စည်သူဘွဲ့
စည်သူဘွဲ့ သည် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ငါးမျိုးတွင်အပါအဝင်ဖြစ်ပြီး ပဉ္စမတန်းစားဘွဲ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။
ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ
- အဂ္ဂမဟာသရေစည်သူ
- သတိုးမဟာသရေစည်သူ
- မဟာသရေစည်သူ
- သရေစည်သူ
- စည်သူ ဘွဲ့တို့ဖြစ်ကြသည်။
အမှတ်စဉ် ၁ ကိုများသောအားဖြင့် နိုင်ငံတော်သမ္မတကြီးများ၊ စော်ဘွားကြီးများ ကိုသာချီးမြှင့်လေ့ရှိသည်။အမှတ်စဉ် ၂ ကိုတပ်မတော်အရာရှိကြီးများ ပြည်ထောင်စုဖြစ်မြောက်ရေးတွင်ပါဝင်ကြိုးပမ်းခဲ့ကြသောတိုင်းရင်းသားခေါင်းဆောင်များ တရားလွှတ်တော်ဝန်ကြီးချုပ်များ ကိုသာချီးမြှင့်လေ့ရှိသည်။
ချီးမြှင့်ခြင်း
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊
သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းရှည့်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[1]
စည်သူဘွဲ့ ရရှိခဲ့သူများ
စည်သူဘွဲ့ ရရှိခဲ့သော မြန်မာနိုင်ငံသားများ-
- ဦးတင်(၁၈၉၀-၁၉၇၂) (ဗိသုကာပညာရှင်)
- ဦးညွှန့်
- ဦးသန့်
- ဦးစံဖေ
- ဦးချို
- စောရှီးရှိုး (ခေါ်) ဆင်မြူယယ်ရှီးရှိုး - တပ်မတော် (လေ) လေတပ်ဦးစီးချုပ် (၁၉၄၉)[2]
- ပညာမင်းကြီး ဦးကောင်း (မြန်မာနိုင်ငံသမိုင်း ကော်မရှင်)
- ဘခင်
- မောင်မောင်ကျော်
- ဗိုလ်မှူးချုပ် တင်ဖေ
- ဦးအောင်ရွှေ
- ကရင်ပြည်နယ်ဝန်ကြီး မစ္စစ်ဘမောင်ချိန် (ပထမဆုံး မြန်မာပြည် အမျိုးသမီး ဝန်ကြီး)[3]
- မြတ်ထန်
- ဝမ်းကိုဟော
- ဗိုလ်မှူးကြီးကိုကို
- ဒေါက်တာသော်ကောင်း (စာကြည့်တိုက် ပညာရှင်)
- ဗိုလ်ကလေးတင့်အောင်
- ရွှေနန်းတင်
- မင်းနောင်
- မောင်မောင်ကြီး
- အကယ်ဒမီ မြင့်မြင့်ခင် (ရုပ်ရှင်သရုပ်ဆောင်)
- တင်တင်မြ
- ထား
- သင်းသင်းမြတ်
- လယ်တွင်းသား စောချစ်
အခြားကြည့်ရန်
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
- https://www.bbc.com/burmese/burma-43669609
- https://www.bbc.com/burmese/in-depth-46747952