ကျစွာ (စစ်ကိုင်း)

ကျစွာ (ကျော်စွာ၊ ၁၃၂၃–၁၃၄၉) သည် စစ်ကိုင်းမင်းဆက်တွင် ဘုရင်တစ်ပါးဖြစ်ပြီး ၁၃၃၉ မှ ၁၃၄၉ ခုနှစ်အထိ စိုးစံခဲ့သည်။ အသင်္ခယာ စောယွန်း၏ သားတော်ကြီးဖြစ်ပြီး နန္ဒပကြံမှ နန်းတင်ပေးခဲ့သည်။

စစ်ကိုင်း ကျစွာ
စစ်ကိုင်းဘုရင်
နန်းသက်c. ဩဂုတ် ၁၃၃၉ – c. မတ် ၁၃၄၉
ရှေ့မင်းဆက်ရွှေတောင်တက်
ဆက်ခံသူနော်ရထာ မင်းရဲ
ဝန်ကြီးချုပ်နန္ဒပကြံ
မွေးဖွား၉ ဧပြီ ၁၃၂၃
မြန်မာသက္ကရာဇ် ၆၈၅၊ ကဆုန်လဆန်း ၄ ရက်၊ စနေ
စစ်ကိုင်းမြို့စစ်ကိုင်းနေပြည်တော်
ကွယ်လွန်c. မတ် ၁၃၄၉ (အသက် ၂၅)
c. မြန်မာသက္ကရာဇ် ၇၁၀၊ နှောင်းတန်ခူး
စစ်ကိုင်းမြို့၊ စစ်ကိုင်းနေပြည်တော်
ကြင်ရာတော်စောပအို
သားသမီးများစောစလာ
စံအိမ်မြင်စိုင်း
ခမည်းတော်အသင်္ခယာ စောယွန်း
မယ်တော်စောနှောင်း
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
ကျစွာ အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ကျစွာ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

အစောပိုင်းဘဝ

စစ်ကိုင်းဘုရင် အသင်္ခယာ စောယွန်းနှင့် မိဖုရား စောနှောင်းတို့မှ ၁၃၂၃ ခုနှစ် ဧပြီ ၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။[1] သားသမီးလေးဦးအနက် ဒုတိယမြောက်ဖြစ်ပြီး ပင်းယဘုရင် တစ်စီးရှင် သီဟသူနှင့် ပုဂံဘုရင် ကျော်စွာတို့၏ မြေး ဖြစ်သည်။ ဖခင် စောယွန်းသည် ၁၃၂၇ ခုနှစ် ဖေဖော်ဝါရီတွင် ကွယ်လွန်ခဲ့သည်။[2] သားတော်ကြီးဖြစ်သူ ကျစွာသည် လေးနှစ်အရွယ်ခန့်သာ ရှိသေးရာ ဦးရီးတော် တရဖျားကြီးက စောနှောင်းအား မိဖုရားခေါင်အဖြစ် လက်ထပ်ပြီး ထီးနန်းကို စိုးစံခဲ့သည်။[3] စောယွန်း၏ သားတော်ကြီးနှင့် တရဖျား၏ မိဖုရားခေါင် စောနှောင်း၏ သားတော်ကြီးဖြစ်သော ကျစွာအား ကြီးပြင်းလာချိန်တွင် ထီးနန်းပြန်လည်ပေးအပ်ရန် တရဖျားကြီး စီစဉ်ခဲ့ခြင်းရှိမရှိကို တိကျစွာ မသိရှိရပေ။

၁၃၃၅/၃၆ တွင် တရဖျားကြီး၏ သားတော်ဖြစ်သူ ရွှေတောင်တက်မှ ဖခင်အား နန်းချပြီး ထီးနန်းကို သိမ်းပိုက်ခဲ့သည်။[2] သားသမီးများ၏ အသက်အန္တရာယ်စိုးရိမ်ရမှုကြောင့် စောနှောင်းသည် သားသမီးများ (နှင့် သမီးတော်ကြီး စိုးမင်းကိုယ်တော်ကြီး၏ ခင်ပွန်းဖြစ်သူ သတိုးဆင်ထိန်း) အား ဝန်ကြီးချုပ်ဖြစ်သူ နန္ဒပကြံ၏ အကူအညီဖြင့် မင်းတုန်းမြို့သို့ ပို့ဆောင်ခဲ့သည်။[3] သုံးနှစ်အကြာထိ နန္ဒပကြံအား ဆိတ်ဆိတ်နေရန် လာဘ်ထိုးခဲ့သည်။[4]

