ဆမ္မာရီယမ်

ဆမ္မာရီယမ် (Samarium) သည် Periodic tableLanthanide အုပ်စု တွင်ပါဝင်သော ငွေဖြူရောင် ရှိ သတ္တုတစ်မျိုးဖြစ်ပြီး ဓာတုသင်္ကေတမှာ Sm ဖြစ်ပါသည်။ ၎င်းသည် အခန်းအပူချိန် ရှိ ခြောက်သွေ့သော လေထုမှာ တည်ငြိမ်မှု ရှိသော်လည်း အပူချိန် ၁၅၀ စင်တီဂရိတ် အထက်ထိ အပူပေးပါက လောင်ကျွမ်းသွားပြီး စိုထိုင်းသော လေထုထဲတွင် အပေါ်ယံပိုင်းသည် အောက်ဆိုဒ်(Oxide) ဖြစ်သွားပါသည်။

ဆမ္မာရီယမ်,  62Sm
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတဆမ္မာရီယမ်, Sm
အသံထွက်/səˈmɛəriəm/
sə-MAIR-ee-əm
အော်လိုထရိုဖီα form
အဆင်းsilvery white
ဒြပ်စင်အလှည့်ကျဇယားရှိ ဆမ္မာရီယမ်


Sm

Pu
ပရိုမီသီယမ်ဆမ္မာရီယမ်ယူရိုပီယမ်
အက်တမ် အမှတ်စဉ် (Z)62
အုပ်စုဘလော့group n/a, f-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  lanthanide
စံ အက်တောမစ် အလေးချိန် (±) (Ar)150.36(2)[1]
အီလက်ထရွန် ပြုပြင်မှု[Xe] 4f6 6s2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 24, 8, 2
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1345 K (1072 °C, 1962 °F)
အရည်ဆူမှတ်2173 K (1900 °C, 3452 °F)
သိပ်သည်းမှု (အခန်းအပူချိန်)7.52 g/cm3
7.16 g/cm3
ဖျူးရှင်းအပူ8.62 kJ/mol
အငွေ့ပျံခြင်း အပူ192 kJ/mol
မိုလာ အပူအင်အား29.54 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 1001 1106 1240 (1421) (1675) (2061)
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ4, 3, 2, 1 (a mildly basic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 1.17
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 544.5 kJ/mol
2nd: 1070 kJ/mol
3rd: 2260 kJ/mol
အက်တောမစ် အချင်းဝက်empirical: 180 pm
ကိုဗေးလန့်အချင်းဝက်198±8 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ rhombohedral
အသံ၏အမြန်နှုန်း 2130 m/s (at 20 °C)
အပူ ပြန့်ကားမှု(r.t.) (α, poly) 12.7 µm/(m·K)
အပူစီးကူးမှု13.3 W/(m·K)
လျှပ်စစ် ခုခံမှု(r.t.) (α, poly) 0.940 µΩ·m
သံလိုက်ဓာတ်paramagnetic[2]
သံလိုက် ထိတွေ့နိုင်မှု (χmol)+1860.0·10−6 cm3/mol (291 K)[3]
Young's modulusα form: 49.7 GPa
Shear modulusα form: 19.5 GPa
Bulk modulusα form: 37.8 GPa
ပိုင်ဆွန် အချိုးα form: 0.274
Vickers hardness410–440 MPa
Brinell hardness440–600 MPa
CAS Number7440-19-9
သမိုင်းကြောင်း
အမည်တပ်ခြင်းafter the mineral samarskite (itself named after Vasili Samarsky-Bykhovets)
ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်းLecoq de Boisbaudran (၁၈၇၉)
Most stable isotopes of ဆမ္မာရီယမ်
iso NA သက်တမ်းဝက် DM DE (MeV) DP
144Sm 3.08% is stable with 82 neutrons
145Sm syn 340 d ε 145Pm
146Sm syn 6.8×107 y α 2.529 142Nd
147Sm 15.00% 1.06×1011 y α 2.310 143Nd
148Sm 11.25% 7×1015 y α 1.986 144Nd
149Sm 13.82% is stable with 87 neutrons
150Sm 7.37% is stable with 88 neutrons
151Sm syn 90 y β 151Eu
152Sm 26.74% is stable with 90 neutrons
153Sm syn 46.284 h β 153Eu
154Sm 22.74% is stable with 92 neutrons

