ဖင်လန်နိုင်ငံ

ဖင်လန်နိုင်ငံသည်နောဒစ်နိုင်ငံ တစ်ခုဖြစ်ပြီး ဖင်နိုစကန်ဒီရမ်းနေရာတွင် တည်ရှိသည်။ဆူအိုမီ သည် နိုင်ငံသုံး ပထမ ဘာသာစကားဖြစ်ပြီး၊ ဒုတိယ ဘာသာစကားမှာ ဆွီဒင် ဖြစ်သည်။ ၎င်းသည် အနောက်ပိုင်းတွင် ဆွီဒင်နိုင်ငံနှင့်ကပ်လျက်ရှိပြီး၊ အရှေ့ဘက်တွင် ရုရှား၊ မြောက်ဘက်တွင် နော်ဝေ နှင့် အက်စ်တိုးနီးယား သည် တောင်ဘက်ပယ်လယ်အော် တွင် တည်ရှိသည်။ မြို့တော်မှာ ဟယ်လ်ဆင်ကီဖြစ်သည်။

ဖင်လန် သမ္မတ နိုင်ငံတော်
Suomen tasavalta (ဖင်လန်ဘာသာ)
Republiken Finland (ဆွီဒင်ဘာသာ)
အလံတော် အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း:  ကျွန်ုပ်တို့၏ နိုင်ငံ(Maamme)(ဖင်လန်ဘာသာ)
ကျွန်ုပ်တို့၏ နိုင်ငံ (Vårt land) (ဆွီဒင်ဘာသာ)
မြို့တော်ဟယ်လ်စင်ကီ
အကြီးဆုံးမြို့ဟယ်လ်စင်ကီ
ရုံးသုံး ဘာသာစကားများဖင်လန် ဆွီဒင်
လူမျိုးစုFinn 93.4%
Swede 5.6%
Russian 0.5%
Estonian 0.3%
Roma (Gypsy) 0.1%
Sami 0.1%
အမျိုးအစားသမ္မတနိုင်ငံတော်
အစိုးရ
 သမ္မတ
ဆောင်လီနီနီဆတိုရ် (Sauli Niinistö)
 ဝန်ကြီးချုပ်
မာရီ ကီဗီနီယယ်မီ (Mari Kiviniemi)
တည်ထောင်
 ကိုယ်ပိုင် အုပ်ချုပ်နိုင်ချိန်
၁၈၀၉ မတ်လ ၂၉ ရက်
 လွတ်လပ်ရေး ရချိန်
၁၉၁၇ ဒီဇင်ဘာလ ၆ ရက်
 အသိအမှတ်ပြုနေ့
၁၉၁၈ ဇန်နဝါရီလ ၁၈ ရက်
ဧရိယာ
 စုစုပေါင်း
၃၃၈,၁၄၅ km² (၁၃၀,၅၅၈ sq mi) (အဆင့်: ၆၅)
 ရေထု (%)
၁၀,၀
လူဦးရေ
 ခန့်မှန်း
၅,၃၁၈,၁၉၆ (၂၀၀၈) (အဆင့် - ၁၁၁)
 သိပ်သည်းမှု
ရ၅/km²(၁၉၃/sq mi) (အဆင့် - ၁၁၉)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
၁၈၅,၉၇၉ ဘီလီယံ (အဆင့် - ၅၂)
 Per capita
US $၃၄,၈၁၉[1] (အဆင့် - ၁၂)
HDI ၀.၈၈၂
အလွန်မြင့် · ၂၂
ငွေကြေးယူရို (EUR "")
အချိန်ဇုန်+၂(နွေရာသီ) +၅
တယ်လီဖုန်းကုဒ်+358
Internet TLD.fi , .ax
  1. Semi-presidential system
  2. Before 2002: Finnish markka
  3. The .eu domain is also used, as it is shared with other European Union member states.

