အယ်လ်ဘေးနီးယားနိုင်ငံ

အယ်လ်ဘေးနီးယားနိုင်ငံ၏ တရားဝင်အမည်မှာ အယ်လ်ဘေးနီးယား သမ္မတနိုင်ငံဖြစ်သည်။ အယ်လဗေးနီးယားနိုင်ငံသည် ဗော် လကန်ကျွန်းဆွယ်တွင် အေဒြီယက်တစ်ပင်လယ် အရှေ့ဘက် ကမ်းခြေတစ်လျှောက်၌ တည်ရှိသော နိုင်ငံ _တခုဖြစ်၍ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၁ယဝဝဝ ရှိသည်။ ကျဉ်း မြောင်းသော ပင်လယ်ကမ်းမြောင်ဒေသမှလွဲ၍ နိုင်ငံတစ်ခုလုံး သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ဝဝဝ ကျော် မြင့်သော တောင်ကုန်းထူထပ်သည့်ဒေသဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားတို့သည် အသွားအလာခဲယဉ်းသော တောင်တန်းများ တွင် မိမိတို့စပ်ဆိုင်ရာ မျိုးတူစုများဖွဲ့၍ တသီးတခြားစီ နေထိုင်ကြသည်။ ထွန်ယက်စိုက်ပျိုးရာ၌ နွားဖြင့်ထွန်ယက် စိုက်ပျိုးလျက်ပင်ရှိ၍ တစ်နေရာမှတစ်နေရာသို့ သွားလာသည့် အခါ၌လည်း နွားလှည်း၊ ဝန်တင်မြင်းနှင့် မြည်း တို့ကိုပင် အသုံးပြုလျက်ရှိကြသည်။ သို့ဖြစ်၍ အယ်လဗေးနီးယား နိုင်ငံသားတို့သည် ခေတ်မှီတိုးတက်မှု၌ နှောင့်နှေးလျက်ရှိသေး သည်ဟု ဆိုနိုင်သည်။

အယ်လ်ဘေးနီးယား သမ္မတနိုင်ငံ
Republic of Albania
Republika e Shqipërisë
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "You Albania, give me honor, give me the name Albanian"
နိုင်ငံတော် သီချင်း: "Hymn to the Flag"
မြို့တော်
နှင့် အကြီးဆုံးမြို့
တီရာနာမြို့
ရုံးသုံး ဘာသာစကားများအယ်လ်ဘေးနီးယား
အမျိုးအစားပါလီမန်သမ္မတအစိုးရ
အစိုးရ
 သမ္မတ
ဘာမီယာ တိုပီ
 ဝန်ကြီးချုပ်
ဆာလီ ဘာရီရှာ
တည်ထောင်
 အာဘာ ဘုရင်နိုင်ငံ
၁၁၉၀
 လဲဇဲအဖွဲ့
မတ်လ ၂၊ ၁၄၄၄
 လွတ်လပ်ရေး (အိုတမန်အင်ပိုင်ယာ)
နိုဝင်ဘာ ၂၈ ၊ ၁၉၁၂
 နိုင်ငံကြီးများမှ အသိအမှတ်ပြု
ဒီဇင်ဘာ ၂၊ ၁၉၁၂
 လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
နိုဝင်ဘာ ၂၈ ၊ ၁၉၉၈
ဧရိယာ
 စုစုပေါင်း
၁၁,၁၀၀ စတုရန်းမိုင် ( ၂၈,၇၄၈ km2) (အဆင့်: ၁၄၃)
 ရေထု (%)
၄.၇
လူဦးရေ
 ခန့်မှန်း
၃,၁၉၄,၉၇၂[1] (အဆင့် - ၁၃၆)
 သိပ်သည်းမှု
၃၂၇.၈/km2၁၁၁.၂/စတုရန်းမိုင် (အဆင့် - ၆၃)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
၂၃.၈၆၄ ဘီလီယံ ဒေါ်လာ [2]
 Per capita
၇,၄၅၃ ဒေါ်လာ [2]
HDI ၀.၇၁၉
မြင့် · ၆၄
ငွေကြေးလာ့ခ်
အချိန်ဇုန်+၀၁
နွေရာသီ+၀၂
တယ်လီဖုန်းကုဒ်+၃၅၅
Internet TLD.al

