ယုဇနစောမြင့် (ကလေးအထူးကုဆရာဝန်)
တမ်းပလိတ်:Orphan ဒေါက်တာယုဇနစောမြင့်သည် မြန်မာကလေးအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်သည်။ စာရေးဆရာ မှူးသမိန် ခေါ် ဗိုလ်မှူးကြီးစောမြင့် (ငြိမ်း) (တော်လှန်ရေးကောင်စီဝင်) နှင့် ဒေါ်တင်တင်မြင့် တို့၏ သမီးကြီးဖြစ်သည်။ ယုယ (ဆေး ၁) ကလောင်အမည်ဖြင့် ရသစာပေများရေးသားလျှက်ရှိပြီး မဟေသီမဂ္ဂဇင်း၏ အယ်ဒီတာချုပ်လည်း ဖြစ်သည်။
ပညာရေး
ဆေးပညာဘွဲ့၊ ကလေးကျန်းမာပညာဒီပလိုမာဘွဲ့နှင့် ဆေးပညာမဟာသိပ္ပံဘွဲ့(ကလေးကျန်းမာပညာ)တို့ကို ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ရရှိခဲ့သည်။[1]
ဝန်ထမ်းဘဝ
တွဲဖက်ပါမောက္ခ၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် ကလေးအထူးကုဆရာဝန်ကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် သက်ပြည့်အငြိမ်းစားယူခဲ့သည်။[2][3][4]
လက်ရှိတာဝန်များ
ကလေးကျန်းမာရေးပညာပေးခြင်း
ကလေးကျန်းမာရေးပညာပေးခြင်းကို အစဉ်တစိုက်လုပ်ဆောင်လျှက်ရှိသည်။ ပညာပေးဆောင်းပါးနှင့် တွေ့ဆုံမေးမြန်းခန်းအချို့မှာ -
- ဒေါက်တာယုဇနစောမြင့် ပြောပြတဲ့ ကျန်းမာစွာနေထိုင်နိုင်ခြင်းရဲ့ လျှို့ဝှက်ချက်[8]
- ကလေးနှင့် မျက်စိနာခြင်း[9]
- ကလေးနှင့် ဆောင်းရာသီမှာအဖြစ်များတဲ့ ရောဂါများ[10]
- ဆောင်းရာသီနှင့် ကလေးကျန်းမာရေး[11]
- ကိုယ်ခံစွမ်းအားမြှင့် ဗိုက်တာမင် စီ အကြောင်းသိကောင်းစရာများ[12]
- ကျန်းမာတဲ့ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့[13]
- ကလေးနှင့် တုပ်ကွေးရောဂါ[14]
- မပေါ့ဆသင့်တဲ့ ကလေးချောင်းဆိုးပြဿနာ[15]
- ကလေးငယ်တွေမှာ အဖြစ်များလာတဲ့ အဝလွန်ရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ[16]
- ကလေးငယ်လေးတွေမှာ အဖြစ်များတတ်တဲ့ ရောဂါများအကြောင်း[17]
- ဖြည့်စွက်စာတွေ မှန်မှန်ကန်ကန်ကျွေးတတ်စေဖို့အတွက်[18]
- ခြောက်လှန့်သမှု မပြုစေလို[19]
- ကလေးနှင့် အဆိပ်[20]
စာပေခရီး
ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက်မှစ၍ မဟေသီမဂ္ဂဇင်း၏ အယ်ဒီတာချုပ်အဖြစ်ဆောင်ရွက်လျှက်ရှိသည်။ ယုယ (ဆေး ၁) ကလောင်အမည်ဖြင့် ရေးသားသော ရသစာပေများအနက် နွေနှောင်းအတိတ် လွမ်းရိပ်တွေဆင် နှင့် ပရဟိတပန်းပျိုးခင်းသို့ မေချီလှမ်းလျှောက်လျှက်နှင့် အခြားဝတ္ထုတိုများ တို့သည် လူသိများသော စာအုပ်များဖြစ်သည်။[21][22]
ကိုးကား
- Who's Who in Health and Medicine in Myanmar: a biographical dictionary of men and women who have contributed to the development of health and medicine in Myanmar since independence (1948)။ ရန်ကုန်: Department of Health Planning, Ministry of Health, Myanmar။ ၂၀၀၃။
- မိခင်နို့ရည်နှင့် ဘဝအစခြေလှမ်း ကြေးမုံသတင်းစာ ၂-၈-၂၀၀၈
- For Children of AIDS, New Hope in Newark The New York Times July 11 1993
- Free medical treatment given in Shwepyitha Township The New Light of Myanmar 2 January 2013
- https://www.mmacentral.org/central-level/central-executive-committee/
- Parami General Hospital Paediatrician
- မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီး ရုံးခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ Standard Nation Media ၁၉ အောက်တိုဘာ ၂၀၁၉
- ဒေါက်တာယုဇနစောမြင့် ပြောပြတဲ့ ကျန်းမာစွာနေထိုင်နိုင်ခြင်းရဲ့ လျှို့ဝှက်ချက် Sound Impact at YouTube
- ကလေးနှင့် မျက်စိနာခြင်း
- ကလေးနှင့် ဆောင်းရာသီမှာအဖြစ်များတဲ့ ရောဂါများ
- ဆောင်းရာသီနှင့် ကလေးကျန်းမာရေး
- ကိုယ်ခံစွမ်းအားမြှင့် ဗိုက်တာမင် စီ အကြောင်းသိကောင်းစရာများ
- ကျန်းမာတဲ့ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့
- ကလေးနှင့် တုပ်ကွေးရောဂါ
- မပေါ့ဆသင့်တဲ့ ကလေးချောင်းဆိုးပြဿနာ
- ကလေးငယ်တွေမှာ အဖြစ်များလာတဲ့ အဝလွန်ရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ မြန်မာတိုင်းမ် ၇ ဖေဖော်ဝါရီ ၂၀၁၉
- မေ့ရင်သွေး မဂ္ဂဇင်း March 2019
- မေ့ရင်သွေး မဂ္ဂဇင်း March 2019
- မေ့ရင်သွေး မဂ္ဂဇင်း Aug 2017
- လိုတရ MPT ၁ ဒီဇင်ဘာ ၂၀၂၀
- ကလေးဆရာဝန်ကြီးတွေရဲ့ စာအုပ်မိတ်ဆက်ပွဲ Shape Entertainment at YouTube
- MMA PUBLICATION HOUSE