ဘီလူးချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများ (လောပိတ)
ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံများ(လောပိတရေအားလျှပ်စစ်စက်ရုံများ)သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၏အရှေ့တောင်ဘက် ကီလိုမီတာ(၂၀)ပတ်ဝန်းကျင်များခန့်တွင်တည်ရှိကြသည်။ အမှတ် ၁၊၂၊၃ဟူ၍ စက်ရုံ၃ရုံရှိပြီး စက်ရုံများသည်တစ်ရုံနှင့်တစ်ရုံဆက်စပ်နေကြသည်။







တည်နေရာ
ကယားပြည်နယ်၊လွိုင်ကော်မြို့၏ အရှေ့တောင်ဘက်တွင်တည်ရှိသည်။
မြေမျက်နှာသွင်ပြင်အချက်အလက်များ
ရှမ်းပြည်နယ်တောင်ပိုင်း အင်လေးကန်မှစီးဆင်းလာသောရေသည် ဖယ်ခုံမြို့ရှိ ဖယ်ခုံအင်းမှတဆင့် ဘီလူးချောင်းအဖြစ်ဆက်စီးသည်။ဘီလူးချောင်းသည် လောပိတဒေသတွင် နမ့်ပွန်မြစ်ခေါ် ပွန်းချောင်းနှင့်ပေါင်းဆုံကာ သံလွင်မြစ်အတွင်းစီးဝင်သည်။ဘီလူးချောင်း၏ရေစီးနှုန်းမှာ နည်းပါး၍ လွိုင်ကော်မြို့အနောက်မြောက်ဘက် ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲကျေးရွာတွင် ဖယ်ခုံအင်း၏အဆုံး၌ မိုးဗြဲရေလှောင်တမံတည်ဆောက်ကာ ရေသိုလှောင်ထားသည်။အင်းလေးကန်မှရေသည် မိုးဗြဲတမံမှတဆင့် ဘီလူးချောင်းအဖြစ်ဆက်စီးလေသည်။ စက်ရုံများသည် ဘီလူးချောင်းမှရေကို ရယူကာလည်ပတ်ခြင်းဖြစ်သည်။ဘီလူးချောင်းပေါ်တွင် ပိတ်၍ဆောက်ထားခြင်းမဟုတ်ပေ။

စက်ရုံများ ဆက်စပ်မှုနှင့် ရေစီးဆင်းမှု
လွိုင်ကော်မြို့မှ လာလျှင် ဦးစွာ ဘီလူးချောင်းပေါ်၌အမှတ်(၁)စက်ရုံရေလှောင်တမံနှင့်ရေယူအဆောက်အအုံ၊ရေပိုလွှဲကိုတွေ့ရမည်။ ထိုမှတဆင့် တူးမြောင်းအတိုင်းသယ်ယူကာ မိုက်ကန်းကျေးရွာအနီးတွင် အမှတ်(၁)စက်ရုံရေကန်တည်ရှိသည်။ ထိုမှတဆင့် ဖိအားမြင့်သံမဏိပိုက်လိုင်းဖြင့် အမှတ်(၁)စက်ရုံလည်ပတ်လေသည်။ထိုဘေးတွင် အမှတ်(၂)စက်ရုံရေလှောင်တမံနှင့်ရေယူအဆောက်အအုံ၊ ရေပိုလွှဲတည်ရှိကာ တူးမြောင်းအတိုင်း ရေကန်တွင်သိုလှောင်ပြီး ဖိအားမြင့်သံမဏိပိုက်လိုင်းနှင့် အမှတ်(၂)စက်ရုံ လည်ပတ်လေသည်။ အမှတ်(၂)မှအသုံးပြုပြီးထွက်လာသောရေနှင့် ဆက်စီးလာသောဘီလူးချောင်းမှရေကိုလွှဲထားသောရေများကို ဥမင်နှင့်သွယ်ယူကာ ရေလှောင်ကန်မှတဆင့် အမှတ်(၃)လည်ပတ်သည်။အမှတ်(၃)စက်ရုံ အနီးတွင် ဘီလူးချောင်းမှာ ပွန်းချောင်းနှင့်ပေါင်းဆုံသည်။ ထို့ကြောင့် အင်းလေးကန်ရေနည်းလာလျှင် မိုးဗြဲတမံရေဝင်နည်းပြီး ဘီလူးချောင်းရေနည်းမည်။ထို့အတူ အမှတ်(၁)စက်ရုံရေဝင်မှုနည်းမည်။ထို့ကြောင့် အမှတ် (၂)နှင့်(၃)ပါ ဆက်လက်လျော့နည်းမည်ဖြစ်သည်။
