ပဉ္စသီခနတ်သား
ပဉ္စသီခနတ်သား ဆိုသည်မှာ ပဉ္စသီခ ဦးစွန်း(ရောင်ထုံး) ငါးခုရှိသော နတ်သား ဟုအဓိပ္ပာယ်ရှိသည်။ ဂေါတမ မြတ်စွာဘုရား တာဝတိံသာတွင် ဝါတွင်းသုံးလပတ် တရားဟော၍ လူ့ပြည်သို့အဆင်းတွင် ပဉ္စသီခ နတ်သားက တေးဖြင့်ဖျော်ဖြေသည်ဟု ဖော်ပြထားသည်။[1][2]
Pañcaśikha | |
---|---|
သင်္သကရိုက် | पञ्चशिख
Pañcaśikha |
ပါဠိ | पञ्चसिख
Pañcasikha |
မြန်မာ | ပဉ္စသီခ; ပၪၥသိခ |
တရုတ် | 五結樂子 (Pinyin: Wǔjiélèzi) 波遮旬 (Pinyin: Bōzhēxún) 般遮翼 (Pinyin: Bānzhēyì) 五髻 (Pinyin: Wǔjì) |
ဂျပန် | တမ်းပလိတ်:Ruby-ja (romaji: Goketsugakushi) တမ်းပလိတ်:Ruby-ja (romaji: Hashajun) တမ်းပလိတ်:Ruby-ja (romaji: Hanshayoku) တမ်းပလိတ်:Ruby-ja (romaji: Gokei) |
ကိုရီးယား | 오결락자 (RR: Ogyeollagja) 파차순 (RR: Pachasun) 반차익 (RR: Banchaig) 빤차시카 (RR: Ppanchasika) |
ထိုင်း | พระปัญจสิขะ |
တိဘက် | ཕུད་པུ་ལྔ། Wylie: phud pu lnga ཟུར་ཕུད་ལྔ་པ། Wylie: zur phud lnga pa |
ဗီယက်နမ် | Ngũ Kế |
Script error: No such module "portal-inline". |
ပဉ္စသီခနတ်သား
အတိတ်လူ့ဘဝ
ပဉ္စသီခနတ်သားသည် အတိတ်လူ့ဘဝက ဦးစွန်းငါးခုရှိ၍ ကျောဘက်၌ ဆံစည်းငါးခုချထားသည့် လူငယ်တစ်ဦး ဖြစ်သည်။ နွားကျောင်းသားတို့၏ ခေါင်းဆောင်ဖြစ်သည်။ အခြားသော လူငယ်များကို ခေါ်ဆောင်၍ ရွာအပြင်ဘက် လမ်းဆုံလမ်းခွတို့၌ ဇရပ်ဆောက်လုပ်ခြင်း၊ ရေကန်တူးခြင်း၊ တံတားခင်းခြင်း၊ လမ်းများကို ပြေပြစ်အောင် ပြုပြင်ခြင်း စသည်တို့ကို ပြုလုပ်ပေးခဲ့သည်။ ငယ်ရွယ်စဉ်ကပင် ကွယ်လွန်ခဲ့ပြီး စတုမဟာရာဇ်နတ်ဘုံသို့ ရောက်ရှိခဲ့သည်။[2]
နတ်ဘဝ
ပဉ္စသီခနတ်သားသည် စတုမဟာရာဇ်နတ်ဘုံတွင် သက်တမ်းအားဖြင့် တူတို့၏ နှစ်အရေအတွက်အားဖြင့် အနှစ်ကိုးသန်းရှည်မည် ဖြစ်၏။ ကိုယ်ခန္ဓာမှာ သုံးဂါဝုတ် (၈ မိုင်) ရှိကာ ရွှေတုံးသဖွယ် တင့်တယ်၏။ ခန္ဓာကိုယ်တွင်လည်း လှည်းအစီးတစ်ထောင်တိုက်စာမျှှ ပမာဏရှိသည့် နတ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည်။ ကိုးကုမ္ဘ (ဆယ်တင်း) မျှရှိသည့် အမွှေးနံ့သာတို့ကို လိမ်းကျံထား၏။ နီမြန်းသည့် နတ်ဝတ်ပုဆိုးကို ဝတ်ဆင်ကာ နီမြန်းသော ရွှေနားတောင်းကို ပန်းဆင်ထားသည်။[2]
လူ့ပြည်မှာကဲ့သို့ပင် ဦးစွန်းငါးခုရှိ၍ နောက်ကျောဘက်တွင် ဆံစည်းငါးခု ချထားကာ လူငယ်အသွင်ဖြင့်ပင် လှည့်လည်သွားလာ၏။ (ပဉ္စ = ငါးခု + သီခ = ဦးစွန်း။ ပဉ္စသီခ မှ မြန်မာလို ပဉ္စသီ ဖြစ်လာသည်။)[2]