နိုင်ငံတွင် လူဦးရေ ၅.၄ သန်းဝန်းကျင်ခန့် ရှိပြီး၊ နိုင်ငံ၏ တောင်ပိုင်းတွင် လူဦးရေများစွာ နေထိုင်ကြသည်။ ဥရောပ နိုင်ငံများအတွင်းတွင် အဋ္ဌမမြောက် အကြီးဆုံး နိုင်ငံတစ်ခုဖြစ်ပြီး၊ လူဦးရေ အကျဲဆုံး ဖြစ်သည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ မိခင်ဘာသာစကားသည် အင်္ဂလိပ်လူမျိုးများခေါ်လျှင် ဖင်းနစ်ရှ်(Finnish) ဟုခေါ်ပြီး၊ ဖင်လန်လူမျိုးများအခေါ် ဆူအိုမီ(Suomi) ဘာသာစကားဖြစ်သည်။ အခြား ဘာသာစကားများဖြစ်သော ဖင်နို-ဦးဂရစ် မျိုးနွယ် ဘာသာစကားသည် အက်စ်တိုးနီးယား ဘာသာစကားနှင့်လည်း နီးစပ်သည်။ ဖင်လန်ဘာသာစကားသည် ဥရောပနိုင်ငံများတွင် ရုံးသုံး ဘာသာစကားဖြစ်သည့် လေးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး၊ အင်ဒို-ဥရောပ ဘာသာစကား မဟုတ်ပေ။ နိုင်ငံ၏ ရုံးသုံး ဒုတိယ ဘာသာစကားသည် ဆွီဒင် ဘာသာစကားဖြစ်ပြီး၊ နေထိုင်သူ ၅.၅ ရာခိုင်နှုန်းသာ အသုံးပြုကြသည်။ ဆွီဒင်နှင့် ဖင်လန် နယ်စပ်တွင်နေထိုင်ကြသူများ နှင့် အလန်ကျွန်း တွင်နေထိုင်ကြသူများ၏ မိခင်ဘာသာစကားမှာ ဆွီဒင်ဖြစ်ကြပြီး၊ အကျယ်တဝန်း အသုံးပြုကြသည်။

ပြည့်ဝသည့် ဒီမိုကရေစီ အုပ်ချုပ်မှုစနစ် ကျင့်သုံးပြီး၊ ဟယ်လ်စင်ကီ မြို့တော်တွင် တည်ရှိသည့် ပါလီမန်အမတ်များ နှင့် မြို့အုပ် ၄၁၅ခုဖြင့် အုပ်ချုပ်သည့် နိုင်ငံဖြစ်သည်။ လူဦးရေ တစ်သန်းသည် ဟယ်လ်စင်ကီမြို့တော်ကြီးတွင် နေထိုင်ကြပြီး (၎င်းသည် ဟယ်လ်စင်ကီအက်စ်ပိုဗန်တာ နှင့် ကူးနီအိုင်နန် တို့ဖြင့် ပေါင်းစည်းဖွဲ့ထားသည်) ၊ နိုင်ငံ၏ ထုတ်ကုန်များ၏ သုံးပုံသည် ထိုမြို့များမှ ဖြစ်သည်။ အခြား မြို့ကြီးများသည် တမ်ပယ်ရယ်တူးရ်ကူ နှင့် အုံးလူ မြို့တို့ ဖြစ်ကြသည်။

