ဆော်လမွန်အိုင်းလန်းနိုင်ငံ

ဆော်လမွန်အိုင်းလန်း နိုင်ငံ သို့မဟုတ် ဆော်လမွန်ကျွန်းစုသည် အိုရှန်းနီးယားတွင် ရှိသော အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ပါပူအာနယူးဂီနီနိုင်ငံ ၏ အရှေ့ဘက်တွင် ရှိပြီး ကျွန်းစုပေါင်း ၁၀၀၀ ခန့် ပါဝင်သည်။ မြေနေရာအားဖြင့် ၁၀,၉၆၅ စတုရန်းမိုင် (၂၈,၄၀၀ စတုရန်းကီလိုမီတာ) ခန့် ရှိသည်။ မြို့တော်ဖြစ်သော ဟိုနီအာရာမြို့သည် ဂွာဒယ်ကနဲလ် ကျွန်းပေါ်တွင် တည်ရှိသည်။ ဆော်လမွန်အိုင်းလန်း သည် ဓနသဟာယနိုင်ငံများအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။

ဆော်လမွန်အိုင်းလန်း
Solomon Islands
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: ခေါင်းဆောင်ခြင်းသည် တာဝန်ထမ်းရန်အတွက်
နိုင်ငံတော် သီချင်း: ဘုရားသခင် ကျွန်ုပ်တို့ ဆော်လမွန်အိုင်းလန်းကို ကယ်တင်ပါ
မြို့တော်
နှင့် အကြီးဆုံးမြို့
ဟိုနီအာရာမြို့
ရုံးသုံး ဘာသာစကားများအင်္ဂလိပ်
အမျိုးအစားပါလီမန် စနစ် နှင့် စည်းမျဉ်းခံ ဘုရင်စနစ်
အစိုးရ
 ဘုရင်မ
အဲလိဇဘက် ၂
 ဘုရင်ခံချုပ်
ဖရန့် ကာဘူအီ
 ဝန်ကြီးချုပ်
ဒန်နီ ဖီးလစ်
တည်ထောင်
 လွတ်လပ်ရေး ကြေငြာခြင်း
(ယူကေမှ)
ဇူလိုင် ၇၊ ၁၉၇၈
ဧရိယာ
 စုစုပေါင်း
၂၈,၄၀၀ km² (၁၀,၉၆၅ sq mi) (အဆင့်: ၁၄၂)
 ရေထု (%)
၃.၂
လူဦးရေ
 ခန့်မှန်း
၅၂၃,၀၀၀ (၂၀၀၉) (အဆင့် - ၁၇၀)
 သိပ်သည်းမှု
၁၈.၁/km² (၄၆.၉/sq mi) (အဆင့် - ၁၈၉)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
၁.၅၁၄ ဘီလီယံ
 Per capita
US $၂,၈၁၈
HDI ၀.၆၁၀
အလယ် · ၁၃၅
ငွေကြေးဆော်လမွန်အိုင်းလန်း ဒေါ်လာ
အချိန်ဇုန်+၁၁
တယ်လီဖုန်းကုဒ်+၆၇၇
Internet TLD.sb

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.