နန်းတက်ခြင်း

ရွှေတောင်တက်သည် ကျစွာတို့အား မင်းတုန်းသို့ ပို့ဆောင်ထားခြင်းကို သိရှိပြီးနောက် ၁၃၃၉ ခုနှစ်တွင် မင်းတုန်းသို့ စစ်တပ်နှင့်တကွ ရောက်ရှိလာပြီး စစ်ကိုင်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။[4] သို့သော် နန်းတော်သို့ ပြန်ရောက်ချိန်တွင် တရဖျားကြီး၏ သစ္စာခံများက ထကြွပုန်ကန်ကာ ရွှေတောင်တက်အား လုပ်ကြံလိုက်ကြသည်။[4] ယင်းနောက် ကျစွာအား နန္ဒပကြံမှ ထီးနန်းတင်ပေးခဲ့သည်။[5] ကျစွာသည် သီရိတြိဘဝနာဒီတျ ပဝါရ ဓမ္မရာဇာ ဘွဲ့ခံယူကာ ထီးနန်းရယူခဲ့သည်။[5]

ထီးနန်းအုပ်ချုပ်ခြင်း

ကျစွာဘုရင် ထီးနန်းရယူပြီးနောက် နန္ဒပကြံအား ဝန်ကြီးချုပ်နှင့် စစ်သေနာပတိအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။ ၁၆ နှစ်အရွယ်သာရှိသေးသူ ကျစွာဘုရင်သည် နန္ဒပကြံအား တိုင်းပြည်ကို စီမံခွင့် ပြုပေးခဲ့သည်။ ကျစွာဘုရင်လက်ထက်တွင် တိုင်းပြည်သည် ငြိမ်းချမ်းခဲ့သည်။ ပင်းယ ဥဇနာ၏ သမီးတော် စောပအို ကို လက်ထပ်ခြင်းဖြင့် စစ်ကိုင်း၏ မြစ်တစ်ဖက်ကမ်း ပင်းယနှင့် ငြိမ်းချမ်းရေး ရယူနိုင်ခဲ့သည်။[6] (၁၃၄၀ နှင့် ၁၃၄၄ ခုနှစ်အကြား ငါးစီးရှင် ကျော်စွာမှ ပင်းယဥဇနာအား တိုက်ထုတ်ခဲ့ချိန်အထိ နှစ်ပြည်ထောင် ငြိမ်းချမ်းရေး တည်မြဲခဲ့သည်။) မြောက်ပိုင်းရှိ ရှမ်းပဒေသရာဇ်ပြည်နယ်များသည်လည်း မွန်ဂိုများနှင့် တိုက်ပွဲဝင်နေရသည့်အတွက် ၁၃၅၀ နှောင်းပိုင်းတွင်မှ အလယ်ပိုင်း မြန်မာပြည်ထောင်များကို ဝင်ရောက်လာခဲ့ကြသည်။[7]

ကျစွာဘုရင်၏ နန်းသက်သည် ၉ နှစ်ကျော်ကြာခဲ့သည်။ တူးဖော်ရရှိသော ကျောက်စာများသည် ကျစွာဘုရင်လက်ထက် ထူးခြားကြောင်းရာများ ရေးထွင်းထားသည်ကို မတွေ့ရှိရပေ။ မင်းတုန်းနှင့် စစ်ကိုင်းအကြားတွင် ကျစွာဘုရင်နှင့် မိဖုရားနှစ်ပါး မြေနှင့် ဘုန်းကြီးကျောင်းလှူဒါန်းခဲ့ရာ သမန္တဘုရားတွင် ကျောက်စာတစ်ခုကို ၁၃၄၃/၄၄ တွင် ကျစွာဘုရင်မှ ရေးထိုးခဲ့သည်။[5] ကျောက်စာတွင် မင်းတုန်းတွင် ပုန်းခိုနေရပုံနှင့် ရွှေတောင်တက် လာရောက်တိုက်ခိုက်ပုံများကို ရေးထိုးထားသည်။[6] အခြား ခေတ်ပြိုင်ကျောက်စာတစ်ခုတွင် ကျစွာဘုရင်သည် သူ၏ တူတော် ရာဟုလာမင်းသား (နောင်တွင် သတိုးမင်းဖျားဘုရင်) အား ၁၃၄၇ ခုနှစ် ဇန်နဝါရီ ၂၄ တွင် လက်ဆောင်ပန္နာများ ပေးအပ်ခဲ့ကြောင်း ရေးထိုးထားသည်။[8] ကျစွာဘုရင်သည် ၁၃၄၉ ခုနှစ် မတ်လ (ခန့်မှန်း) တွင် ကွယ်လွန်ခဲ့သည်။[note 1]