ရေလှောင်ကန်များနှင့် ရေယူကန်များ
မိုးဗြဲရေကာတာ

မိုးဗြဲရေကာတာသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကယားနယ်စပ်ရိ မိုးဗြဲတွင် တည်ရှိသည်။အင်းလေးကန်မှတဆင့် စီးဆင်းလာကာ ဖယ်ခုံမြို့အနီးတွင် ဖယ်ခုံအင်းဖြစ်လာသည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၈ခုနစ် ဇန်နဝါရီလတွင် ဖယ်ခုံအင်းကို ပိတ်ကာ မိုးဗြဲရေကာတာအဖြစ် တည်ဆောက်ခဲ့ကာ ဘီလူးချောင်းစက်ရုံများအတွက် အဓိကရေယူရာဖြစ်လာခဲ့သည်။
အမြင့်ဆုံးရေမျက်နှာပြင် အကျယ်အဝန်း | ၇၆ စတုရန်းမိုင် |
အလျား | ၃၄မိုင်ခန့် |
အမြင့်ဆုံးရေအမှတ် | ၂၈၉၇ပေ |
အနိမ့်ဆုံးရေအမှတ် | ၂၈၈၀ပေ |
အမြင့်ဆုံးသိုလှောင်နိုင်မှု | ၆၈၇၀၀၀ ဧကပေ |
ရေထုတ်တံခါး | အကျယ်-၂၃ပေ၊ အမြင့်-၂၁ပေ (၄ပေါက်) |
ဒေါတခြားရေလှောင်တမံ
မိုးဗြဲရေကာတာမှ ဆက်လက်စီးဆင်းလာသော ဘီလူးချောင်းပေါ်တွင် ဒေါတခြားရေလှောင်တမံတည်ဆောက်ထားသည်။ တည်နေရာမှာ 19°38′52″N 97°17′12″Eဖြစ်သည်။ ထိုနေရာမှ အမှတ်၁စက်ရုံအတွက် ရေလှောင်ကန်သို့ ရေယူပြီး ဘီလူးချောင်းမှာ ဆက်လက်စီးဆင်းသွားသည်။
ရေလှောင်တမံဆိုင်ရာ အချက်အလက်များ | |
အမျိုးအစား | မြေသားတမံ |
ရေဖမ်းဧရိယာ | ၃၀၇၅ စတုရန်းမိုင် |
အကျိုးပြုရေလှောင် ပမာဏ | ၇၀.၆ ကုဗပေသန်း |
ရေပိုလွှဲတံခါး | ၁၁.၁မီတာ×၄.၄မီတာ×၅ပေါက် |
ရေယူတံခါး | ၆.၅မီတာ×၂.၃မီတာ×၄ပေါက် |
ရေသွယ်မြောင်းဆိုင်ရာ အချက်အလက်များ | |
အမျိုးအစား | အပေါ်ဖွင့် ထောင့်မှန်စတုဂံပုံ |
အတိုင်းအတာ | ၂၂ပေ၊၁၅ပေ |
အရှည် | ၄.၆မိုင် |
ရေထိန်းကန်(မိုက်ကန်း)ဆိုင်ရာ အချက်အလက်များ | |
အကျိုးပြုရေလှောင်ပမာဏ | ၃.၉၆ ကုဗပေသန်း |
အတိုင်းအတာ | ၁၄၇၆ပေ×၂၆၂ပေ×၁၅ပေ |
ဆိုင်ဖွန်ရေပိုလွှဲ | ၁၆၈၀ကျူးဆက် |
ထို ရေထိန်းကန်မှတဆင့် အမှတ်(၁)စက်ရုံလည်ပတ်သည်။
ဘီလူးချောင်း အမှတ်(၁)လျှပ်စစ်ဓာတ်အားပေးစက်ရုံ
ဘီလူးချောင်း အမှတ်(၁)လျှပ်စစ်ဓာတ်အားပေးစက်ရုံ | |
---|---|
![]() ဘီလူးချောင်း အမှတ်(၁)လျှပ်စစ်ဓာတ်အားပေးစက်ရုံ | |
