ဆလိုဗားကီးယားနိုင်ငံ
ယခင်ချက်ကိုဆလိုဗားကီးယား သမ္မတနိုင်ငံ၏ပြည်နယ်တစ်ခုဖြစ်သော ယခုဆလိုဗားကီးယားနိုင်ငံသည် မြောက်ဘက်၌ ပိုလန်နိုင်ငံ၊ အရှေ့ဘက်၌ ရူမေးနီးယားနိုင်ငံ၊ တောင်ဘက်၌ ဟန်ဂေရီ၊ အနောက်ဘက်၌ မိုရေးဗီးယားနိုင်ငံတို့ဖြစ်သည်။ အကျယ်အဝန်း အားဖြင့် စတုရန်မိုင် ၁၈၉၂၁ မိုင်ရှိ၍၊ လူဦးရေ ၃၅ဝဝဝဝ ခန့်ရှိသည်။ ဆလိုဗားကီးယား၊ အရှေ့ဘက်အစွန်နှင့် အနောက် ဘက်အစွန်တို့မှတစ်ပါး ကျန်နေရာများတွင် တောတောင်ထူထပ်သည်။
ဆလိုဗက်သမ္မတနိုင်ငံ | |||||
---|---|---|---|---|---|
| |||||
နိုင်ငံတော် သီချင်း: "Lightning Over the Tatras" | |||||
![]() | |||||
မြို့တော် နှင့် အကြီးဆုံးမြို့ | ဘရာတစ်လာဗာ | ||||
ရုံးသုံး ဘာသာစကားများ | ဆလိုဗက် | ||||
အမျိုးအစား | ပါလီမန် သမ္မတစနစ် | ||||
အစိုးရ | |||||
• သမ္မတ | ဇုဇနား ချာပူးတိုးဗွာ | ||||
• ဝန်ကြီးချုပ် | အီဂွါ မတိုးဗီ | ||||
တည်ထောင် | |||||
• ချက်ကိုစလိုဗက်ကီးယား | ၁၉၁၈ အောက်တိုဘာ ၂၈ | ||||
• ဆလိုဗက်သမ္မတနိုင်ငံ | ၁၉၉၃ ဇန်နဝါရီ ၁ ရက် | ||||
ဧရိယာ | |||||
• စုစုပေါင်း | ၁၈,၉၃၂ စတုရန်းမိုင် (၄၉,၀၃၅ km²) (အဆင့်: ၁၂၉) | ||||
• ရေထု (%) | မပြောပလောက် | ||||
လူဦးရေ | |||||
• ခန့်မှန်း | ၅,၄၄၀,၀၇၈[1] (အဆင့် - ၁၁၁) | ||||
• သိပ်သည်းမှု | ၁၁၁/km²(၂၈၇/sq mi) (အဆင့် - ၈၈) | ||||
GDP (PPP) | ခန့်မှန်း | ||||
• စုစုပေါင်း | US $၁၂၀.၇၅၈ ဘီလီယံ[2] | ||||
• Per capita | US $၂၂,၂၆၇[2] | ||||
HDI | ![]() အလွန်မြင့် · 31 | ||||
ငွေကြေး | ယူရို € | ||||
အချိန်ဇုန် | +၁ (နွေရာသီ) +၂ | ||||
တယ်လီဖုန်းကုဒ် | +၄၂၁ | ||||
Internet TLD | .sk |
မြေနိမ့်လွင်ပြင်များတွင် လယ်ယာစိုက်ပျိုးလုပ်ကိုင်ကြ၍ တောင်တန်းဒေသတွင် သစ်ခုတ်ခြင်းနှင့် သိုးဆိတ်မွေးမြူခြင်း တို့ကို လုပ်ကိုင်ကြသည်။ မြို့တော်မှာ ဗရတစ်ဆလားဗားဖြစ်၍၊ လူဦးရေမှာ ၁၉၄၇ ခုနှစ် သန်ကောင်စာရင်းအရ ၁၇၂၆၆၄ ယောက်ခန့်ရှိသည်။ ဆလိုဗက်လူမျိုးများမှာ ဆလဗအဆက် အနွယ်များဖြစ်ကြ၍၊ ရှေးရိုးဓလေ့ထုံးစံများကို ရိုသေလေးစား လိုက်နာတတ်ကြသည်။ လူများစုမှာ လယ်ယာလုပ်ငန်းကို ပင်ပန်းကြီးစွာ လုပ်ကိုင်ခြင်းဖြင့် အသက်မွေးမြူကြရသည်။[4]
ကိုးကား
- Statistics Slovakia. Retrieved 30-06-2011.
- Slovakia။ International Monetary Fund။ 20 February 2011 တွင် ပြန်စစ်ပြီး။
- Human Development Report 2010။ United Nations (2010)။ 5 November 2010 တွင် ပြန်စစ်ပြီး။
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)