အယ်လဗေးနီးယားနိုင်ငံတွင် လူဦးရေ ၂၃၅ဝဝဝ (၁၉၇၃ ခန့်မှန်းခြေ) ယောက်ရှိရာ ၉ဝ ရာနှုန်းမျှသော လူဦးရေ သည် လယ်ယာစိုက်ပျိုး လုပ်ကိုင်ကြသည်။ ဆေး၊ နှံစား ပြောင်း၊ ဂျုံနှင့် ပြောင်းဖူး တို့ကိုစိုက်ပျိုး၍ သိုး၊ ဆိတ်၊ နွား တို့ကို မွေးမြူသည်။ တောင်တန်းဒေသတွင် ရေနံဆီ၊ ကြေးနီ၊ ဆား၊ ကတ္တရာနှင့်သံရိုင်းစသော တွင်းထွက်ပစ္စည်း များကို တူး ဖော်ရရှိနိုင်သော်လည်း သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်းကြောင့် သတ္တုတူးဖေါ်သည့်လုပ်ငန်းမှာ မတိုးတက် ခဲ့ချေ။ ၁၉၄ဝ ပြည့် နှစ်သို့ရောက်မှ အယ်လဗားဆန်နှင့် ဆိပ်ကမ်းမြို့ဖြစ်သော ဒူးရပ်ဇိုမြို့တို့ကို ဆက်သွယ်သည့် မီးရထားလမ်းကို စတင် ဖောက်လုပ်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြို့တော်တေရားနားမှ အနောက်ဘက် ၁၉ မိုင်ခန့်ကွာဝေးသော ဒူးရပ်ဇိုမြို့သို့ မီးရထားလမ်းဖောက်လုပ်ပြန်သည်။ ၁၉၅၅ ခုနှစ်သို့ရောက်သော် အယ်လဗေးနီးယားနိုင်ငံတွင် မီးရထားလမ်းမိုင်ပေါင်း ၆ဝ ခန့် ဖောက်လုပ်ပြီးစီးခဲ့သည်။ ပြည်တွင်းသွားလာရေးအတွက် လေ ကြောင်းခရီးကို တွင်ကျယ်စွာအသုံးပြုကြသည်။ အခြားထင်ရှား သောမြို့များမှာ ကွားချေမြို့နှင့် ရှကိုးဒါးမြို့များ ဖြစ်သည်။

အယ်လဗေးနီးယားနိုင်ငံတွင် အခမဲ့ပညာရေးစံနစ်ဖြင့် အသက် ၆ နှစ်နှင့် ၁၃ နှစ်အရွယ်ကြားရှိကလေးများ မူလတန်း ပညာကို မသင်မနေရဟူ၍ ပြဋ္ဌာန်းထားသည်။ လူဦးရေ ၆၈ ရာခိုင်နှုန်းသည် အစ္စလာမ်ဘာသာဝင်များဖြစ်၍ ကျန်ရှိသူတို့ သည် ဂရိအသင်းတော်နှင့် ဗရင်ဂျီဂိုဏ်းဝင် ခရစ်ယာန်များ ဖြစ်သည်။

