ပရိုမီသီယမ်

ပရိုမီသီယမ် (Promethium) သည် Beta Rays ထုတ်ပေးသော ရှားပါးဒြပ်စင် တစ်မျိုး ဖြစ်ပါသည်။ ဓာတုသင်္ကေတမှာ Pm ဖြစ်သည်။ ၎င်းသည် ရေဒီယို သတ္တု ကြွမှု မြင့်မားပြီး ရှားပါး ပါသည်။ သို့ဖြစ်၍ ၎င်းကို လေ့လာမှု အနည်းငယ်သာ ပြုလုပ်ထားကြပါသည်။ ၎င်း၏ ဓာတုဗေဒဆိုင်ရာ နှင့် ရူပဗေဒဆိုင်ရာ ဂုဏ်သတ္တိများကို တိကျစွာ သတ်မှတ်ထားခြင်းမရှိသေးပါ။ Pm ဆားများ၏ အရောင်သည် ပန်းရောင် သို့မဟုတ် အနီရောင်ရှိပြီး ၎င်းပတ်ဝန်းကျင်လေထု အရောင်သည် စိမ်းပြာရောင်ဖျော့ဖျော့ ရှိပါသည်။

ပရိုမီသီယမ်,  61Pm
Spectral lines of promethium
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတပရိုမီသီယမ်, Pm
အသံထွက်/prˈmθiəm/
pro-MEE-thee-əm
အဆင်းmetallic
ဒြပ်စင်အလှည့်ကျဇယားရှိ ပရိုမီသီယမ်


Pm

Np
နီယိုဒိုင်မီယမ်ပရိုမီသီယမ်ဆမ္မာရီယမ်
အက်တမ် အမှတ်စဉ် (Z)61
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  lanthanide
စံ အက်တောမစ် အလေးချိန် (Ar)[145]
အီလက်ထရွန် ပြုပြင်မှု[Xe] 4f5 6s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 23, 8, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1315 K (1042 °C, 1908 °F)
အရည်ဆူမှတ်3273 K (3000 °C, 5432 °F)
သိပ်သည်းမှု (အခန်းအပူချိန်)7.26 g/cm3
ဖျူးရှင်းအပူ7.13 kJ/mol
အငွေ့ပျံခြင်း အပူ289 kJ/mol
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ3, 2 (a mildly base oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.13 (?)
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 540 kJ/mol
2nd: 1050 kJ/mol
3rd: 2150 kJ/mol
အက်တောမစ် အချင်းဝက်empirical: 183 pm
ကိုဗေးလန့်အချင်းဝက်199 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ double hexagonal close-packed (dhcp)
အပူ ပြန့်ကားမှု9.0 µm/(m·K)[1] (at r.t.)
အပူစီးကူးမှု17.9 W/(m·K)
လျှပ်စစ် ခုခံမှုest. 0.75 µΩ·m (at r.t.)
သံလိုက်ဓာတ်paramagnetic[2]
Young's modulusα form: est. 46 GPa
Shear modulusα form: est. 18 GPa
Bulk modulusα form: est. 33 GPa
ပိုင်ဆွန် အချိုးα form: est. 0.28
CAS Number7440-12-2
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုChien Shiung Wu, Emilio Segrè, Hans Bethe (၁၉၄၂)
ပထမဆုံး ခွဲထုတ်မှုCharles D. Coryell, Jacob A. Marinsky, Lawrence E. Glendenin, Harold G. Richter (1945)
အမည်တပ် ခဲ့Grace Mary Coryell (1945)
Most stable isotopes of ပရိုမီသီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
145Pm syn 17.7 y ε 0.163 145Nd
146Pm syn 5.53 y ε 1.472 146Nd
β 1.542 146Sm
147Pm trace 2.6234 y β 0.224 147Sm

