မေဝင်းမြင့်

ဒေါက်တာ မေဝင်းမြင့် သည် မြန်မာ့နိုင်ငံရေးသမား၊ ဆရာဝန်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သည်။ လက်ရှိတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် အဖြစ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် လုပ်ဆောင်သည်။ [1]

မေဝင်းမြင့်

ပြည်သူ့လွှတ်တော်အမတ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
မရမ်းကုန်းမြို့နယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ မေ ၂၀၁၂
ယခင်လူဦးပွင့်ဆန်း
အနိုင်ရမဲ အရေအတွက်60,216 (77.5%)
ပြည်သူ့လွှတ်တော် (၁၉၉၀) ရွေးကောက်ခံ
ယခင်လူအခြေခံဥပဒေ စတင်
ဆက်ခံသူအခြေခံဥပဒေ ဖျက်သိမ်း
မဲဆန္ဒနယ်မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
အနိုင်ရမဲ အရေအတွက်28,513 (74%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1950-03-08) ၈ မတ်၊ ၁၉၅၀
မော်လမြိုင်
လူမျိုးBurmese
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သားသမီးအောင်ဖုန်းမြင့်
သူဇာမြင့်
မိဘသောင်းညွန့် (အဖေ)
စံသွင် (အမေ)
မိခင်ကျောင်းဆေးတက္ကသိုလ် (၁) ရန်ကုန်
အလုပ်အကိုင်နိုင်ငံရေးသမား
ဆရာဝန်

ကိုယ်ရေးအကျဉ်း

မေဝင်းမြင့်ကို ဦးသောင်းညွန့်၊ ဒေါ်စံသွင်တို့က ၁၉၅၀ ပြည့်၊ မတ်လ ၈ ရက်တွင် မော်လမြိုင်၌ မွေးသည်။

၁၉၇၆ ခုတွင် ရန်ကုန်ဆေးတက္ကသိုလ် (၁)မှ ဆေးပညာဖြင့် ဘွဲ့ရပြီး ၁၉၇၈-၁၉၈၁ ကာလတွင် မြောက်ဥက္ကလာပနှင့် ကျောက်တံတား သမဝါယမဆေးခန်းများတွင် အချိန်ပိုင်းဆရာဝန်အဖြစ်လည်းကောင်း၊ ၁၉၈၃-၁၉၈၈ အတွင်း မသန်စွမ်းဆေးရုံတွင် အချိန်ပိုင်းဆရာဝန်အဖြစ်လည်းကောင်း လုပ်ပြီး ၈၈၈၈ အရေးအခင်း ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်သည်။ [1]

မရမ်းကုန်း မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ပြိုင်ရာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ၂၈ ၅၁၃ (မဲ ၇၄%) ဖြင့် နိုင်သည်။ သို့သော် နာမည်သာကျန်၍ အလုပ်မရ။ [1] မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးအဖြစ် လုပ်စဉ် အခြား အမတ်ရွေးခံရသူများနှင့်အတူ အမျိုးသားညီလာခံကို ၁၉၉၅ ခု၊ ဒီဇင်ဘာလတွင် သပိတ်မှောက်သည်။

၁၉၉၇ ခု၊ အောက်တိုဘာလ ၂၈ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များ နေအိမ်အကျယ်ချုပ်ကျသော အောင်ဆန်းစုကြည်နှင့် တွေ့ရန် ကြိုးစားပြီးနောက် ၁၉၅၀ အရေးပေါ်အက်ဥပဒေအရ ၂၀၀၇ ခု၊ နိုဝင်ဘာလ ၂၆ ရက်တွင် အဖမ်းခံရသည်။ အင်းစိန်ထောင်တွင် ၇ နှစ်ကျပြီး တစ်နှစ်သက်တမ်းတိုးသေးသည်။ [2] ၂၀၀၈ ခု၊ စက်တင်ဘာလ ၂၈ ရက်တွင် ပြန်လွတ်သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် သူသည် မရမ်းကုန်းမဲဆန္ဒနယ်ကို ဝင်ပြိုင်ပြီးပြည်သူ့လွှတ်တော်အတွက် အနိုင်ရသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မရမ်းကုန်းမြို့နယ်အတွက် ထပ်အရွေးခံရသည်။

ကိုးကား

  1. "Brief biographies of the some NLD CEC members"၊ Mizzima၊ 26 May 2010 2 April 2012 တွင် ပြန်စစ်ပြီး
  2. "May Win Myint"၊ Alternative Asean Network on Burma 2 April 2012 တွင် ပြန်စစ်ပြီး Archived from the original on 8 August 2008။

ပြင်ပလင့်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.