အယ်လဗေးနီးယန်းလူမျိုးတို့သည် ဥရောပတိုက်တွင် ရှေးအကျဆုံးလူမျိုးဖြစ်သော အီလီယန်တို့မှ ပေါက်ဖွားလာကြ သူများဖြစ်သည်။ သို့ရာတွင် နောင်အခါ၌ ဆလဗလူမျိုးနှင့် တူရကီလူမျိုးတို့ တိုက်ခိုက် သိမ်းပိုက်ခြင်းကို ခံခဲ့ရသဖြင့် ထိုလူမျိုးများနှင့် သွေးစပ်ပေါက်ဖွားလာကြသူများ ဖြစ်လာလေ သည်။ ဘီစီ ၂ဝဝ ပြည့်နှစ်ခန့်တွင် အယ်လဗေးနီးယားနိုင်ငံ သည် ရောမအင်ပိုင်ယာအတွင်း ကျရောက်ခဲ့သည်။ ရောမ အင်ပိုင်ယာ ပြိုကွဲကျဆုံးပြီးနောက် အိမ်နီးနားခြင်းနိုင်ငံတို့သည် အယ်လဗေးနီးယားကို သိမ်းပိုက်နိုင်ရန်အတွက် ကြိုးစား အားထုတ်ခဲ့ကြသည်။ အလယ်ခေတ်အတွင်း ဆလဗလူမျိုးတို့က ဝင်ရောက် တိုက်ခိုက်ကြသည်။ ၁၄၃၅ ခုနှစ်တွင် တူရကီ တို့သည် အယ်လဗေးနီးယားနိုင်ငံကို ကျူးကျော်ထိပါးလာကြ ရာ စကင်ဒါဗက် (ခရစ် ၁၄ဝ၃-၁၄၇၆) ဆိုသူခေါင်းဆောင် သော အယ်လဗေးနီးယန်း အမျိုးသားတို့က ရန်သူများကို ၂၅ နှစ် နီးပါးမျှ ရဲဝံ့စွာခုခံတိုက်ခိုက်ခဲ့လေသည်။ သို့ရာတွင် စကင်ဒါဗက် ကွယ်လွန်ပြီးနောက် အမျိုးသားညီညွတ်မှုလည်း ကျဆုံးသဖြင့် ၁၄၇၈ ခုနှစ်၌ အယ်လဗေးနီးယား နိုင်ငံသည် တူရကီတို့၏ အာဏာစက်အောက်သို့ လုံးလုံးကျရောက်ခဲ့လေ သည်။ တူရကီတို့သည် အယ်လဗေးနီးယား နိုင်ငံကို ၁၉၁၂ ခုနှစ်အထိ ၄၃၄ နှစ်မျှ အုပ်စိုးခဲ့လေသည်။

၁၉၁၂ ခုနှစ်သို့ရောက်သော် အယ်လဗေးနီးယန်းတို့ သည် တူရကီတို့ကိုတော်လှန်တိုက်ခိုက်၍ နိုင်ငံလွတ်လပ်ရေးကို အရယူခဲ့ကြသည်။ ထို့နောက် ဂျာမန်မင်းသား ဝီလျံဆိုသူကို နိုင်ငံသို့ဖိတ်ခေါ်၍ အုပ်ချုပ်စေသည်။ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ မင်းသားသည် ဂျာမနီနိုင်ငံသို့ပြန်သွားသဖြင့် အယ်လဗေးနီးယားသည်လည်း မင်းမဲ့တိုင်းပြည်အဖြစ်သို့ ရောက်ရှိလေသည်။ ထို့နောက် အီတာလျံလူမျိုး၊ ဂရိလူမျိုး၊ ဆဗ်လူမျိုး၊ ဗူလဂေးရီးယန်းလူမျိုးစသော လူမျိုးအသီးသီးတို့က နိုင်ငံကိုသိမ်းပိုက်ခဲ့ကြပြီး နောက်၊ နောက်ဆုံး၌ အီတလီနိုင်ငံ၏ အအုပ်အချုပ်အောက်သို့ ရောက်ရှိလေသည်။ ၁၉၂ဝ ပြည့်နှစ် တွင် အီတလီအစိုးရက အယ်လဗေးနီးယားနိုင်ငံ၏ လွတ်လပ် ရေးကို အသိအမှတ်ပြုခဲ့ရာ ၁၉၂၅ ခုနှစ်၌ သမ္မတနိုင်ငံအဖြစ် ကြေညာလေသည်။ ၁၉၂၈ ခုတွင် သမ္မတ အာမက်ဇိုးဂုသည် ပထမဇိုးဂု ဘုရင်ဘွဲ့ကို ခံယူ၍ အယ်လဗေးနီးယားနိုင်ငံ၌ ဘုရင်စံနစ်ဖြင့် အုပ်ချုပ်လေသည်။


၁၉၃၉ ခုနှစ်ဧပြီလ ၇ ရက်နေ့တွင် အီတာလျံတပ် များသည် အယ်လဗေးနီးယားနိုင်ငံကို တိုက်ခိုက် သိမ်းပိုက်ကြ သဖြင့် ဇိုးဂုဘုရင်သည် အီဂျစ်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ရ သည်။ ၁၉၄၃ ခုနှစ်တွင် အီတာလျံတပ်များသည် မဟာမိတ် တို့ထံ၌ လက်နက်ချအညံ့ခံကြသည်။ ထိုအခါ ဂျာမန်တပ်များ က အယ်လဗေးနီးယားနိုင်ငံကို သိမ်းပိုက်လေသည်။ သို့ရာတွင် ၁၉၄၅ ခုနှစ်၌ လွတ်လပ်သောနိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိ ၍၊ ၁၉၄၆ ခုနှစ်တွင် ဗိုလ်ချုပ်အင်ဗာဟိုဇာ ခေါင်းဆောင်သော သမ္မတနိုင်ငံ အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့လေသည်။