![]() ![]() မြန်မာနိုင်ငံတွင်းရှိ ဘီလူးချောင်း အမှတ်(၁)လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ တည်နေရာ | |
တည်နေရာ | လွိုင်ကော်မြို့နယ် ကယားပြည်နယ် (လွိုင်ကော်မြို့မှ ၁၀မိုင်ခန့် အကွာ) |
ကိုဩဒိနိတ် | 19°34′11″N 97°19′2.7″E |
စတင် ဆောက်လုပ်ခြင်း | မတ်လ ၁၉၈၇ခုနှစ် |
ကုန်ကျငွေ | ၉၃၅.၁၁ ကျပ်သန်းပေါင်း |
ဓာတ်အားပေးစက်ရုံ | |
ပိုင်ဆိုင်သူများ | မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း |
ဘီလူးချောင်း အမှတ်(၁)ရေအားလျှပ်စစ်စက်ရုံသည် လွိုင်ကော်မြို့၏ အရှေ့တောင်ဘက် ၁၀မိုင်ခန့်အကွာ ဘီလူးချောင်း၏ လက်ယာဘက်ကမ်းတွင် တည်ရှိသည်။ (၁၄)မဂ္ဂါဝပ် အရွယ်ရှိသော စက်၂လုံးမှ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း၂၀၀ထုတ်လုပ်နိုင်ရန်အတွက် တည်ဆောက်ထားသည်။ နိုင်ငံခြားငွေ ၅၃၃.၃ကျပ်သန်းပေါင်း၊ မြန်မာငွေ ၄၀၁.၈ကျပ်သန်းပေါင်း၊ စုစုပေါင်း ၉၃၅.၁၁ကိပ်သန်းပေါင်း ကုန်ကျခဲ့သည်။
ဖိအားနိမ့်ပိုက်လိုင်းဆိုင်ရာ အချက်အလက်များ
- အချင်း-၁၃.၅ပေ
- အရှည်-၁.၃မိုင်
- အထူ-၀.၅~၀.၇လက်မ
ရေလျှံထိန်းစည်ဆိုင်ရာ အချက်အလက်များ
- အမြင့်-၂၀၇ပေ
- အချင်း-၃၄ပေ
ဖိအားမြင့်ပိုက်လိုင်းဆိုင်ရာ အချက်အလက်များ
- အချင်း-၁၂ပေ~၆.၉ပေ
- အရှည်-၅၂၁ပေ
တာဘိုင်ဆိုင်ရာ အချက်အလက်များ
- အမျိုးအစား- ဖရန်စစ်တာဘိုင် (ဒေါင်လိုက်)
- ရေအားအမြင့်-၆၉.၁မီတာ
- ဝန်အား-၁၄မဂ္ဂါဝပ်
- ရေထုဖြတ်စီးနှုန်း-၈၄၀ကျူးဆက်
ဂျင်နရေတာဆိုင်ရာ အချက်အလက်များ
- ဝန်အား-၁၅၅၀၀ ကေဗွီ
- ဗို့အား-၁၁ ကေဗွီ
- လျှပ်စီးကြောင်း-၈၁၄ အမ်ပီယာ
- ကြိမ်နှုန်း- ၅၀ Hz
- ဝင်ရိုးစွန်း-၁၆ခု
ဓာတ်အားလိုင်းများပို့လွှတ်ရာခလုတ်ဝန်း (switchyard)
- Main Transformer-၃၁ MVA (၁၀၃၃၃×၃)
-၁၁/၁၃၂ ကေဗွီ
- ၁၃၂ကေဗွီလိုင်း-၃.၄မိုင်
- ၁၁ကေဗွီလိုင်း (လွိုင်ကော်)-၁၀မိုင်
- ၁၁ကေဗွီလိုင်း (ဒေါတခြား)-၅မိုင်
ဘီလူးချောင်း အမှတ်(၂)လျှပ်စစ်ဓာတ်အားပေးစက်ရုံ
ဘီလူးချောင်း အမှတ်(၂)လျှပ်စစ်ဓာတ်အားပေးစက်ရုံ | |
---|---|
![]() ဘီလူးချောင်း အမှတ်(၂)လျှပ်စစ်ဓာတ်အားပေးစက်ရုံ | |
![]() ![]() မြန်မာနိုင်ငံတွင်းရှိ ဘီလူးချောင်း အမှတ်(၂)လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ တည်နေရာ | |
