မော်ရီတေးနီးယားနိုင်ငံ

မော်ရီတေးနီးယားနိုင်ငံ ၏ တရားဝင်အမည်မှာ မော်ရီတေးနီးယား အစ္စလာမ် သမ္မတနိုင်ငံဖြစ်ပြီး အနောက်အာဖရိက မာဂရက်ဘ် ဒေသတွင် ရှိသော နိုင်ငံဖြစ်သည်။ အနောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာ၊ မြောက်ဘက်တွင် အနောက်ဆဟာရ နိုင်ငံ၊ အရှေ့မြောက်ဘက်တွင် အယ်လ်ဂျီးရီးယားနိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် မာလီနိုင်ငံ နှင့် အနောက်တောင်ဘက်တွင် ဆီနီဂေါနိုင်ငံ တို့က ဝန်းရံထားသည်။ ယခင် ရောမတို့၏ ဒေသ မောရီတေးနီးယားကို အစွဲပြု၍ အမည်မှည့်ခေါ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ယခု မော်ရီတေးနီးယား ဒေသသည် ယခင်ဒေသ၏ အနောက်တောင်ပိုင်း အလွန်ကွာလှမ်းသော နေရာတွင် ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ အတ္တလန္တိတ် ကမ်းရိုးတန်းပေါ်တွင် ရှိသော နွပ်ချောက်မြို့ ဖြစ်သည်။

မော်ရီတေးနီးယား အစ္စလာမ် သမ္မတနိုင်ငံ
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: Honor, Fraternity, Justice
မြို့တော်
နှင့် အကြီးဆုံးမြို့
နွပ်ချောက်မြို့
ရုံးသုံး ဘာသာစကားများအာရပ်
အမျိုးအစားအစ္စလာမ် သမ္မတနိုင်ငံ
အစိုးရ
 သမ္မတ
မိုဟာမက် အောက် အက်ဘ်ဒယ် အာဇစ်
 ဝန်ကြီးချုပ်
မိုလေး အောက် မိုဟာမက် လာဒပ်ဖ်
တည်ထောင်
 လွတ်လပ်ရေး ရခြင်း (ပြင်သစ်မှ)
နိုဝင်ဘာ ၂၈ရက်၊ ၁၉၆၀
ဧရိယာ
 စုစုပေါင်း
၁,၀၃၀,၇၀၀ km² (၃၉၇,၉၅၄ sq mi) (အဆင့်: ၂၉)
 ရေထု (%)
၀.၀၃
လူဦးရေ
 ခန့်မှန်း
၃,၀၆၉,၀၀၀ (၂၀၀၉) (အဆင့် - ၁၃၅)
 သိပ်သည်းမှု
၃.၂/km² (၈.၂/sq mi) (အဆင့် - ၂၂၁)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
၆.၆၅၅ ဘီလီယံ
 Per capita
US $၂,၀၉၃
HDI၀.၅၂၀
နိမ့် · ၁၅၄
ငွေကြေးအိုဂွီရာ
တယ်လီဖုန်းကုဒ်+၂၂၂
Internet TLD.mr

မော်ရီတေးနီးယားနိုင်ငံ၏ အရပ်သားအစိုးရကို ၂၀၀၈ ခုနှစ် ဩဂုတ်လ ၈ရက်တွင် ဗိုလ်ချုပ်ကြီး မိုဟာမက် အောက် အက်ဘ်ဒယ် အာဇစ် ဦးဆောင်သော စစ်အာဏာသိမ်းမှုဖြင့် ဖယ်ရှားခြင်း ခံခဲ့ရသည်။ ၂၀၀၉ ဧပြီလ ၁၆ ရက်တွင် ဗိုလ်ချုပ်ကြီး အာဇစ်သည် စစ်တပ်မှ နုတ်ထွက်ပြီး ဇူလိုင်လ ၁၉ရက် ရွေးကောက်ပွဲတွင် သမ္မတ အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံကာ အနိုင်ရခဲ့သည်။ မော်ရီတေးနီးယားနိုင်ငံတွင် ၂၀ ရာခိုင်နှုန်းသော ပြည်သူတို့သည် တစ်နေ့လျှင် အမေရိကန် ဒေါ်လာ ၁.၂၅ ဒေါ်လာထက်နည်းသော ဝင်ငွေဖြင့် ရပ်တည် နေထိုင်ကြသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.