင်တက်နှင့် တရဖျားကြီး၏ သစ္စာခံများ တိုက်ခိုက်ကြပြီးနောက် ရွှေတောင်တက်နှင့် တရဖျားကြီး နှစ်ဦးစလုံး အသတ်ခံခဲ့ရသည်။ ယင်းနောက် နန္ဒပကြံက ကျစွာအား ထီးနန်းတင်ခဲ့သည်။[3]

တိုင်းပြည်အား နန္ဒပကြံမှ စီမံအုပ်ချုပ်နေသဖြင့် တရဖျားငယ်သည် သူ၏ နောင်တော် နော်ရထာ မင်းရဲ ကဲ့သို့ပင် ကျစွာဘုရင်၏ ထီးနန်းကာလတွင် အရေးပါသည့် နေရာတွင် မရှိခဲ့ပေ။[4] သို့သော်လည်း ကျစွာဘုရင်နှင့် မင်းရဲတို့ ကွယ်လွန်ပြီးနောက် ၁၃၄၉ နှောင်းပိုင်းတွင် ဘုရင် ဖြစ်လာခဲ့သည်။[4] တရဖျားငယ်သည် နောင်တော်မင်းရဲ၏ ဆင်ဖြူတော်ကို ဆက်လက်ဆက်ခံကာ ဆင်ဖြူရှင် အဖြစ် ခံယူခဲ့သည်။[4]

တရဖျားငယ်၏ နန်းသက်သည် နှစ်နှစ်ကျော် ကြာခဲ့သည်။ သူသည် စစ်ကိုင်းထီးနန်း၏ အစဉ်အဆက် ပြိုင်ဖက်ဖြစ်သော ပင်းယနှင့် ဆက်ဆံရေးကို သတိကြီးစွာ ကိုင်တွယ်ခဲ့သည်။ ၁၃၅၁ ခုနှစ်တွင် ရမည်းသင်းမြို့စား စွာစော်ကဲသည် ဘုရင်လေးစီးရှင် ကျော်စွာထံမှ ထွက်ပြေးလာပြီး လာရောက်ခိုလှုံခဲ့သည်။[5] ၁၃၄၉ တွင် ပင်လယ်မြို့စား ကန်းနီ နော်ရထာကို နော်ရထာမင်းရဲ ခိုလှုံခွင့်ပေးခြင်း၏ နောက်ဆက်တွဲဖြစ်သည်။[6] သို့သော် တရဖျားငယ်သည် အစ်မတော် စိုးမင်းနှင့် ခင်ပွန်းဖြစ်သူ သတိုးဆင်ထိန်းတို့အား လေးစီးရှင် ကျော်စွာထံ စေလွှတ်ကာ စစ်ပြေငြိမ်းစေရန် ကြိုးပမ်းခဲ့ရာ အောင်မြင်ခဲ့ပြီး နှစ်ပြည်ထောင်ငြိမ်းချမ်းရေး ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။[7] မကြာမီ တရဖျားငယ် ကွယ်လွန်ခဲ့ပြီး ထီးနန်းကို စိုးမင်းကိုယ်တော်ကြီး၏ ဒုတိယခင်ပွန်း၊ တရဖျားငယ်၏ ယောက်ဖတော်သူ သီဟပတေ့က ၁၃၅၂ ဖေဖော်ဝါရီ ၂၃ တွင် ရယူခဲ့သည်။[8]

ရာဇဝင်ကျမ်းများ၏ ကွဲလွဲမှုများ

မြန်မာရာဇဝင်ကျမ်းများတွင် တရဖျားငယ်၏ မွေးဖွားရက်နှင့် ကွယ်လွန်ရက်များ ကွဲလွဲလျက်ရှိသည်။

