မိုနာကိုနိုင်ငံ
မိုနာကိုနိုင်ငံ၏ တရားဝင်အမည်မှာ မိုနာကို ပဒေသရာဇ်နိုင်ငံတော်ဖြစ်ပြီး ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း မြေထဲပင်လယ် ကမ်းရိုးတန်းရှိ ပြင်သစ် ရီဗီးရီးယား ဒေသတွင် တည်ရှိသည်။ မိုနာကို နိုင်ငံသည် အရပ်မျက်နှာ ၃ ခုတွင် ပြင်သစ်နိုင်ငံနှင့် ထိစပ်လျှက် ရှိသည်။ ၎င်း၏ အလယ်ဗဟိုသည် အီတလီနိုင်ငံမှ ၁၆ ကီလိုမီတာ (၉.၉ မိုင်) ကွာဝေးသည်။ ဧရိယာ စတုရန်း ကီလိုမီတာ ၁.၉၈ (၀.၇၆ စတုရန်းမိုင်) မျှသာ ရှိသော်လည်း ၂၀၁၁ ခုနှစ် လူဦးရေမှာ ၃၅,၉၈၆ ရှိသည်။ လူတစ်ဦး ပျမ်းမျှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၁၅,၁၆၃ ရှိသဖြင့် ကမ္ဘာပေါ်တွင် လူတစ်ဦးချင်း စုစုပေါင်း ဝင်ငွေ အများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ သိပ်သည်းမှု အများဆုံးနိုင်င့လည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူတစ်ဦးချင်း ပျမ်းမျှ သက်တမ်း အရှည်ဆုံး နိုင်ငံဖြစ်ပြီး လူတစ်ဦး၏ ပျမ်းမျှသက်တမ်းမှာ နှစ် ၉၀ မျှ ရှိသည်။ အလုပ်လက်မဲ့ ရာခိုင်နှုန်းမှာလည်း အနည်းဆုံးဖြစ်သည်။ ဟာကျူလီဆိပ်ကမ်းကို တည်ဆောက်ပြီးချိန်တွင် မိုနာကို၏ စုစုပေါင်း ဧရိယာ ၂.၀၅ စတုရန်းကီလိုမီတာ (၀.၇၉ စတုရန်းမိုင်) ဖြစ်လာခဲ့သည်။ မြေထဲပင်လယ်တွင် မြေဖို့၍ မြေနေရာ အသစ်ကို ရယူခြင်း ဖြစ်သည်။
မိုနာကို ပဒေသရာဇ်နိုင်ငံတော် Principality of Monaco (English) Principatu de Múnegu (Monegasque) Principauté de Monaco (French) | |||||
---|---|---|---|---|---|
| |||||
ဆောင်ပုဒ်: ဘုရားသခင်၏ ကူညီစောင်မမှုဖြင့် | |||||
နိုင်ငံတော် သီချင်း: Hymne Monégasque | |||||
![]() | |||||
မြို့တော် | မိုနာကိုမြို့ | ||||
ရုံးသုံး ဘာသာစကားများ | ပြင်သစ် | ||||
အမျိုးအစား | စည်းမျဉ်းခံဘုရင်စနစ် | ||||
အစိုးရ | |||||
• မင်းသား | အဲလ်ဘတ် ဒုတိယ | ||||
• ဝန်ကြီးချုပ် | Pierre Dartout | ||||
တည်ထောင် | |||||
• လွတ်လပ်ရေး (ဖွဲ့စည်းပုံအခြေခံဥပဒေ) | ၁၉၁၁ | ||||
ဧရိယာ | |||||
• စုစုပေါင်း | ၁.၉၈ km² (၀.၇၆ sq mi) (အဆင့်: ၂၃၄) | ||||
• ရေထု (%) | ၀ | ||||
လူဦးရေ | |||||
• ခန့်မှန်း | ၃၇,၃၇၅၅၀(၂၀၁၆) (အဆင့် - ၂၁၁) | ||||
• သိပ်သည်းမှု | ၁၅,၁၄၂/km² (၃၉,၂၁၇/sq mi) (အဆင့် - ၁) | ||||
GDP (PPP) | ခန့်မှန်း | ||||
• စုစုပေါင်း | ၆.၅၈၁ ဘီလီယံ | ||||
• Per capita | ၁၈၆,၁၇၅ | ||||
HDI | ၀.၉၄၆ အလွန်မြင့် · ၁ | ||||
ငွေကြေး | ယူရို | ||||
တယ်လီဖုန်းကုဒ် | +၃၇၇ | ||||
Internet TLD | .mc |
တည်နေရာ နှင့် အကျယ်အဝန်း
ပုပ်ရဟန်းမင်းကြီးနေထိုင်သော ဗာတီကင်နန်းမြို့မှလွဲလျှင် မိုနာကိုနိုင်ငံသည် ဥရောပတိုက်ရှိ လွတ်လပ်သော နိုင်ငံ တို့တွင် အငယ်ဆုံးနိုင်ငံ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၃၆၈ ဧကမျှသာ ရှိ၍ လူဦးရေ ခန့်မှန်းခြေ ၂ဝ၄၄၁ (၁၉၆၁) ရှိသည်။ မိုနာကိုနိုင်ငံသည် မြေထဲပင်လယ်ကမ်းခြေတွင် ပြင်သစ်နိုင်ငံနှင့် အီတလီနိုင်ငံတို့ နယ်နိမိတ်ချင်းစပ်ရာ ဒေသ အနီး၌ တည်ရှိ၍ မိုနာကို နယ်စားမင်းသား တတိယရေနယာ က အုပ်ချုပ်သည်။
စီးပွားရေး
မိုနာကိုနိုင်ငံသည် ကမ္ဘာကျော် လောင်းတမ်းကစားဝိုင်းများ ရှိသော မွန်တီကာလိုမြို့ကြောင့် ထင်ရှားလေသည်။ နှစ်စဉ် နိုင်ငံခြားမှ ဧည့်သည့်ပေါင်းမြောက်မြားစွာ မိုနာကိုနိုင်ငံသို့ အပန်းဖြေ လာရောက်လည်ပတ်လေ့ရှိကြ၏။ မိုနာကိုမှ ပြင်သစ်နိုင်ငံရှိ နီးစ်မြို့သို့ ခေတ်မီ မော်တော်ကား လမ်းကောင်း ဖောက်လုပ်ထားသည်။ မိုနာကိုနိုင်ငံတွင် ရေငန် သက်ရှိလောကနှင့်ဆိုင်သော နာမည်ကျော် ပြတိုက်ရှိ၏။