မိသားစု

ကျစွာမင်းတွင် အနည်းဆုံး မိဖုရား နှစ်ပါးရှိခဲ့သည်။[5] မိဖုရား စောပအိုနှင့် မွေးဖွားခဲ့သော သမီးတော် စောစလာ သည် နောက်ပိုင်းတွင် ဥဇနာပြောင်၏ မိဖုရား ဖြစ်လာခဲ့သည်။[6]

ရာဇဝင်ကျမ်းများ၏ ကွဲလွဲမှုများ

မြန်မာရာဇဝင်ကျမ်းများတွင် ကျစွာဘုရင်၏ မွေးဖွားရက်၊ ကွယ်လွန်ရက်နှင့် ထီးနန်းသက်တမ်းများ ကွဲလွဲလျက်ရှိသည်။

ရင်းမြစ် မွေးဖွား–ကွယ်လွန် အသက် နန်းသက် ထီးနန်းသက်တမ်း ကိုးကား
ဇာတာတော်ပုံ ရာဇဝင် ၉ ဧပြီ ၁၃၂၃ – ၁၃၄၄ ၂၀ ၁၃၃၉–၁၃၄၄ [note 2]
မဟာရာဇဝင်ကြီး c. ၁၃၂၄–၁၃၄၄/၄၅ ၁၃၃၉/၄၀–၁၃၄၄/၄၅ [9]
မဟာရာဇဝင်သစ် c. ၁၃၁၈–၁၃၄၉/၅၀ ၃၁ ၁၃၃၉/၄၀–၁၃၄၉/၅၀ ၁၀ [note 3]
မှန်နန်း ရာဇဝင်

