ရဲမြင့် (ပန်းချီဆရာ)

ဦးရဲမြင့် (၁၉၅၃ မွေးဖွား) သည် မြန်မာ ပန်းချီဆရာတစ်ဦး ဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် မြင်းခြံမြို့၌ မွေးဖွားခဲ့ပြီး မန္တလေးမြို့ အနုပညာကျောင်းတွင် တက်ရောက် သင်ကြားခဲ့သည်။[1] သူသည် ၁၉၉၉ ခုနှစ် ဖီးလစ်မောရစ် အာဆီယံ အနုပညာဆုပေးပွဲတွင် တက်ရောက်ခဲ့သော မြန်မာပန်းချီဆရာနှစ်ဦးအနက် တစ်ဦးဖြစ်သည်။[2] သူသည် မြန်မာနိုင်ငံတွင် ထင်ရှားသော ပန်းချီဆရာများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။[3]

နိုင်ငံရေးသမား အတွက် ရဲမြင့် (ဝန်ကြီးချုပ်) ကို ကြည့်ပါ။
ဦးရဲမြင့်
မွေးဖွား၁၉၅၃ (အသက် ၆၇၆၈)
မြင်းခြံမြို့မြန်မာနိုင်ငံ
ကျော်ကြားမှုအရင်းခံပန်းချီ

ဦးရဲမြင့်၏ ပန်းချီကားများကို ဂျပန်နိုင်ငံ (၁၉၉၅၊ ၁၉၉၉)၊ စင်ကာပူနိုင်ငံ (၁၉၉၆၊ ၁၉၉၈၊ ၂၀၀၅)၊ ထိုင်ဝမ်နိုင်ငံ (၁၉၉၆)၊ မလေးရှားနိုင်ငံ (၁၉၉၇၊ ၁၉၉၉)၊ ဂျာမနီနိုင်ငံ (၁၉၉၉) နှင့် ဖင်လန်နိုင်ငံ (၂၀၀၁) တို့တွင် ပြပွဲများ ပြုလုပ်ပြသခဲ့သည်။ သူ၏ ဖန်တီးမှုများကို စင်ကာပူအနုပညာပြတိုက်၊ မလေးရှား အမျိုးသားအနုပညာပြခန်းနှင့် ဖူကူအိုကာ အာရှအနုပညာပြတိုက်တို့တွင် ပြသထားသည်။[4]

ကိုးကား

  1. Exposición - Obras de Arte de MPP Yei Myint Picassa Mio 2010-11-113 တွင် ပြန်စစ်ပြီး။
  2. Writer's Profiles Modern Literature of Southeast Asia 2010-11-13 တွင် ပြန်စစ်ပြီး။
  3. Singapore Art Gallery Guide Issue Aug 07 Singapore Art Gallery။ 2010-11-13 တွင် ပြန်စစ်ပြီး။
  4. Burmese Artists | MPP Yei Myint Thavibu Gallery။ 2010-11-113 တွင် ပြန်စစ်ပြီး။

ဆက်လက်ဖတ်ရှုရန်

  • Ranard၊ Andrew (2009)။ "Fin De Siècle and Beyond"။ Burmese Painting : A Linear and Lateral History။ Silkworm Books။ pp. 295–296, 299–303။ ISBN 978-974-9511-76-3
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.