သမိုင်းတလျှောက်တွင် ဆွီဒင် နိုင်ငံ၏ လက်အောက်တွင် ရှိခဲ့ပြီး၊ ၁၈၀၉ ခုနှစ်တွင် ရုရှား အင်ပါယာ ၏ ထိမ်းချုပ်မှုအောက်တွင် ရှိခဲ့သည်။ ရုရှားလက်အောက်မှ ၁၉၁၇ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။ ထိုအချိန်တွင် ဆိုဗီယက် ယူနီယံသည်၊ ဂျာမဏီ နိုင်ငံ၏ နာဇီ နှင့် စစ်ဆင်နေပြီး၊ စစ်အေးကာလကြီးအတွင်းတွင် လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ် ၁၉၅၅ ခုနှစ်တွင် အသင်းဝင်ခဲ့ပြီး၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၅ ခုနှစ်တွင် အသင်းဝင်ခဲ့သည်၊ ၎င်းသည် ယူရိုဇုန် ဟုခေါ်ဝေါ်သော ဥရောပမြေအဖြစ် အသိအမှတ်ပြုခံထားရသည့် နိုင်ငံဖြစ်သည်။ လှုမှုဖူလုံရေး၊ စီးပွားရေး ၊ နိုင်ငံရေး၊ စစ်တပ်မှ နိုင်ငံ့အာဏာ အလွဲသုံးစားလုပ်မှုများ အား လေ့လာစစ်ဆေး အတည်ပြုထားသည့် စာတမ်းများအရ ကမ္ဘာ့နိုင်ငံများတွင် နံပါတ် ၂ အတည်ငြိမ်ဆုံး နိုင်ငံအဖြစ် ခေါ်ဝေါ်ခံရသည်။

ဖင်လန် သည် နိုင်ငံတကာ နိုင်ငံများနှင့် ယှဉ်လျှင်၊ နည်းပညာ တီထွင်ထုတ်လုပ်နိုင်မှု၊ အများပြည်သူအတွက် ပညာရေးအစီအစဉ်များ၊ နိုင်ငံမှ ထုတ်ကုန်များ တိုးတက်လာမှု နှင့် လူ့အခွင့်အရေး လွတ်လပ်မှုများကို ကာကွယ်ပေးနိုင်ခြင်းများဖြင့် အကောင်းဆုံး နိုင်ငံများ စာရင်းတွင် အမြဲတွေ့ရှိလေ့ ရှိသည်။ စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်ခဲ့သော်လည်း၊ စက်မှုလက်မှု နိုင်ငံများအဖြစ်သို့ ၁၉၅၀ အလွန်မှသာ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ စီးပွားရေးတိုးတက်မှုများ တရှိန်ထိုးဖြစ်ပေါ်လာခဲ့ပြီး၊ အထူး သက်သာချောင်ချရေး နှင့် လူမှုရေးအဓိကထားသည့် နိုင်ငံတစ်ခုအသွင်ပြောင်းနိုင်ခဲ့ပြီး၊ ကမ္ဘာ့အရှေ့ နှင့် အနောက် စီးပွားရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ အကြားတွင် အဆင်ပြေစွာရပ်တည်နိုင်ခဲ့သည်။ နိုင်ငံ၏ ဖန်တီးနိုင်မှုစွမ်းအားသည် ကမ္ဘာ့နိုင်ငံများနှင့်ယှဉ်လျှင် အမြဲထိပ်ပိုင်းတွင် တွေ့ရှိရသည်။ ဖင်လန်သည် ကမ္ဘာ့အကောင်းဆုံး နိုင်ငံတစ်ခုအဖြစ် ၂၀၁၀ ခုနှစ်တွင် Newsweek စစ်တမ်းအရ၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး ပတ်ဝန်းကျင် အခြေအနေ နှင့် လူနေမှုအဆင့်အတန်း အရေအသွေးပေါ် မူတည်ကာ ဗိုလ်ဆွဲခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတွင် ဒုတိယ အတည်ငြိမ်ဆုံးနိုင်ငံအဖြစ်လည်း အမည်ရခဲ့ပြီး၊ ၂၀၀၉ လီဂတမ် ချမ်းသာကြွယ်ဝမှု အမှတ်ပေးစာရင်းတွင်လည်း ပထမရရှိခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးဖော်ရမ် မှ ဖင်လန်နိုင်ငံအား ကမ္ဘာ့စီးပွားရေးပြိုင်ဆိုင်မှု နိုင်ငံများတွင် အဆင့် ၇ နေရာပေးခဲ့သည်။ ပညာရေးတွင် ပညာဘွဲ့ရရှိသူဦးရေ အများဆုံးအဖြစ် အဆင့် ၃တွင် ရှိခဲ့ပြီး၊ OECD Factbook 2010 ၏ ကမ္ဘာ့နိုင်ငံများရှိ ဘွဲ့ရရှိသူများ၏ ပုံမှန်အသက်၊ နိုင်ငံရှိလူဦးရေရာခိုင်နှုန်းပေါ်မူတည်ကာ စစ်တမ်းကောက်ယူအမှတ်ပေးထားခြင်းဖြစ်သည်။လက်ရှိတွင် ဖင်လန်နိုင်ငံအား ကမ္ဘာ့နိုင်ငံများတွင်ငြိမ်းချမ်းခြင်းပြိုင်ဆိုင်နိုင်မှု အားကောင်းခြင်းနေထိုင်ရန် သင့်တော်ခြင်းများဖြင့် ထိပ်ဆုံးနိုင်ငံများတွင် တွေ့ရှိနိုင်သည်။ [2][3][4][5]