မျိုးရိုး

မှတ်စုများ

  1. ခေတ်ပြိုင်ကျောက်စာများတွင် ကျစွာဘုရင် ကွယ်လွန်ချိန်နှင့် နော်ရထာ မင်းရဲ နန်းတက်ချိန်အကြား ရက်သတ္တပတ်အနည်းငယ် ကွာဟနေခြင်းကို ညွှန်းပြနေသည်။ ကျောက်စာတစ်ခု (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇) တွင် ကျစွာဘုရင်သည် မြန်မာသက္ကရာဇ် ၇၁၀ (၂၉ မတ် ၁၃၄၈ မှ ၂၈ မတ် ၁၃၄၉ ထိ) တွင် ကွယ်လွန်သည်ဟု ဆိုသည်။ နော်ရထာမင်းရဲ ကိုယ်တိုင် စိုက်ထူခဲ့သော ကျောက်စာ (မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅၊ အောက်ခြေမှတ်စု ၂) တွင် နော်ရထာမင်းရဲသည် မြန်မာသက္ကရာဇ် ၇၁၁ (၂၉ မတ် ၁၃၄၉ မှ ၂၈ မတ် ၁၃၅၀ ထိ) တွင် ထီးနန်းတက်သည်ဟု ဆိုထားသဖြင့် မြန်မာသက္ကရာဇ် ၇၁၁ တန်ဆောင်မုန်းလဆုတ် ၁၃ ရက် (၈ နိုဝင်ဘာ ၁၃၄၉) ထိ သက်ရှိထင်ရှား ရှိနေကြောင်း သိရသည်။ စိုးမင်းကိုယ်တော်ကြီး၏ ကျောက်စာ (မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅−၁၇၆) တွင် ကျစွာဘုရင်ကို ဆက်ခံသူ နော်ရထာ မင်းရဲသည် မြန်မာသက္ကရာဇ် ၇၁၁ တွင် ၇ လကြာ ထီးနန်းရခဲ့ပြီး အာဏာရလာသည်မှာ မြန်မာသက္ကရာဇ် ၇၁၁၊ တန်ခူးလဆုတ် ၁၄ ရက် (၁၇ ဧပြီ ၁၃၄၉) ထက် မစောနိုင်ကြောင်း ညွှန်းပြနေသည်။ သို့သော် (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇) တွင် ကိုးကားထားသည့် ကျောက်စာသည် တိကျပြီး ကျစွာဘုရင် ကွယ်လွန်ရက်သည် မြန်မာသက္ကရာဇ် ၇၁၀ ၏ နောက်ဆုံးရက် ၂၈ မတ် ၁၃၄၉ ထက် နောက်မကျပေ။
  2. Zata's horoscope section (Zata 1960: 70) says he was born on Saturday, 4th nekkhat of the 1st month of 658 ME. But 658 ME is a typographical error since Zata's own regnal lists section (Zata 1960: 43) says he was born in 685 ME. Saturday, 4th waxing of Kason 685 ME = 9 April 1323.
  3. See (Yazawin Thit Vol. 1 2012: 174) and (Hmannan Vol. 1 2003: 391) for the chronicles' death year and implied birth year for Kyaswa. Yazawin Thit rejects earlier chronicles' birth date of 1323/24, and pushes it to c. 1318 because it (Yazawin Thit Vol. 1 2012: 173) has Saw Yun dead by 30 April 1322 (Friday, 1st waning of Kason 684 ME). Yazawin Thit and Hmannan, which follows Yazawin Thit, are incorrect according to a contemporary inscription (Than Tun 1959: 126), which shows that Saw Yun died on or before 5 February 1327 (Full moon of Tabaung 688 ME). This means Yazawin Thit's "correction" was most probably unwarranted, and Kyaswa likely was born in 1323/24 as reported in earlier chronicles.

ကိုးကား

  1. ဇာတာ၊ ၁၉၆၀၊ စာ ၄၃၊ ၇၀
  2. သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၆
  3. မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၈၉
  4. မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ ၃၉၀
  5. မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၁
  6. သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇
  7. သန်းထွန်း၊ ၁၉၆၄၊ စာ ၂၇၈
  8. မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅၊ အောက်ခြေမှတ်စု ၉
  9. မဟာရာဇဝင်ကြီး၊ အတွဲ ၁၊ ၂၀၀၆၊ စာ ၂၇၁

ကျမ်းကိုးစာစုများ

  • Royal Historians of Burma (c. ၁၆၈၀)။ ဦးလှတင် (လှသမိန်) (ed.)။ ဇာတာတော်ပုံ ရာဇဝင် (၁၉၆၀ ed.)။ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်ရုံး။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • မဟာစည်သူ (၁၇၉၈)။ မြင့်ဆွေ (ပထမအကြိမ်)၊ ကျော်ဝင်းနှင့် သိန်းလှိုင် (ဒုတိယအကြိမ်) (eds.)။ မဟာရာဇဝင်သစ်၁–၃ (၂၀၁၂၊ ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။ Cite uses deprecated parameter |editors= (အကူအညီ)
  • တော်ဝင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေး ဝန်ကြီးဌာန။
  • သန်းထွန်း (ဒီဇင်ဘာ ၁၉၅၉). "History of Burma: A.D. 1300–1400" XLII.
  • သန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ရန်ကုန်: မဟာဒဂုံ။
ကျစွာ (စစ်ကိုင်း)
မွေးဖွား ၉ ဧပြီ ၁၃၂၃ ကွယ်လွန် c. မတ် ၁၃၄၉
Regnal titles
ယခင်က
ရွှေတောင်တက်
စစ်ကိုင်းဘုရင်
c. ဩဂုတ် ၁၃၃၉ – c. မတ် ၁၃၄၉
ဆက်ခံသူ
နော်ရထာ မင်းရဲ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.