တည်နေရာ | လွိုင်ကော်မြို့နယ် ကယားပြည်နယ် (လွိုင်ကော်မြို့မှ မိုင်၂၀ခန့် အကွာ) |
ကိုဩဒိနိတ် | 19°33′18″N 97°21′32″E |
စတင် ဆောက်လုပ်ခြင်း |
|
ဓာတ်အားပေးစက်ရုံ | |
ပိုင်ဆိုင်သူများ | မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း |
ဘီလူးချောင်းစက်ရုံများအနက် အစောဆုံးတည်ဆောက်သောစက်ရုံမှာ ဘီလူးချောင်းအမှတ်(၂)စက်ရုံဖြစ်သည်။ လွိုင်ကော်မြို့၏အရှေ့တောင်ဘက် ၁၄ မိုင်ခန့်တွင်တည်ရှိသည်။ နမ့်ပီလုခေါ်ဘီလူးချောင်းပေါ်တွင်တည်ရှိသောကြောင့်ဘီလူးချောင်းစက်ရုံဟုခေါ်ခြင်းဖြစ်သည်။ ၎င်းစက်ရုံအား ဂျပန်နိုင်ငံ၏ စစ်လျော်ကြေးငွေဖြင့် ၁၉၅၄-ခုတွင်စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၀-ခုတွင် စတင်လည်ပတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် အစောဆုံး အကြီးစား ရေအားစက်ရုံ ဖြစ်သည်။ စက်တပ်ဆင်အင်အားမှာ ၁၆၈ မဂ္ဂါဝပ်ဖြစ်သည်။ ထို့နောက် ၁၉၉၀-ခုတွင် ဘီလူးချောင်းအမှတ်(၁)စက်ရုံအားဖွင့်လှစ်နိုင်ခဲ့သည်။ တပ်ဆင်အင်အားမှာ ၂၄ မဂ္ဂါဝပ်ဖြစ်သည်။ ၎င်းစက်ရုံသည် အမှတ်(၂)စက်ရုံ၏မြစ်ညာဖက် ၄ မိုင်ခန့်အကွာတွင်တည်ရှိသည်။ အဆိုပါစက်ရုံများမှထွက်ရှိသောဓာတ်အားကို ၂၃၀ ကီလိုဗို့ဓာတ်အားလိုင်းဖြင့် တောင်ငူဓာတ်အားခွဲရုံမှတဆင့်ရန်ကုန်မြို့သို့လည်းကောင်း၊ ၁၃၂ကီလိုဗို့ဓာတ်အားလိုင်းနှစ်လိုင်းဖြင့် သာစည်ဓာတ်အားခွဲရုံမှတဆင့်မန္တလေးသို့လည်းကောင်းဓာတ်အားပို့လွှတ်လျက်ရှိသည်။ ဘီလူးချောင်းအမှတ်(၃)စက်ရုံမှာ အေးရှားဝေါကုမ္ပဏီ ၏ရင်နှီးမြုပ်နှံမှုဖြင့်တည်ဆောက်ဆဲဖြစ်ပြီး မကြာမီကာလတွင် လည်ပတ်နိုင်လိမ့်မည်ဟု ယူဆရပါသည်။ စက်တပ်ဆင်အင်အားမှာ ၄၈ မဂ္ဂါဝပ်ဖြစ်သည်။ ဘီလူးချောင်းဓာတ်အားပေးစက်ရုံများ၏ အားသာချက်မှာ တစ်နှစ်ပတ်လုံး ဝန်အားအပြည့်ဖြင့် စဉ်ဆက်မပြတ်လည်ပတ်နိုင်ခြင်းဖြစ်သည်။

ဘီလူးချောင်း အမှတ်(၃)လျှပ်စစ်ဓာတ်အားပေးစက်ရုံ
ဘီလူးချောင်း အမှတ်(၃)လျှပ်စစ်ဓာတ်အားပေးစက်ရုံ | |
---|---|
![]() ဘီလူးချောင်း အမှတ်(၃)လျှပ်စစ်ဓာတ်အားပေးစက်ရုံ | |
![]() ![]() မြန်မာနိုင်ငံတွင်းရှိ ဘီလူးချောင်း အမှတ်(၃)လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ တည်နေရာ | |
တည်နေရာ | လွိုင်ကော်မြို့နယ် ကယားပြည်နယ် (လွိုင်ကော်မြို့မှ ၂၀ km or ၁၂ mi အကွာ) |
