တီရာနာတိရစ္ဆာန်ဥယျာဉ်

တီရာနာတိရစ္ဆာန်ဥယျာဉ်သည် အယ်လ်ဘေးနီးယားနိုင်ငံတီရာနာမြို့တော်တွင်တည်ရှိသော တိရစ္ဆာန်ဥယျာဉ်ဖြစ်သည်။ ၁၉၆၆ခုနှစ်တွင် တည်ထောင်သည်။ ၂၀ဝ၆ခုနှစ်၊ ဧပြီလ၁၄ရက်တွင် နယ်သာလန်နိုင်ငံတွင် အယ်လ်ဘေးနီးယားနှင့် ဒတ်ချ်တို့ တွေ့ဆုံဆွေးနွေးမှုအရ တီရာနာ တိရစ္ဆာန်ဥယျာဉ်၏ လာမည့်နှစ်နှစ်တာအတွက်စီမံကိန်းကို ရေးဆွဲအကောင် အထည်ဖော်ရန်သဘောတူညီမှု ရရှိသည်။ [1]

တီရာနာတိရစ္ဆာန်ဥယျာဉ်မှ ခြင်္သေ့

တီရာနာတိရစ္ဆာန်ဥယျာဉ်သည် အယ်လ်ဘေးနီးယားနိုင်ငံ၏ တစ်ခုတည်းသောတိရစ္ဆာန်ဥယျာဉ်ဖြစ်ပြီး ဒေသဆိုင်ရာအစိုးရ (တီရာနာမြူနီစီပါယ်)မှ အုပ်ချုပ်သည်။ တိရစ္ဆာန်ဥယျာဉ်အတွင်း မွေးမြူပြသထားသောတိရစ္ဆာန်များတွင် ဝက်ဝံနှစ်ကောင်၊ ခြင်္သေ့နှစ်ကောင်၊ လားမားလ်ကုလားအုတ်ပုခြောက်ကောင်၊ လင်းယုန်ငှက်တစ်ကောင် (အယ်လ်ဘေးနီးယားနိုင်ငံ၏ အမျိုး သားသင်္ကေတ)၊ မျောက်လေးကောင်၊ မြေခွေးများ၊ ဝံပုလွေများ၊ ငန်းများ ပါဝင်သည်။ တီရာနာမြို့၏ ဂရင်းန်ပါ့ခ်အတွင်း တွင် တည်ရှိသည်။ တိရစ္ဆာန်ဥယျာဉ်သည် အရည်အသွေးပြည့်ဝသော ဝန်ထမ်းများ ရှားပါးသည်။ လာရောက်ကြည့်ရှုသူ များသည် ဥယျာဉ်အတွင်းမှတိရစ္ဆာန်များ၏အခြေအနေကို ကျေနပ်ခြင်း မရှိကြပေ။ ပျမ်းမျှအားဖြင့်တစ်ပတ်လျှင် လူသုံးရာ ခန့် တိရစ္ဆာန်ဥယျာဉ်သို့ အလည်လာကြသည်။[2]


ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.