ထို ၁၉၄၆ ခုနှစ်တွင် အယ်လဗေးနီးယားနိုင်ငံသည် ကမ္ဘာ့ကုသမဂ္ဂအဖွဲ့ကြီးသို့ ဝင်ရောက်ခွင့် လျှောက်ထားသည်ကို အမေရိကန်ပြည်ထောင်စုနှင့် ဂရိတ်ဗြိတိန်နိုင်ငံတို့က ကန့်ကွက် ခဲ့သည်။ သို့သော် ၁၉၅၅ ခုနှစ်တွင် ဝင်ရောက်ခွင့်ရခဲ့၏။ ထိုနှစ်တွင်ပင် ဝါစောစာချုပ်အဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့သည်။ အယ်လဗေးနီးယားနိုင်ငံ၏ဝါဒမှာ စတာလင်ကိုလိုလား၍ ကရူးရှက်ကို ဆန့်ကျင်ခဲ့သည်။ ကွန်မြူနစ် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီး၍ တီးတိုး၏ ယူဂိုစလားဗီးယားနိုင်ငံနှင့် ရန်သူ ပမာ ဖြစ်ခဲ့ရလေသည်။ ဆိုဗီယက်ရုရှနိုင်ငံသည် အယ်လဗေး နီးယားနိုင်ငံနှင့် ၁၉၆၁ ခုနှစ် ဒီဇင်ဘာလတွင် အဆက်အသွယ် ဖြတ်ခဲ့၍ အယ်လဗေးနီးယားနိုင်ငံအားလည်း ဝါဆောစာချုပ်အဖွဲ့ အစည်းအဝေးများတက်ရောက်ခြင်း မပြုနိုင်အောင် ဟန့်တား ပိတ်ပင်ခဲ့၏။ သို့ဖြစ်၍ ၁၉၆၈ ခုနှစ်တွင် အယ်လဗေးနီးယား နိုင်ငံသည် ထိုစာချုပ်အဖွဲ့မှ နုတ်ထွက်ခဲ့လေသည်။

အယ်လဗေးနီးယားနိုင်ငံသည် အဓိကအားဖြင့် စိုက်ပျိုး ရေးနိုင်ငံတစ်ခု ဖြစ်နေခဲ့သေးသည်။ သို့သော် ၁၉၆ဝ ပြည့်နှစ် လွန်နှစ်များနှင့် ၁၉၇ဝ ပြည့်နှစ်လွန်နှစ်များအတွက် ကွန်မြူနစ် တရုတ်နိုင်ငံ၏ အကူအညီဖြင့် စက်လက်မှုလုပ်ငန်းများ ထူ ထောင်ရေးနှင့် စိုက်ပျိုးရေးတွင် ခေတ်မီအောင်ပြုပြင်ရေးအတွက် အပူတပြင်းဆောင်ရွက်ခဲ့ရာ ၁၉၆ဝ ပြည့်နှစ်မှ အစပြု၍ အမျိုးသားဝင်ငွေ ခုနှစ်ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဆိုလေ သည်။

အသစ်တည်ထောင်ခဲ့သော စက်မှုလက်မှုလုပ်ငန်းများမှာ ဓာတ်မြေဩဇာလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ လျှပ်စစ်ဓာတ် ကြိုးလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားပေးစက် ထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်သည်။

အဓိကထုတ်ကုန်များမှာ ရေနံ၊ ဗစ်တျူမင်၊ ခရုမ်း၊ သံနှင့်ကြေးနီ၊ ချည်ထည်များ၊ သစ်သားထည်များနှင့် ဆေးရွက် စသည်တို့ဖြစ်သည်။ အယ်လဗေးနီးယားနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု ထက်ဝက်ကျော်မှာ ကွန်မြူနစ် တရုတ်နိုင်ငံနှင့် ပြုလုပ်ခဲ့လေသည်။