ကိုဩဒိနိတ် | 19°32′38″N 97°23′51″E |
စတင် ဆောက်လုပ်ခြင်း | ၂၀၀၈ |
ဓာတ်အားပေးစက်ရုံ | |
ပိုင်ဆိုင်သူများ | မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း |
အော်ပရေတာများ | အနာဂတ်စွမ်းအင် ကုမ္ပဏီ (ရွှေတောင်လုပ်ငန်းစု) |
ဘီလူးချောင်း အမှတ်(၃)လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ဘီလူးချောင်းလျှပ်စစ်စက်ရုံများ၏ အောက်ဆုံးအဆင့်ဖြစ်သည်။အမှတ်(၂)စက်ရုံ၏ အောက်ဘက် ၅.၂မိုင်အကွာ ဘီလူးချောင်းနှင့် ပွန်းချောင်းဆုံရာအနီးတွင်ရှိသည်။ရွှေတောင်လုပ်ငန်းစုပိုင် အနာဂတ်စွမ်းအားကုမ္ပဏီမှ တာဝန်ယူလည်ပတ်လျက်ရှိသည်။၂၆ မီဂါဝပ်ရှိ စက်၂လုံးဖြင့် ၅၂မီဂါဝပ်ထုတ်လုပ်နိုင်သည်။တစ်နှစ်လျှင် ၃၃၄ကီလိုဝပ်နာရီသန်းပေါင်းထုတ်လုပ်နိုင်သည်။အမှတ်(၂)မှ လည်ပတ်အပြီးထွက်လာသောရေနှင့် လောပိတရေတံခွန်မှသွယ်ထားသော ရေတို့နှင့်လည်ပတ်သည်။ထို့ကြောင့် အမှတ်(၂)စက်ရုံ၏ စွန့်ထုတ်ရေအပေါ်တွင်မူတည်နေသည်။[1][2]
စတင်သည့်ခုနှစ် | ၂၀၀၈ ခုနှစ် |
ဖွင့်လှစ်သည့်နေ့ရက် | ၂၂.၈.၂၀၁၅ |
တပ်ဆင်စွမ်းအား | (၂ x ၂၆ )=၅၂ မဂ္ဂါဝပ် |
ရေအားအမြင့်( ရေဖိအားအမြင့်) | ၃၉၈ ပေ |
တာဘိုင်အမျိုးအစား | ဖရန်စစ် (ဒေါင်လိုက်) |
တာဘိုင်ရေထုစီးဆင်းနှုန်း | ၂ x ၉၀၀ (၁၈၀၀ကုဗမီတာ/စက္ကန့်) |
ဒီဇိုင်းအရတစ်နှစ်ထုတ်လုပ်နိုင်မှု | ၃၃၄ ကီလိုဝပ်နာရီသန်းပေါင်း |
စက်ရုံမှ ဓာတ်အားလိုင်း | ၁၃၂ ကေဗွီစက်ရုံအမှတ်(၂)လိုင်းသွယ်တန်းထားမှု(၂.၉ )မိုင် |
ရေသွယ်မြောင်းအရှည် | ရေသွယ်ဉမင် (၂.၆၈) မိုင် (၁၄,၁၄၁)ပေ |
ပြခန်း
- မိုးဗြဲဆည်
- မိုးဗြဲဆည်
- ဘီလူးချောင်းနှင့် မိုးဗြဲဆည်ကို ရေကြောင်းလမ်းဖြင့် ဆက်သွယ်သော တူးမြောင်း
- ဘီလူးချောင်းနှင့် မိုးဗြဲဆည်ကို ရေကြောင်းလမ်းဖြင့် ဆက်သွယ်သော တူးမြောင်း
- မိုးဗြဲဆည် ဝင်ပေါက်
- မိုးဗြဲဆည်ရေပိုလွှဲ
- အမှတ်(၂)စက်ရုံ၏ ဓာတ်အားလိုင်းများပို့လွှတ်ရာခလုတ်ဝန်း (switchyard)
- အမှတ်(၃)အတွက် ရေတံခွန်မှရေယူခြင်းလုပ်ငန်းအချို့
- အမှတ်၃စက်ရုံ၏ penstock
ကိုးကား
- http://www.moee.gov.mm/mm/ignite/page/54
- မော်ကွန်းတင်ပြီးမိတ္တူ။ 3 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2018 တွင် ပြန်စစ်ပြီး။