နယ်ပယ် (ဇီဝဗေဒ)

ဇီဝဗေဒ မျိုးရိုးခွဲခြားခြင်းဆိုင်ရာအဆင့်များတွင် နယ်ပယ် (အင်္ဂလိပ်: Domain /dəˈmn/ သို့မဟုတ် /dˈmn/ သို့မဟုတ် မြန်မာ: ဒိုမိန်း)(လက်တင်regio[1]) သည် Carl Woeseနှင့် ပညာရှင်တစ်စုတို့ ဖန်တီးထားသော သုံးနယ်ပယ်ခွဲ မျိုးရိုးခွဲခြင်းစနစ်တွင် အမြင့်ဆုံးအဆင့် ဖြစ်သည်။ ဤအဆင့်ကို ဆူပါကင်းဒမ်း (superkingdom)၊ ရဲလ်မ် (realm) သို့မဟုတ် အဲမ်ပိုင်ယာ (empire)ဟုလည်း ခေါ်ကြသေးသည်။

ဇီဝဗေဒဆိုင်ရာ မျိုးရိုးခွဲခြားခြင်း၌ အဓိကအဆင့်ကြီး (taxonomic ranks) ၈-ခု ရှိသည်။ သက်ရှိ (Life) အုပ်စုအောက်တွင် နယ်ပယ် (domain)များရှိပြီး၊ ၎င်းတို့ကို အခြားအုပ်စုငယ်များသို့ ထပ်ဆင့်ခွဲထားသည်။ အခြားအဆင့်ခွဲငယ်များကို ဤနေရာတွင် မပြပါ။
အဓိက မျိုးရိုးခွဲခြားခြင်းဆိုင်ရာ အဆင့်များ၊ နယ်ပယ် (Domain)၊ လောက (kingdom)၊ မျိုးပေါင်းစု (phylum)၊ မျိုးပေါင်း (class)၊ မျိုးစဉ် (order)၊ မျိုးရင်း (family)၊ မျိုးစု (genus)၊ မျိုးစိတ် (species)။ မြေခွေးနီ၏ ဇီဝဗေဒ မျိုးရိုးခွဲပုံအဆင့်များကို ဤပုံတွင် နမူနာအနေဖြင့် ယှဉ်ကြည့်နိုင်ရန် ပြထားသည်။

၃-နယ်ပယ်၏ ဝိသေသလက္ခဏာများ

အာရ်အဲန်အေ(RNA) မျိုးရိုးဗီဇ(gene)ကွဲပြားမှုအပေါ်မှတစ်ဆင့် မှန်းဆထားသော ဘက်တီးရီးယား (Bacteria)၊ အာခီးယာ (Archaea)၊ ယူကဲရီးယုတ်တာ (Eukaryota)ဟု ခေါ်သော အဓိကအကိုင်း ၃-ကိုင်းပါ မြစ်တွယ်သစ်ပင်ကိုင်းဖြာသရုပ်ပြပုံ (rooted tree diagram)

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.