၁၉၇ဝ ပြည့်နှစ်တွင် အယ်လဗေးနီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်ပြည်ထောင်ကုန်သွယ်မှုကို တိုးချဲ့ရန် အတွက်လည်းကောင်း၊ အယ်လဗေးနီးယားနိုင်ငံသို့ ငွေကြေး တိုးတက်ချေးငှားရန် အတွက်လည်းကောင်း၊ စာချုပ်အသစ် တစ်ရပ် ချုပ်ဆိုခဲ့၏။ ၁၉၇၁ ခုနှစ်တွင် အယ်လဗေးနီးယား နိုင်ငံသည် ယူဂိုဆလားဗီးယားနိုင်ငံ၊ ဂရိနိုင်ငံတို့နှင့် သံတမန် အဆက်အသွယ် ပြန်လည်ပြုလုပ်ခဲ့၏။[3]

ဥရောပအရှေ့တောင်ပိုင်း ဘော်လ်ကန်ဒေသတွင် တည်ရှိသည်။ အနောက်မြောက်ဘက်တွင် မွန်တီနီဂရိုးနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ကိုဆိုဗိုနိုင်ငံ၊ အရှေ့ဘက်တွင် မက်စီဒိုးနီးယားနိုင်ငံ၊ တောင်ဘက်နှင့်အရှေ့တောင်ဘက်တွင် ဂရိနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ အနောက်ဘက်တွင် အေဒရီယက်တက်ပင်လယ် (Adriatic Sea)၊ အနောက်တောင်ဘက်တွင် အိုင်ယွန်းနီးယန်းပင်လယ် (Ionian Sea) တို့ရှိသည်။ အီတလီနိုင်ငံသို့ အေဒရီယက်တက်ပင်လယ်နှင့် အိုင်ယွန်းနီးယန်း ပင်လယ်တို့ကြားရှိ အိုထရန်တိုရေလက်ကြား (Strait of Otranto) ဖြင့် (၇၂)ကီလိုမီတာ (၄၅မိုင်) သာကွာခြားသည်။

အယ်လ်ဘေးနီးယားသည် ကမ္ဘာ့ကုလသမဂ္ဂနေတိုး (NATO)၊ ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (Organization for Security and Co-operation in Europe)၊ ဥရောပကောင်စီ (Council of Europe)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organisation)ၾ၊ အစ္စလမ္မစ်ကွန်ဖရင့်အဖွဲ့ (Organisation of the Islamic Conference) နှင့် မြေထဲပင်လယ်သမဂ္ဂ (Union for the Mediterranean) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ဥရောပသမဂ္ဂ (European Union) သို့ ဝင်ရောက်နိုင်ရေးအတွက် ၂၀၀၃ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ လေ့လာသူအဖြစ် တက်ရောက်ကာ ကြိုးစားခဲ့သည်။ ၂၀၀၉ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့တွင် တရားဝင်လျှောက်ထားခဲ့သည်။ [4]

အယ်လ်ဘေးနီးယားသည် ပါလီမန်ဒီမိုကရေစီစနစ်နှင့်transition economy စီးပွားရေးစနစ်တို့ကို ကျင့်သုံးသည်။ မြို့တော်မှာ တီရာနာ ဖြစ်ပြီး လူဦးရေ ၃.၂သန်းရှိသော အယ်လ်ဘေးနီးယားနိုင်ငံ၏ လူဦးရေ (၆)သိန်းကျော်နေထိုင်သော စီးပွားရေးနိုင်ငံရေး မြို့တော်ကြီးဖြစ်သည်။ [5] အထူးသဖြင့် စွမ်းအင်နှင့် ပို့ဆောင်ရေးကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နိုင်ရေးအတွက် လွတ်လပ်သောဈေးကွက် စီးပွားရေးစနစ်ကို ဖော်ဆောင်သည်။ [6][7][8]

လူဦးရေနှင့်လူမျိုးများ


ကိုးကား

  1. Albanian Institute of Statistics January 2010
  2. Albania International Monetary Fund။ 12 April 2011 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
  4. "Albania applies for EU membership"၊ BBC News၊ 28 April 2009 29 April 2009 တွင် ပြန်စစ်ပြီး
  5. The World Factbook — Central Intelligence Agency
  6. Reports: Poverty Decreases In Albania After Years Of Growth.Dow Jones Newswires, 201-938-5500. Nasdaq.com
  7. Albania plans to build three hydropower plants.People's Daily
  8. Strong GDP growth reduces poverty in Albania-study. Reuters. Forbes.com
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.