မိုနာကိုနိုင်ငံရှိ မြို့များသည် မြေထဲပင်လယ်ကို မျက်နှာမူ လျက် တောင်ကုန်းပေါ်တွင် တည်ရှိသဖြင့် အလွန်သာယာ ပေသည်။ မြို့တော်မှာ မိုနာကိုမြို့ဖြစ်၍ လူဦးရေ ၂ဝဝဝ ခန့် ရှိသည်။ ကျန်မြို့နှစ်မြို့မှာ လာကွန်ဒါမင်းမြို့နှင့် မွန်တီကာလို မြို့များဖြစ်သည်။ မိုနာကို နိုင်ငံသားတို့သည် များသောအား ဖြင့် ဟိုတယ်နှင့် စားသောက်ဆိုင်တို့၌ လုပ်ကိုင်ကြသည်။
မိုနာကိုနိုင်ငံသည် ကစားဝိုင်းများမှ ဝင်ငွေအမြောက်အမြား ရရှိလေသည်။ နိုင်ငံသားများကိုမူ ထိုကစားဝိုင်းများ၌ ဝင်ရောက်ကစားခွင့် မပြုချေ။
သမိုင်းကြောင်း
ရောမ သာသနာစောင့်နိုင်ငံကို တည်ထော်သူ ဧကရာဇ်ဘုရင် ပထမ အော့တိုသည် မိုနာကိုနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့၍ ၁၂၉၇ ခုနှစ်မှစ၍ မိုနာကိုသည် ဂျီနိုအာမင်းဆက် လက်အောက်သို့ ရောက်ရှိ ခဲ့သည်။ ၁၈၁၅ ခုနှစ်တွင် ဆာဒင်းနီးယားနိုင်ငံ၏ စောင့်ရှောက်ခံနယ်အဖြစ်လည်းကောင်း၊ ၁၈၆၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ စောင့်ရှောက်ခံနယ်အဖြစ် လည်းကောင်း တည်ရှိခဲ့သည်။ ယခုအခါ မိုနာကိုနိုင်ငံကို ၁၉၁၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ နယ်စား မင်းသားက အုပ်ချုပ်လျက်ရှိသည်။ ဒုတိယ ကမ္ဘာစစ် အတွင်း က ဂျာမန်စစ်တပ်များသည် မိုနာကိုနိုင်ငံကို သိမ်းပိုက်ခဲ့ကြ သည်။ မင်းသား ဒုတိယလူဝီသည် မိုနာကိုနိုင်ငံကို ၁၉၂၂ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ အုပ်ချုပ်သည်။ လူဝီမင်းသားက ကွယ်လွန်ပြီးနောက် မြေးတော် တတိယ ရေနယာမင်းသားက မိုနာကိုနိုင်ငံကို ဆက်လက်၍ အုပ်ချုပ်လျက်ရှိ၏။
အုပ်ချုပ်ရေး
ဥပဒေပြု ရေး အာဏာသည် နယ်စားမင်းသားနှင့် အဖွဲ့ဝင် ၁၈ ဦး ပါဝင်သော အမျိုးသားကောင်စီ၌ တည်ရှိလေသည်။ လူထုက ထိုအမျိုးသားကောင်စီအဖွဲ့ဝင်များကို လေးနှစ်တစ်ကြိမ် ရွေးကောက်တင်မြောက်ကြရသည်။[1]
ကိုးကာ
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
ပြင်ပလင့်များ
- Government
- Official Government Portal
- Official website of the Prince's Palace of Monaco
- Chief of State and Cabinet Members
- Monaco Statistics Pocket – Edition 2014
- ယေဘုယျအချက်လက်
- Monaco from UCB Libraries GovPubs
- Monaco from the BBC News
- Monaco information about Monaco
- History of Monaco: Primary documents
- ခရီးသွား
- Official website for Tourism
- Your Monaco Monaco travel guide
- Discovery of Monaco
- အလုပ်
- Monaco Job Portal Archived 16 October 2011 at the Wayback Machine.
- အခြား
- Order of the doctors of Monaco (ပြင်သစ်)
- French Monaco Web portail (ပြင်သစ်)
- La Principauté – Le premier journal d'actualité de Monaco
- Monaco Today, a daily newsletter in English, Monacolife.net
- Monacolife.net English news portal
- The Monaco Times – a regular feature in The Riviera Times is the English language newspaper for the French – Italian Riviera and the Principality of Monaco provides monthly local news and information about business, art and culture, people and lifestyle, events and also the real estate market.
- Monaco-IQ Monaco information and news aggregator
- Monte-Carlo Archived 30 October 2011 at the Wayback Machine. Italian Monte-Carlo unofficial portal
- International School of Monaco Archived 8 February 2015 at the Wayback Machine.