သမိုင်း

ရင်းမြစ်ဗေဒ

ဆူအိုမီ (Suomi) ဆိုသည့် အမည် ဘယ်ကဖြစ်ပေါ်လာသည်မှာ မသေခြာသော်လည်း၊ ရစ်မြစ်တူသည့် ဝေါဟာရတစ်ခုမှာ ပရို-ဘဲလ်တစ် စာလုံးဖြစ်သည့် ဇဲမဲ*zeme, သည် မြေဟု အဓိပ္ပါယ်ထွက်သည်။ ဖင်လန်ဘာသာ စကားနှင့် နီးစပ်သည့် (the Baltic-Finnic languages) အခေါ်အဝေါ်ကို Baltic languages Latvian နှင့် Lithuanian တို့တွင် တွေ့ရှိနိုင်သည်။ ၎င်းအပြင် အင်ဒို-ယူရိုပီရမ် စကားလုံးဖြစ်သည့် *gʰm-on"man"(cf. Gothic guma, Latin homo)တို့မှ ဆင်းသက်လာသည်ဟု ပြောနိုင်ပြီး၊ *ćoma အဖြစ် ငှားရမ်းထားခြင်းဖြစ်သည်။ ထိုစကားလုံးသည် Finland Proper နယ်မြေကိုသာ သက်ရောက်ခြင်းရှိပြီး၊ များမကြာမီ Gulf of Finland ၏ မြောက်ပိုင်းကန်းရိုးတန်း၊ မြောက်ပိုင်းမြေဖြစ်သည့် Ostrobothnia သည် ထိုအချိန်တွင် ၁၈ ရာစုအထိ မပါဝင်သေးခြေ။ အစောပိုင်း ယူစချက်များတွင်လည်း suomaa (fen land) သို့ suoniemi (fen cape) ဆင်းသက်လာခြင်းဖြစ်ပြီး၊ ဆားမယ် saameလူမျိုးများ (Sami, a non-Finnish people in Finland) နှင့် ဟာမယ် လူမျိုးများအကြားHäme (a Finnish people and a province) နှိုင်းယှဉ်ချက်များမှ ဖြစ်ပေါ်လာသည်ဟုဆိုသော်လည်း၊ ယခုအခါတွင် ၎င်းယူစချက်များ အကျုံးမဝင်တော့ဟုဆိုသည်။[6]

ရှေးဦးသမိုင်း

အနုဇီဝလေ့လာမှုများ၏ သက်သေအထောက်အထားများအရ၊ ဖင်လန်နိုင်ငံ၏ မြေအရင်းအမြစ်သည် လွန်ခဲ့သည့် ရေခဲကျောက်ခေတ် ဘီစီအီး ၈၅၀၀ ခန့် ၊ နောက်ဆုံး ရေခဲကျောက်ခေတ် ရှိ ရေခဲများပျော်သွားချိန်မှ စတင်ခဲ့သည်ဟု ဆိုသည်။ ပထမဦးဆုံးနေထိုင်ခဲ့သူများ၏ ကျန်ရစ်ခဲ့သော artifacts ထူးခြားသော လက္ခဏာများကိုကြည့်လျင် အက်စ်တိုနီးယား၊ ရုရှား၊ နော်ဝေ နိုင်ငံများ နှင့် ဆက်နွယ်နေသည်။[7] အစောဆုံးနေထိုင်သွားသူများမှာ တောလိုက် မုဆိုး များ ဖြစ်ပြီး၊ ကျောက်ကို လက်နက်အဖြစ် အသုံးပြုခဲ့ကြသည်။[8]

