မဟေသီမဂ္ဂဇင်း

မဟေသီမဂ္ဂဇင်းကို အမျိုးသားစာပေဆုရ စာရေးဆရာ မှူးသမိန် ခေါ် တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးစောမြင့် (ငြိမ်း) က ၁၉၈၄ ခုနှစ် ဩဂုတ်လ တွင် စတင်ထုတ်ဝေခဲ့သည်။ မှူးသမိန်က အယ်ဒီတာချုပ် အဖြစ် စတင်ထုတ်ဝေသည်မှ ၎င်းကွယ်လွန်သည်အထိ ဆောင်ရွက်ခဲ့သည်။ ထို့နောက် သမီးဖြစ်သူ ဒေါက်တာယုဇနစောမြင့် (ယုယ (ဆေး ၁)) က အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

တာဝန်ခံအယ်ဒီတာများ

  1. ဦးခင်မောင်မြင့်
  2. ဦးခင်မောင်ညွန့်
  3. ဦးဝင်းသူရ

အုပ်ချုပ်ရေးမှူးများ

  1. ဗိုလ်မှူးကြီး (ငြိမ်း) သီဟသူရ စိုးသိန်း

လူသိများသော ဝတ္ထု ဆောင်းပါးများ

ဝင်းဝင်းလတ်၏ အချစ်၏နောက်ဆက်တွဲစာမျက်နှာ

မဟေသီမဂ္ဂဇင်းတွင် ၁၉၉၆ ခုနှစ် ဧပြီလမှ ၁၉၉၇ ခုနှစ် ဩဂုတ်လအထိ စာရေးဆရာမ ဝင်းဝင်းလတ် ရေးသားခဲ့သော အချစ်၏နောက်ဆက်တွဲစာမျက်နှာ အခန်းဆက်ဝတ္ထုရှည်ကို ၁၉၉၇ ခုနှစ်တွင် လုံးချင်းဝတ္ထုရှည်အဖြစ် ထုတ်ဝေခဲ့ပြီး အမျိုးသားစာပေဆု (ဝတ္ထုရှည်) ရရှိခဲ့သည်။

ပတ္တမြားခင်၏ ကင်မရာကိုင်ခဲ့ရ ကျွန်မဘဝ

စာရေးဆရာမကြီး ပတ္တမြားခင်ကင်မရာကိုင်ခဲ့ရ ကျွန်မဘဝ အခန်းဆက်ဆောင်းပါးသည်လည်း လူအများစောင့်မျှော်ဖတ်ရှုခဲ့ကြသည်။

ဟိန်းလတ်၏ အင်တာဗျူးများ

မဟေသီမဂ္ဂဇင်းတွင် စာရေးဆရာ ဟိန်းလတ်၏ ၁၂ နှစ်ကြာ ပြုလုပ်ခဲ့သော အင်တာဗျူးများမှာ ထင်ရှားသည်။

စိန်ခင်မောင်ရီ၏ ရုပ်ရှင်ဝေဖန်ရေးများ

စိန်ခင်မောင်ရီသည် ကွယ်လွန်ချိန်အထိ မဟေသီမဂ္ဂဇင်းတွင် ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးများကို ပင်တိုင်ရေးသားခဲ့သည်။

ကိုစောနု၏ ဂီတဝေဖန်ရေးများ

ကိုစောနု၏ ဂီတဝေဖန်ရေးဆောင်းပါးများသည် ထိုခေတ်က အလွန်ပွဲဆူစေသော ဆောင်းပါးများဖြစ်ပြီး အဆိုတော် ထူးအိမ်သင်က ၎င်းအပေါ်ဝေဖန်သည့် ကိုစောနု၏ ဆောင်းပါးများကို မဟေသီမဂ္ဂဇင်းတွင်ပင် ပြန်လှန်ဝေဖန်ခဲ့ဖူးသည်။

ကိုးကား

[1] [2] [3] [4] [5] [6] [7]


  1. စာနယ်ဇင်းများ အသက်ဆက်နိုင်ရေး စံတော်ချိန်နေ့စဉ် ၂၁ ဇူလိုင် ၂၀၁၈
  2. မဟေသီမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ဦးဝင်းသူရ ကွယ်လွန် Winnet Myanmar ၂၆ အောက်တိုဘာ ၂၀၂၀
  3. မင်းသိင်္ခနှင့် မြတ်ခိုင်၊ မင်းသိင်္ခနှင့် ဟိန်းလတ်၊ ဟိန်းလတ်နှင့် မြတ်ခိုင် Wun Zinn Reader
  4. ပြိုကျသွားသော ယဉ်ကျေးမှုမျက်နှာစာ 7Day News ၅ ဒီဇင်ဘာ ၂၀၁၄
  5. ပြောပြချင်တဲ့ ရုပ်ရှင်ဝေဖန်ရေးအကြောင်း Myanmar Digital News ၁၀ ဩဂုတ် ၂၀၂၀
  6. စာရေးဆရာမကြီး ပတ္တမြားခင် ကွယ်လွန် Lwin Pyin Cele News ၁၇ ဖေဖော်ဝါရီ ၂၀၁၉
  7. (ဦးငှက်)ထူးအိမ်သင်ရဲ့ ဝေဖန်ရေးအမြင် edm017 Network ၁၀ ဇွန် ၂၀၂၀
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.