အသုံးပြုခြင်း

ပရိုမီသီယမ်(Promethium)ကို သုသေတန ပြုလုပ်ဖို့ အတွက်သာလျှင် အများဆုံးအသုံးပြုကြပါတယ်။ ၎င်းကို Beta ရေဒီယိုသတ္တုကြွ ဓာတ်ရောင်ခြည် ထုတ်လွွှတ်ပေးသော အရင်းအမြစ်အဖြစ် အမှောင် အတွင်း အလင်းပေးနိုင်သော အရောင်အဖြစ် သော်လည်းကောင်း၊ ပဲ့ထိန်းတပ် ဒုံးများ အတွက် နျူကလီးယား ဘတ္ထရီတွေများတွင် သော်လည်းကောင်း၊ လက်ပတ်နာရီများတွင်သော်လည်းကောင်း၊ နှလုံးခုန်တိုင်း ကိရိယားများနှင့် ရေဒီယိုများတွင်သော်လည်းကောင်း၊ အချက်ပြမီးလုံးများတွင်လည်း အသုံးပြုနိုင်ပါသည်။ နောက်ပိုင်းတွင် ၎င်းကို X-ray အရင်းအမြစ် အဖြစ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

သဘာဝတွင်တွေ့ရှိမှုအခြေအနေ

ပစ်ချ်ဘလန့်

ပရိုမီသီယမ်(Promethium)သည် ကမ္ဘာ့ အပေါ်ယံလွှာ ရှိ အချို့သော ယူရေနီယံ သတ္တုရိုင်း များတွင် သေးငယ်သော ပမာဏ အဖြစ် ပါဝင်နေပါသည်။ ၎င်းသည် တည်ငြိမ်မှု မရှိသောကြောင့် ရေဒီယိုသတ္တုကြွ ယိုယွင်းပျက်စီးခြင်း ဖြစ်ပေါ်နေပါသည်။ ကမ္ဘာပေါ်တွင် တစ်ကြိမ် ဖြစ်တည်ပြီးတိုင်း ၎င်း ဖြစ်တည်ပြီးသော Zr အားလုံးသည် အနှစ် ၁၀၀၀၀ အတွင်း ပျက်စီး ပျောက်ကွယ် သွားလိမ့်မည် ဖြစ်သည်။

ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ

ပရိုမီသီယမ်(Promethium)သည် သက်ရှိမျာ အခန်းကဏ္ဍတွင် ပါဝင်ခြင်း မရှိပါ။ ၎င်း၏ ပြင်းထန်သော ရေဒီယို သတ္တု ကြွမှုကြောင့် အတော်လေး အန္တရာယ်ဖြစ်စေနိုင်ပါသည်။ တိရိစ္ဆာန်များတွင် စမ်းသပ်ရာမှာ ၎င်းသတ္တုသည် အရိုးမျက်နှာပြင်များတွင် ကွက်တိကွက်ကြားဖြင့် နှေးကွေးစွာ ရွေ့လျား ဖြစ်ပေါ်နေပါသည်။

နှလုံးခုန်တိုင်းကိရိယာများ၏ အချက်ပြအလင်း၏ အရင်းအမြစ်အဖြစ် ပရိုမီသီယမ်းအသုံးပြု

ပတ်ဝန်းကျင်သက်ရောက်မှုများ

ပရိုမီသီယမ်(Promethium)သည် လက်တွေ့သဘာဝတွင် တည်ရှိမနေပါ သို့ဖြစ်၍ ၎င်းသည် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေနိုင်ပါ။ ၎င်း၏ ရေဒီယို သတ္တုကြွမှု မြင့်မားသောကြောင့် အထူးဂရုတစိုက် ကိုင်တွယ်ရပါသည်။

ကိုးကား

  1. Cverna, Fran (2002)။ "Ch. 2 Thermal Expansion"။ ASM Ready Reference: Thermal properties of metals (PDF)။ ASM International။ ISBN 978-0-87170-768-0
  2. Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.