ဖင်လန်သို့ ၃၀၀၀-၂၅၀၀ ဘီစီအီး တွင်ရောက်ရှိလာသည့် Corded Ware ယဉ်ကျေးမှုသည် နိုင်ငံ၏ စိုက်ပျိုးရေး စတင်ပေါ်ပေါက်လာနိုင်ခြင်းဖြစ်သည်။[9] စိုက်ပျိုးရေးကို စတင်ခဲ့သော်လည်း၊ အမဲလိုက်ခြင်း နှင့် ငါးဖမ်းခြင်းတို့သည့် နိုင်ငံ၏ စီးပွားရေး ကို အရေးပါသော အထောက်အကူ ပြုမြဲဖြစ်သည်။

လက်တလော သမိုင်း

၂၀၀၂ ခုနှစ်တွင် ယူရိုငွေကြေး ကို စတင်အသုံးပြုခဲ့သည်။ အခြား နော်းဒစ် နိုင်ငံများ အရ ဖင်လန် စီးပွားရေးသည် ၁၉၈၀ခန့်မှ စတင်ကာ စီးပွားရေး လွတ်လပ်မှုစနစ် စတင်ကျင့်သုံးခဲ့သည်။ ဈေးကွက်စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု စည်းမျဉ်းစည်းကမ်းများကိုလည်း လျှော့ပေါ့စေရန် ပြင်ဆင်ရေးသားခဲ့သည်။ နိုင်ငံပိုင် ကုမ္ပဏီတစ်ချို့ကိုလည်း ပုကလိက ကုမ္ပဏီများအဖြစ် အသွင်ပြောင်းခဲ့ပြီး အကောက်အခွံလျှော့ပေါ့ ကောက်ယူမှုစနစ်များလည်း ကျင့်သုံးခဲ့သည်။ ဥရောပ သမဂ္ဂ သို့ ၁၉၉၅ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး၊ ၁၉၉၉ တွင် ယူရိုဇုန် နိုင်ငံတစ်ခုဖြစ်ခဲ့သည်။

၂၀၀၂ ခုနစ်တွင် ဥရောပအဖွဲ့ဝင်သုံး ငွေကြေး ဖြစ်သည့် ယူရို ကို နိုင်ငံသုံး ငွေကြေးအဖြစ် စတင်အသုံးပြုခဲ့သည်

လူဦးရေသည် အသက်အိုမင်းသူများ များပြားလာပြီး မွေးဦးရေ အယောက် ၁၀၀၀ တွင် ၁၀.၄၂ ရာနှုန်းသာ ရှိပြီး၊ သေဆုံးသူရာနှုန်းမှာ ၁.၈ ရှိသည်။ ၁.၆သည် နိုင်ငံသားအားလုံး၏ ပျမ်းမျှအသက်ဖြစ်ပြီး၊ အသက်ရှည်သူများပြားသည့် နိုင်ငံထဲတွင်ပါဝင်သည်။ [10] နိုင်ငံ၏ ရွေးကောက်ပွဲမဲပေးသူ ဦးရေထက်ဝက်သည် အသက်၅၀ ကျော်သည်။ အခြားဥရောပ နိုင်ငံများနည်းတူ၊ လူဝင်မှုကြီးကြပ်ရေး ပုံစံမပြောင်းဘဲ နိုင်ငံသို့ ပြောင့်ရွှေ့ အခြေချနေထိုင်သူများ တိုးတက်လာခြင်းမရှိပါက လူဦးရေ မညီညာမှုများ ဖြစ်လာနိုင်သော်လည်း၊ အခြား တိုးတက်ပြီးသော နိုင်ငံများနှင့် ယှဉ်ကြည့်ပါက ပို၍ ကောင်းမွန်သော စီးပွားရေးလည်ပတ်နိုင်မှုကို တွေ့ရှိနိုင်သည်။