ဗေလုဝစောင်း
နောင်အခါတွင် နတ်သားသည် ဗေလုဝစောင်းတော်ရှင် ပဉ္စသီခနတ်သားဟူ၍ နတ်လောက၌ ထင်ရှားလာသည်။[2]
ဗေလုဝ (ဗေဠုဝ) ဟူသည့် ပါဠိသည် ဥသျှစ်သီးဟု အနက်ရှိ၏။ ဥသျှစ်သီးမှည့်ကဲ့သို့ ရွှေရောင်အဆင်းရှိသည့် ဗေလုဝပဏ္ဍုနတ်စောင်း ဟု ခေါ်၏။ စောင်းခွက်ကို ရွှေသားဖြင့် ပြုလုပ်ထား၏။ စောင်းလက်ရုံးသည် ဣန္ဒနီလာ ပတ္တမြားတို့ဖြင့် ပြုလုပ်ထားသည်။ စောင်းညှို့ကို ငွေဖြင့် ပြုလုပ်ထား၍ စောင်းညှို့ကို ဖွဲ့ရန် နှိပ်ရန် တပ်ထားသော ကြိုးငယ်တို့ကို သန္တာဖြင့် ပြုလုပ်ထားသည်။[2]
အတိုင်းအတာပမာဏများအနေဖြင့် စောင်းခွက်သည် တစ်ဂါဝုတ်၊ စောင်းညှို့ဖွဲ့ရာ အရပ်သည် တစ်ဂါဝုတ်၊ အထက်စောင်းလက်၌ တပ်သော အထွတ်သည် တစ်ဂါဝုတ် ရှိသည်။ ဤသို့လျှင် ဗေလုဝပဏ္ဍုနတ်စောင်းသည် သုံးဂါဝုတ်ရှိသည်။ [2]
နတ်သားသည် ထိုစောင်းဖြင့် ငါးဆယ်မျှသော စောင်းချင်းတို့ကို တီးခတ်၏။ ထိုတီးခတ်သည့်အခါတွင် ထွက်ပေါ်လာသည့် စောင်းသံသည် လေးလကြသည်အထိ အသံမစဲ အမြဲထွက်ပေါ်နေသည်ဟု ဆို၏။[2]
ချစ်သူနတ်သမီး
ပဉ္စသီခနတ်သား၏ ချစ်သူသည် သူရိယဝစ္ဆသာနတ်သမီး ဖြစ်၏။ သူရိယဝစ္ဆသာနတ်သမီးသည် ပဉ္စသီခနတ်သားကို ကြိုက်နှစ်သက်ခြင်း မရှိဘဲ ရထားထိန်း မာတလိ၏သား သိခဏ္ဍီနတ်သားကိုသာ ချစ်ကြိုက်လျက်ရှိ၏။[2]
သို့သော် ပဉ္စသီခနတ်သားသည် သိကြားမင်းအား မြတ်စွာဘုရားနှင့် တွေ့ဆုံဖူးမြော်ခွင့်ရစေရန်အတွက် အကျိုးဆောင်ဖူးသဖြင့် ကျေးဇူးသိတတ်သည့်အနေဖြင့် သိကြားမင်းက နတ်သမီးနှင့် လက်ထပ်ပေးခဲ့သည်။ ထို့အပြင် ပဉ္စသီခနတ်သားအား ဖခင်၏ရာထူးဖြစ်သည့် ဂန္ဓဗ္ဗနတ်မင်း ရာထူးလည်း ခန့်အပ်ခဲ့သည်။[2]
ပဉ္စသီခနတ်သား၏ ကြင်ယာတော်သည် သူရိယဝစ္ဆသာနတ်သမီး ဖြစ်၍ တိမ္ဗရုနတ်မင်းကြီး၏ သမီးတော် ဖြစ်၏။ သူရိယဝစ္ဆသာ ဆိုသည်မှာ တက်သစ်စ နေဝန်း၏ အရောင်နှင့်တူသော ကိုယ်ရောင်ရှိသဖြင့် ခေါ်ဆိုခြင်း ဖြစ်သည်။ ဤနတ်သမီးသည်လည်း အနုပညာရှင် နတ်သမီးတစ်ဦး ဖြစ်သည်။[2]
ကိုးကား
- G.P. Malalasekera (၁ စက်တင်ဘာ ၂၀၀၃)။ Dictionary of Pali Proper Names။ 1။
- ဓမ္မာစရိယဦးအေးနိုင် (ဘီအေ) (ဩဂုတ်လ ၂၀၁၀)။ ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ။ အခန်း - ၄၀၄၊ တိုက် - ၆၊ ညောင်တန်းအိမ်ရာ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့: အလင်းသစ်စာပေ။
|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)