မဒါဂတ်စကားနိုင်ငံ

မဒါဂတ်စကားသမ္မတနိုင်ငံ သည် ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဖရိကတိုက်၏ အရှေ့တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ အတွင်းတွင် တည်ရှိသည်။ နိုင်ငံအတွင်း မဒါဂတ်စကားကျွန်း ပါဝင်ပြီး ထိုကျွန်းမှာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံးကျွန်းဖြစ်ကာ ၅၈၇,၀၀၀ စတုရန်း ကီလိုမီတာ (၂၂၇,၀၀၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ထိုကျွန်းသာမက အခြားသော ကျွန်းငယ်လေးများ မြောက်များစွာ ပါဝင်ပြီး ထိုကျွန်းများတွင် အကြီးဆုံးမှာ နိုဆီဘီ နှင့် နိုဆီဘိုဟာရာ ကျွန်းတို့ ဖြစ်ကြသည်။

မဒါဂတ်စကား သမ္မတနိုင်ငံ
Republic of Madagascar
Repoblikan'i Madagasikara
République de Madagascar
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: Fatherland, Liberty, Progress
နိုင်ငံတော် သီချင်း: ချစ်စရာကောင်းတဲ့ တို့ဘိုးဘွားမြေ
မြို့တော်အန်တာနာနာရီဗိုမြို့
ရုံးသုံး ဘာသာစကားများမာလဂတ်စီပြင်သစ်
အမျိုးအစားအိမ်စောင့်အစိုးရ
အစိုးရ
 လွှဲပြောင်းရေးအဖွဲ့ ဥက္ကဋ္ဌ
Andry Rajoelina
 ဝန်ကြီးချုပ်
အဲလ်ဘတ် ကင်မလီ ဗိုင်တယ်
တည်ထောင်
 လွတ်လပ်ရေး
(ပြင်သစ်မှ)
ဇွန်လ ၂၆၊ ၁၉၆၀
ဧရိယာ
 စုစုပေါင်း
၅၈၇,၀၄၁ km² (၂၂၆,၅၉၇ sq mi) (အဆင့်: ၄၅)
 ရေထု (%)
၀.၁၃ %
လူဦးရေ
 ခန့်မှန်း
၂၀,၆၅၃,၅၅၆ (၂၀၀၉) (အဆင့် - ၅၅)
 သိပ်သည်းမှု
၃၅.၂/km² (၉၁.၁/sq mi) (အဆင့် - ၁၇၄)
GDP (PPP)ခန့်မှန်း
 Per capita
US $၉၁၁
HDI၀.၄၃၅
နိမ့် · ၁၃၅
ငွေကြေးမလာဂါဆီ အရီယာရီ
တယ်လီဖုန်းကုဒ်+၂၆၁
Internet TLD.mg

မဒါဂတ်စကားသည် ဇီဝမျိုးကွဲတို့နှင့် ပတ်သက်၍ အရေးပါသော နေရာတစ်နေရာဖြစ်ပြီး ၎င်းတွင် တွေ့ရသော အပင်နှင့် တိရိစ္ဆာန် အမျိုးအစား ၈၀ ရာခိုင်နှုန်းခန့်ကို ကမ္ဘာပေါ်ရှိ တခြားနေရာများတွင် မည်သည့်နေရာတွင်မှ မတွေ့ရပေ။