ငွေကြေးဟောင်းဖြစ်သည့် မာက်ကာ Finnish markka ကို ယူရို euro နှင့် ၂၀၀၂ တွင် အစားထိုး အသုံးပြုခဲ့သည်။ ထိုနေ့ကို ကြိုဆိုသောအားဖြင့် ယူရိုငွေကြေးစေ့များကို ၁၉၉၉ တွင် စတင်ထုတ်ဝေမှုများရှိခဲ့သည်။ ထို့ကြောင့် ငွေကြေးစေ့များကို ကြည့်ပါက အခြား ဥရောပဇုန် နိုင်ငံများ နှင့်မတူဘဲ အဟောင်းဆုံး ခုနှစ်မှာ စတင်အသုံးပြုသည့် ၂၀၀၂ ခုနှစ်အစား၊ ၁၉၉၉ကို တွေ့ရှိနိုင်သည်။ ဒီဇိုင်းပုံစံ ၃မျိုးကို (ဒီဇိုင်း ၂ခုကို ၂ယူရို နှင့် ၁ယူရိုတို့အတွက် အသုံးပြုပြီး၊ ကျန်ဒီဇိုင်းကို ကြေးစေ့ အသေးစားများတွင် ၅၀၊ ၂၀၊၁၀၊၅ ဆန့် အထိ အသုံးပြုပြီး၊ ) ဖင်လန်ငွေ ယူရိုအတွက် ရွေးခြယ်အသုံးပြုသည်။ ၂၀၀၇ ခုနှစ်တွင် ဥရောပဇုန် နိုင်ငံများနည်းတူ ငွေကြေးစေ့များတွင် ပုံမှန်ပါရှိသည့် မြေပုံဟောင်းအား မြေပုံအသစ် အစားထိုး စတင်အသုံးပြုနိုင်ရန်အတွက်၊ ဖင်လန် ငွေကြေးစေ့ မျက်နှာပြင်တစ်ခုလုံးကို မြေပုံအသစ်ဖြစ် ပြောင်းလည်း ပြင်ဆင်ခဲ့သည်။

ပထဝီအနေအထား

ရာသီဥတု

ပူရ်ဟ်ဟာ-လူဝိုဆတို နိုင်ငံတော် ပန်းခြံ၊ လပ်လန်း။

စိုထိုင်းပြီး အေးစိမ့်သည့် နေရာတွင် တည်ရှိပြီး၊ နွေရာသီတွင် နွေးထွေးပြီး ဆောင်းရာသီတွင် အေးခဲလောက်သည့် ရာသီဥတုဖြစ်သည်။ ဖင်လန်တောင်ဘက်ရှိ ရာသီဥတုသည် ကမ္ဘာ့မြောက်ပိုင်းတွင် တည်ရှိသည့် ရာသီများနှင့် တူသည်။ တောင်ပိုင်း ဆောင်းရာသီတွင် အအေးချိန်သည် (ပုံမှန်အားဖြင့် "0" စင်တီဂရိတ် အောက်တွင်ရှိသည်) ၄လကြာမြင့်ပြီး နှင်းများသည် ဒီဇင်ဘာမှစ၍ ဖုံးလွှမ်းနိုင်ပြီး၊ ဧပြီလစမ်း အထိဖြစ်သည်။ တောင်ဘက်ကမ်းစပ်များ၏ ဆောင်းရာသီဦးပိုင်းတွင် နှင်းများ မကြာခဏ ပြန်ပျော်လေ့ရှိပြီးမှ ပြန်လည်ဖုံးလွှမ်းခြင်းမျိုးရှိသည်။ တောင်ဘက်ပိုင်းရှိ အအေးဆုံးနေ့များတွင် -၂၀အောက်အထိဖြစ်နိုင်ပြီး၊ အပူဆုံးနေ့များမှာ ဇူလိုင် နှင့် ဩဂုတ်လများတွင်ဖြစ်နိုင်ပြီး၊ အပူချိန် ၃၀ အထိရှိနိုင်သည်။