ရင်းမြစ် မွေးဖွား–ကွယ်လွန် အသက် နန်းသက် ထီးနန်းသက်တမ်း ကိုးကား
ဇာတာတော်ပုံ ရာဇဝင် ၂၀ အောက်တိုဘာ ၁၃၃၇ – ၁၃၅၅ ၁၇ ၁၃၅၂–၁၃၅၅ [note 1]
ဇာတာတော်ပုံ ရာဇဝင် (partially reconciled) ၁၂ အောက်တိုဘာ ၁၃၂၇ – ၁၃၅၅ ၂၇
မဟာရာဇဝင်ကြီး c. ၁၃၃၁–၁၃၅၄/၅၅ ၂၃ ၁၃၅၂/၅၃–၁၃၅၄/၅၅ [9]
မဟာရာဇဝင်သစ် c. ၁၃၂၀ – ၂၃ ဖေဖော်ဝါရီ ၁၃၅၂ ၃၁ ၁၃၄၉/၅၀ – ၂၃ ဖေဖော်ဝါရီ ၁၃၅၂ [8]
မှန်နန်း ရာဇဝင် c. ၁၃၂၁ – ၁၁ ဖေဖော်ဝါရီ ၁၃၅၃ ၁၃၄၉/၅၀ – ၁၁ ဖေဖော်ဝါရီ ၁၃၅၃ [note 2]

မျိုးရိုး

မှတ်စုများ

  1. (ဇာတာ၊ ၁၉၆၀၊ စာ ၄၃၊ ၇၁) says he was born on Monday, 25th nekkhat of the 9th month of 699 ME (11th waning of Thadingyut 699 ME = 20 October 1337), which is clearly a typographical error since (1) his father Saw Yun was already dead by the full moon of Tabaung 688 ME (5 February 1327) per inscriptional evidence (Than Tun 1959: 126); and (2) Zata (Zata 1960: 43) itself (incorrectly) says Saw Yun died in 692 ME (29 March 1330 to 28 March 1331). He was likely born ten years earlier than reported in Zata; 11th waning of Thadingyut 689 ME (Monday, 12 October 1327), about eight months after his father's death.
  2. (မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၁–၃၉၂) says Minbyauk Thihapate ascended to the throne on Thursday, 9th waxing of Tabaung 714 ME (11 February 1353), which is a typographical error. The Yazawin Thit chronicle (Yazawin Thit Vol. 1 012: 175–176), which Hmannan referenced, says Thursday, 9th waxing of Tabaung 713 ME (23 February 1352). The 1353 date is inconsistent with Hmannan's own reporting a page later that Thihapate was dethroned in his 13th year of reign in April 1364 (Kason 726 ME). It means he came to power in 1352, not 1353. The actual date per (Than Tun 1959: 127) was as reported in Yazawin Thit, 23 February 1352.

ကိုးကား

  1. သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၆
  2. မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၈၉
  3. မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၀
  4. မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၁
  5. မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၄၀၃
  6. မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၈၀
  7. မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၈၄–၃၈၅
  8. မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅–၁၇၆
  9. မဟာရာဇဝင်ကြီး၊ အတွဲ ၁၊ ၂၀၀၆၊ ၂၇၁

ကျမ်းကိုးစာစုများ

  • Royal Historians of Burma (c. ၁၆၈၀)။ ဦးလှတင် (လှသမိန်) (ed.)။ ဇာတာတော်ပုံ ရာဇဝင် (၁၉၆၀ ed.)။ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်ရုံး။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • မဟာစည်သူ (၁၇၉၈)။ မြင့်ဆွေ (ပထမအကြိမ်)၊ ကျော်ဝင်းနှင့် သိန်းလှိုင် (ဒုတိယအကြိမ်) (eds.)။ မဟာရာဇဝင်သစ်၁–၃ (၂၀၁၂၊ ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။ Cite uses deprecated parameter |editors= (အကူအညီ)
  • တော်ဝင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေး ဝန်ကြီးဌာန။
  • သန်းထွန်း (ဒီဇင်ဘာ ၁၉၅၉). "History of Burma: A.D. 1300–1400" XLII.
တရဖျားငယ်
မွေးဖွား ၁၂ အောက်တိုဘာ ၁၃၂၇ ကွယ်လွန် ၂၃ ဖေဖော်ဝါရီ ၁၃၅၂
Regnal titles
ယခင်က
နော်ရထာ မင်းရဲ
စစ်ကိုင်းဘုရင်
c. နိုဝင်ဘာ ၁၃၄၉ – ၂၃ ဖေဖော်ဝါရီ ၁၃၅၂
ဆက်ခံသူ
သီဟပတေ့
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.