စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်နိုင်ငံ
စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်နိုင်ငံသည် အန်တေးလ်ကျွန်းငယ်များ အစုအဝေးတွင် ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီ: လေညာကျွန်းများ၏ တောင်ဘက်အပိုင်းတွင် ရှိကြသည်။ ထိုနေရာမှာ ကာရစ်ဘီယံ ပင်လယ်၏ အတ္တလန္တိတ် သမုဒ္ဒရာနှင့် ထိစပ်နေသော အရှေ့ဘက် နယ်နိမိတ်၏ တောင်ဘက် အစွန်းတွင် တည်ရှိသည်။ ၎င်း၏ ၃၈၉-စတုရန်း ကီလိုမီတာ (၁၅၀ စတုရန်းမိုင်) ကျယ်ဝန်းသော နယ်မြေတွင် ကျွန်းမကြီး ဖြစ်သော စိန့်ဗင်းဆင့် ကျွန်းနှင့် ဂရိနေဒိုင်ကျွန်းများ၏ မြောက်ဘက် ၃ ပုံ ၂ပုံ ပါဝင်သည်။ ဂရိနေဒိုင်ကျွန်းများသည် ကျွန်းငယ်ကလေးများ ဖြစ်ကြပြီး စိန့်ဗင်းဆင့်ကျွန်းမှ ဂရိနေဒေါနိုင်ငံ အထိ တောင်ဘက်သို့ ဆန့်လျက် တည်ရှိကြသည်။ စိန့်ဗင်းဆင့်၏ မြောက်ဘက်တွင် စိန့်လူစီယာနိုင်ငံ ရှိပြီး အရှေ့ဘက်တွင် ဘာဘေးဒိုးစ်နိုင်ငံ ရှိသည်။ စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်သည် လူဦးရေ သိပ်သည်းမှု အလွန်များပြီး လူဦးရေ ၁ သိန်း ၂ သောင်းမျှ ရှိကာ ၁ စတုရန်း ကီလိုမီတာတွင် လူဦးရေ ၃၀၀ မျှ နေထိုင်ကြသည်။ မြို့တော်မှာ ကင်းစ်တောင်းမြို့ ဖြစ်ပြီး အဓိက ဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်သည် ပြင်သစ်နှင့် ဗြိတိသျှတို့၏ ကိုလိုနီနယ်မြေ ဖြစ်ခဲ့ဖူးသော သမိုင်းကြောင်း ရှိခဲ့ပြီး ယခုအခါတွင် အရှေ့ကာရစ်ဘီယံနိုင်ငံများ အစည်းအရုံး၊ CARICOM ၊ ဓနသဟာယနိုင်ငံများ အဖွဲ့နှင့် အမေရိကား ဘိုလီးဗေးရီးယန်း မဟာမိတ် အဖွဲ့တို့တွင် ပါဝင်သည်။
စိန့်ဗင်းဆင့်နှင့်ဂရိနေဒိုင် | |||||
---|---|---|---|---|---|
| |||||
ဆောင်ပုဒ်: ငြိမ်းချမ်းရေးနှင့် တရားမျှတရေး | |||||
နိုင်ငံတော် သီချင်း: စိန့်ဗင်းဆင့်မြေ အလွန်လှသည် | |||||
![]() | |||||
မြို့တော် နှင့် အကြီးဆုံးမြို့ | ကင်းစ်တောင်းမြို့ | ||||
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ် | ||||
အမျိုးအစား | ဖက်ဒရယ် ပါလီမန် ဒီမိုကရေစီ နှင့် စည်းမျဉ်းခံ ဘုရင်စနစ် | ||||
အစိုးရ | |||||
• ဘုရင်မ | အဲလိဇဘက် ၂ | ||||
• ဘုရင်ခံချုပ် | ဆာ ဖရက်ဒရစ် ဘောလန်တိုင်း | ||||
• ဝန်ကြီးချုပ် | ရပ်ဖ် ဂွန်ဆာ့ဖ် | ||||
တည်ထောင် | |||||
• လွတ်လပ်ရေး ကြေငြာခြင်း (ယူကေမှ) | အောက်တိုဘာ ၂၇၊ ၁၉၇၉ | ||||
ဧရိယာ | |||||
• စုစုပေါင်း | ၃၈၉ km² (၁၅၀ sq mi) (အဆင့်: ၁၉၈) | ||||
• ရေထု (%) | မပြောပလောက် | ||||
လူဦးရေ | |||||
• ခန့်မှန်း | ၁၂၀,၀၀၀(၂၀၀၈) (အဆင့် - ၁၈၂) | ||||
• သိပ်သည်းမှု | ၃၀၇/km² (၇၉၂/sq mi) (အဆင့် - ၃၉) | ||||
GDP (PPP) | ခန့်မှန်း | ||||
• စုစုပေါင်း | ၁.၀၆၉ ဘီလီယံ[1] | ||||
• Per capita | US $၉,၉၇၆ | ||||
HDI | ![]() မြင့် · ၉၁ | ||||
ငွေကြေး | အရှေ့ ကာရစ်ဘီယံ ဒေါ်လာ | ||||
တယ်လီဖုန်းကုဒ် | +၁-၇၈၄ | ||||
Internet TLD | .vc |
ကိုးကား
- Saint Vincent and the Grenadines။ International Monetary Fund။ 2010-04-21 တွင် ပြန်စစ်ပြီး။