ဆောင်းရာသီ မြင်ကွင်း
ကိုလီ အမျိုးသား ပန်းခြံ၊ နွေရာသီ မြင်ကွင်း

ရာသီသည် အစေ့စိုက်ပျိုးနိုင်သည့် မြေမျိုးရှိပြီး တောင်ပိုင်းတွင် စိုက်ပျိုးကြပြီး၊ မြောက်ပိုင်းအစွန်တွင်မူ စိုက်ပျိုး၍ မရပေ။[11] နိုင်ငံမြေ၏ တစ်ပုံ သုံးပုံသည် မြောင်ဝင်ရိုးစွန်း အတွင်းတည်ရှိပြီး၊ ညထွက်နေအား မြောက်ပိုင်း လည်ရောက်သူများအတွက် ပို၍ ကြာရှည်စွာ မြင်နိုင်သည်။ ဖင်လန်၏ မြောက်ဖြားပိုင်း နွေရာသီတွင် ၇၃ ရက်တိုင်တိုင် နေမဝင်သည်ကို တွေ့ရမည်ဖြစ်ပြီး၊ ဆောင်းရာသီတွင် ၅၁ ရက်တိုင်အောင် နေမထွက်သည်ကို တွေ့ရှိနိုင်သည်။ ဖင်လန်တွင် ရာသီကာလ ဟူ၍ လေးမျိုးရှိပြီး နှစ်စဉ်တိုင်းတာချက်အများရ -

  • ဆောင်းရာသီ- ၀ ဒီဂရီဆင်တီဂရိတ် အောက်တွင်ရှိသည်။
  • နွေကူးရာသီ- ၀ ဒီဂရီဆင်တီဂရိတ် မှ +၁၀ ဒီဂရီဆင်တီဂရိတ် သို့ တက်သွားနိုင်သည်။
  • နွေရာသီ- +၁၀ ဒီဂရီဆင်တီဂရိတ် အထက်တွင်ရှိသည်။
  • ဆောင်းကူးရာသီ- +၁၀ ဒီဂရီဆင်တီဂရိတ် မှ ၀ ဒီဂရီဆင်တီဂရိတ် သို့ ကျသွားသည်။

(နွေရာသီတွင် အပူဆုံးနေ့များမှာ +၃၀ ဒီဂရီဆင်တီဂရိတ် ဝန်းကျင်ဖြစ်နိုင်ပြီး၊ ဆောင်းတွင်းတွင် -၃၀ အထိလည်း အေးနိုင်သည်။)

တိုင်းနှင့် ပြည်နယ်များ

နိုင်ငံရေး

သမ္မတ

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖင်လန်နိုင်ငံ၏ သမ္မတ သည် နိုင်ငံ၏အကြီးဆုံး အုပ်ချုပ်သူဖြစ်သည်။ ဖင်လန်သည် ပုံမှန်အားဖြင့် သမ္မတ တစ်ဝက် ပါလီမန်တစ်ဝက် စနစ်ဟု ဆိုသော်လည်း၊ သက္ကရာဇ် ၂၀၀ခုနှစ် ပြင်ဆင်ချက်၊ ၂၀၁၂ ထပ်မံ ပြင်ဆင်ချက်တို့ကြောင့် သမ္မတသည် နိုင်ငံ့ပွဲတော်များတွင် အရေးပါသူ နှင့် ဆုံးဖြတ်ချက်များတွင် အရေးမပါတော့သည့် နေရာတွင်ရောက်ရှိခဲ့သည်။[12]

ပါလီမန်

ပါလီမန်အတွင်းတွင် ဆွေးနွေးတင်ပြနေကြစဉ်
ဟယ်လ်စင်ကီမြို့တွင် တည်ရှိသည့် ပါလီမန်၏ အဓိက အဆောက်အအုံ

