ပယ်ဆောက်ချိန်
ဦးပယ်ဆောက်ချိန် သို့မဟုတ် ဦးဘေဆော်ချိန် (တရုတ်: 白所成; ပင်ရင်: Bái Suǒchéng) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ ကိုးကန့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။
ဦးပယ်ဆောက်ချိန် | |
---|---|
白所成 | |
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
ယခင်လူ | ဖွဲ့စည်းပုံ စတင် |
မဲဆန္ဒနယ် | လောက်ကိုင်မြို့နယ် မဲဆန္ဒနယ် ၂ |
ကိုယ်ရေး အချက်အလက်များ | |
အခြား နိုင်ငံရေးလွှမ်းမိုးမှု | မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် |
အတ္ထုပ္ပတ္တိ
၁၉၉၂ ခုနှစ်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ ရန်မိုးလျံအား ထုတ်ပယ်ရာတွင် ဖုန်ကြားရှင်အား ပယ်ဆောက်ချိန်က ကူညီပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံ အစိုးရ၏ အထောက်အပံ့ဖြင့် ဖုန်ကြားရှင်အား ဖယ်ရှားရန် ကြိုးပမ်းခဲ့သည်။[1]၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော သုံးရက်ကြာ ကိုးကန့်အရေးအခင်းတွင် ဖုန်ကြားရှင်အား ဖယ်ရှားရန် တပ်မတော်နှင့် မဟာမိတ်ပြုခဲ့သည်။ ကြွင်းကျန်သော MNDAA အဖွဲ့အား ပယ်ဆောက်ချိန်၏ ဦးစီးမှုအောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသိအမှတ်ပြုခဲ့သည်။[2]
၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပယ်ဆောက်ချိန်သည် ကိုးကန့်မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံရသည်။[3] ယင်းနောက်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သူ၏ အုပ်ချုပ်မှုအောက်တွင် ကိုးကန့်ဒေသသည် မူးယစ်ဆေးနှင့် လက်နက် ရောင်းဝယ်မှုများကြောင့် ထင်ရှားလာခဲ့သည်။[4] သူသည် လူသိရှင်ကြား နေထိုင်လေ့မရှိဘဲ ၂၀၁၂ ခုနှစ် မတ်လတွင် လုပ်ကြံရန် ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့သည်။[5]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- Interview on Kokang။ 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
- Why civil war in northern Myanmar matters to China။ 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
- Does the junta use drugs as a weapon in Burma’s politics?။ 23 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 February 2015 တွင် ပြန်စစ်ပြီး။
- Tens of thousands flee war, airstrikes in Kokang region။ Democratic Voice of Burma။ 24 February 2015 တွင် ပြန်စစ်ပြီး။
- Bai Xuoqian, head of the Kokang Self-Administered။ Shan Herald။ 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။