သမိုင်းကြောင်း

မဒါဂတ်စကားကျွန်းကို ရှေးအခါကာလက အာရပ် လူမျိုးတို့ လာရောက်၍ နယ်သစ်စိုက်ထူကြသည်။ ထိုနောက် ၁၅ဝဝ ပြည့်နှစ်ခန့်က ပေါ်တူဂီလူမျိုးတို့ ရောက်လာကြသည်။ ၁၇ ရာစုနှစ်တွင် ပြင်သစ်တို့လာရောက်၍ စခန်းများဖွင့်ကြ သည်။ သို့သော် ကြာမရှည်ပေ။ ၁၈ ရာစုနှစ်တွင် ပြန်လည် ဖွင့်လှစ်ပြန်သည်။ ၁၈၁ဝ ပြည့်နှစ်မှ ၁၈၁၁ခုနှစ်အထိ ပြင်သစ် စခန်းများကို ဗြိတိသျှတို့က သိမ်းပိုက်ထားခဲ့၏။ ထိုအတော အတွင်း ခရစ်ယာန်အယူဝါဒီဖြစ်သော တိုင်းရင်းသားအကြီးအကဲ တစ်ဦးသည် ပထမ ရိုဒါမာဘုရင်အဖြစ် နန်းတက်အုပ်စိုးသည်။ ယင်းဘုရင်လွန်ပြီးနောက် အချင်းချင်း မသင့်မတင့်ဖြစ်ကြပြန် လေရာ ပြင်သစ်တို့က ဥရောပတိုက်ရှိ လက်နက်နိုင်ငံများအား ငြိမ်ဝပ်ပိပြားအောင် ဆောင်ရွက်ပေးရန် တောင်းပန်ခဲ့ကြသည်။ ၁၈၉ဝ ပြည့်နှစ်တွင် အင်္ဂလန်ပြည်က မဒါဂတ်စကားတွင် ပြင်သစ်တို့အုပ်ထိန်းခြင်းကို အသိအမှတ်ပြုခဲ့သော်လည်း မာလာ ဂေဆီတို့က လက်မခံခဲ့ပေ။ ထိုကြောင့် မဒါဂတ်စကားသို့ စစ်တပ်များစေလွှတ်ကာ ထိုစဉ်က အုပ်စိုးနေသော ဘုရင်အား ပြင်သစ်တို့ အုပ်ထိန်းခြင်းကိုလက်ခံအောင် အတင်းအကြပ်ပြုခဲ့ သည်။ ၁၈၉၆ ခုနှစ်တွင် မဒါဂတ်စကားကျွန်းသည် ပြင်သစ်တို့၏ ကိုလိုနီနယ်ဖြစ်လာသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ၁၉၄၂ ခုနှစ်တွင် မဒါဂတ်စကားကျွန်းကို ဗြိတိသျှတို့ သိမ်း ပိုက်ထားခဲ့သည်။ ဤသို့ပြုရခြင်းမှာ အိန္ဒိယသမုဒ္ဒရာ အတွင်း ရှိ မဟာမိတ်သင်္ဘောများကို တိုက်ခိုက်နိုင်ရန်အလို့ငှာ မက်ဒါ ဂက်စကာကျွန်းကို ဝင်ရိုးတန်းနိုင်ငံများက အသုံးပြုခြင်းမှ ကာကွယ်ရန်အတွက်ဖြစ်၏။ သို့သော် နောင်အခါ ဗြိတိသျှတို့သည် မိမိတို့ဘက်သား ပြင်သစ်တို့အား ပေးအပ်ခဲ့သည်။ စစ်ပြီး ကာလတွင် မဒါဂတ်စကားကျွန်းသည် ပြင်သစ်သမဂ္ဂတွင် အဝင်အပါဖြစ်သော ပင်လယ်ရပ်ခြား ပြင်သစ်ပိုင်နယ် ဖြစ်လာခဲ့၏။ ၁၉၄၇ ခုနှစ်တွင် တိုင်းရင်းသားများ လက်နက်ကိုင်၍ ပုန်ကန်ထကြွသော်လည်း ပြင်သစ်တို့က မကြာမီ နှိမ်နင်းလိုက် လေသည်။ ၁၉၅၈ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော ပြည်သူ့ဆန္ဒမေးပွဲကြီး၌ မဒါဂတ်စကားကျွန်းသည် ပြင်သစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို တစ်ကျွန်းလုံးလိုလို ထောက်ခံခဲ့၍ ပြင်သစ်ပြည်ထောင်စုတွင် အဝင်အပါ သမ္မတ နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ မာလာဂေဆီသမ္မတနိုင်ငံဟူ၍လည်း အမည်ပြောင်းလိုက်လေသည်။ ၁၉၆ဝ ပြည့်နှစ်တွင် အချုပ်အချာ အာဏာပိုင် လွတ်လပ်သော သမ္မတနိုင်ငံ ဖြစ်လာခဲ့လေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.