အသုံချခြင်းများ

ဆမ္မာရီယမ်(Samarium) ကို ဓာတ်ကူပစ္စည်း အဖြစ် တိကျသေချာသည့် အော်ဂင်းနစ် ဓာတ်ပြုခြင်းတွေမှာ အသုံးပြုပါသည်။ ဆမ္မာရီယမ် ဒိုင်အောက်ဆိုဒ်Samarium Iodide (SmI2) ကို သဘာဝ ထုတ်ကုန်များ ၏ အတူအယောင် ပုံစံများထုတ်လုပ်နိုင်ဖို့ အတွက် ဓာတုဗေဒ သူသေတန ပညာရှင်များ အသုံးပြုကြပါသည်။ အောက်ဆိုဒ် Samiria ကို အထူးပြုလုပ်ထားသော အနီအောက်ရောင်ခြည်ကို စုပ်ယူနိုင်သော ဖန်ပြုလုပ်ဖို့ လည်းကောင်း၊ arc မီးချောင်းများတွင် သုံးသော လျှပ်ခေါင်းများတွင် ကာဗွန် အလည်တိုင် အူချောင်းအဖြစ်သော်လည်းကောင်း နှင့် အီသနောမှ ရေဖယ်ထုတ်ခြင်းနှင့် ဟိုက်ဒြိုဂျင် ဖယ်ထုတ်ဖို့အတွက် ဓာတ်ကူပစ္စည်း အဖြစ် အသုံးပြုပါသည်။ ဆမ္မာရီယမ်ကိုဘော့ (SmCo5) ဓာတ်ပေါင်းကို သံလိုက် ပြုလုပ်ရာတွင်လည်း အသုံးပြုပါသေးသည်။

ရှာဖွေတွေ့ရှိသူ Paul Emile Lecoq de Boisbaudran

ပတ်ဝန်းကျင်တည်ရှိပုံ

ဆမ္မာရီယမ်(Samarium) သည် ရှားပါးဒြပ်စင်းများတွင် ၅ခုမြောက် အပေါများဆုံ ဒြပ်စင်ဖြစ်ပါသည်။ ၎င်းသည် သံဖြူထက် လေးဆ နီးပါးပေါများပါသည်။ ၎င်းကိုတော့ သဘာဝမှာ လွတ်လပ်စွာ မတွေ့ရပါ။ သို့သော်လည်း မြောက်များစွာသော တွင်းထွက် ပစ္စည်းများဖြစ်သော Monazite, Bastnasite နှင့် Samarskite တို့တွင် ပါဝင်နေပါသည်။ ဆမ္မာရီယမ်(Samarium ) ပါဝင်သော သတ္တုရိုင်းများကို အမေရိကန်တရုတ်ဘရာဇီးအိန္ဒိယဩစတြေးလျ နှင့် သီရိလင်္ကာ နိုင်ငံများတွင် တွေ့ရှိရပါသည်။ ကမ္ဘာ့ ဆမ္မာရီယမ် ထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် ၇၀၀ ရှိပြီး ကမ္ဘာတစ်ဝန်း သိုလှောင်ထားသော ပမာဏမှာ တန် နှစ်သန်းခန့် ရှိနေပြီ ဖြစ်ပါသည်။

ဆမ္မာရီယမ်ဆာလဖိတ်

ကျန်းမာရေးသက်ရောက်မှု

ဆမ္မာရီယမ်(Samarium) သည် ဇီဝဗေဒ အခန်းကဏ္ဍတွင် မပါဝင်သော်လည်း ခန္ဓာကိုယ် အတွင်း ဇီဝဆိုင်ရာ ဖြစ်စဉ်ကို လှုံ့ဆော်ပေးစေပါသည်။ ပျော်ဝင်စေနိုင်သော ဆမ္မာရီယမ်ဆားများသည် မျိုချမိပါက သိပ်မပြင်းထန်သောအဆိပ် အတောက် ဖြစ်စေပြီး ဆမ္မာရီယမ်နှင့် ထိတွေ့မိပါက မျက်လုံးနှင် အရေပြားကို နာကျင် ကျိန်းစပ် စေပါသည်။ ၎င်းတို့သည် ထိခိုက်မှုများလာပါက ကျန်းမာရေးကို ဘေးအန္တရာယ် ဖြစ်စေပါသည်။

ပတ်ဝန်းကျင်ရှိ ဆမ္မာရီယမ်(Samarium)သက်ရောက်မှု

ဆမ္မာရီယမ်(Samarium ) သည် အပင်များနှင် သတ္တဝါများကို ပတ်ဝန်းကျင်ဆိုင်ရာ မည်သည့် ထိခိုက်မှုမှ မဖြစ်စေပါ။

ကိုးကား

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  3. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.