လူမှုဖူလုံရေး အာမခံ

၁၉၈၀ နောက်ပိုင်းတွင် ဖင်လန်သည် ကမ္ဘာ့နိုင်ငံများထဲတွင် လူမှုဖူလုံရေး အာမခံ အများဆုံး ပြီးပြည့်စုံသည့် နိုင်ငံတွင်ပါဝင်ပြီး၊ ဖင်းများအားလုံး ပြည့်ပြည့်စုံစုံ သာမန်နေထိုင်ခွင့် အဆင့်အတန်းဖြစ်စေရန် အာမခံနိုင်သည့် လူမှုဖူလုံရေးစနစ်ဖြစ်သည်။ လူမှုဖူလုံရေးစနစ် ဖြတ်တောက်မှုများ ရှိလာသော်လည်း၊ ယနေ့တိုင် ကမ္ဘာတွင် စံချိန်တင်လောက်ရသည့် ပြီးပြည့်စုံသည့် စနစ်ရှိနေဆဲဖြစ်သည်။ [citation needed]ဒုတိယ ကမ္ဘာစစ်ဖြစ်ပြီး နှစ် ၃၀နောက်ပိုင်းမှ ကြီးထွားလာသည့် ၎င်းစနစ်သည် နောဒစ်နိုင်ငံများ၏ ယုံကြည်ချက်တစ်ခုဖြစ်သည့် နိုင်ငံသည် လူမျိုးအဆင့်အတန်းမြင့်တင်ရေးကို လက်ဝါးကြီးအုပ်ခြင်းမျိုးမဟုတ်ဘဲ၊ တတောင့်တနေရာမှ ၎င်းတို့အတွက် ကိုယ်စား ဆောင်ရွက်ပေးရမည်ဟုဆိုသည့်အချက်ကို လက်ခံသည့် နိုင်ငံဖြစ်သည်။ လူမှုဖူလုံရေး သမိုင်းရှင်များက ဤယုံကြည်မှုသည်

စီးပွားရေး

နိုင်ငံ၏ ထုတ်ကုန်အင်အား အစစ်ကို ဖော်ပြပုံ

ဖင်လန်သည် စက်မှုအင်အားသုံး၍ ထုတ်လုပ်မှုများသည့် နိုင်ငံတစ်ခုဖြစ်ပြီး၊ နိုင်ငံရှိ လူတစ်ယောက်၏ ထုတ်ကုန် အင်အားကို ယှဉ်ကြည့်သော် အခြား ထုတ်ကုန်မြင့်မားသည့် နိုင်ငံကြီးများဖြစ်သည့်၊ ပြင်သစ်၊ ဂျာမဏီ၊ ဘယ်လ်ဂျီယံ နှင့် ယူကေ တို့နှင့် တူညီသည်။ ၆၆ရာနှုန်းရှိသည့် အကြီးမားဆုံး စီးပွားရေး လုပ်ငန်းသည် ဝန်ဆောင်မှုအပိုင်းတွင်ဖြစ်ပြီး၊ ကျန်ရှိသည့် ၃၁ရာနှုန်းသည် ထုတ်ကုန် နှင့် အချောကိုင်သည့် လုပ်ငန်းများဖြစ်သည်။ အဓိက ထုတ်လုပ်မှုမှာ ၂.၉ ရာနှုန်းဖြစ်ပြီး၊ နိုင်ငံခြားကုန်သွယ်မှုများကို ကြည့်ပါက ထုတ်လုပ်မှု အပိုင်းသည် အဓိက ဝင်ငွေဖြစ်သည်။ လျပ်စစ်ပိုင်းဆိုင်ရာ ထုတ်လုပ်မှုသည် ၂၂ရာနှုန်းရှိပြီး၊ စက်ပစ္စည်းများ၊ ယာဉ်ထုတ်လုပ်မှု နှင့် အခြားသော သံထုတ်လှုပ်မှု အင်ဂျင်နီယာပိုင်းတို့သည် ၂၁.၁ ရာနှုန်းရှိသည်။ သစ်တော လုပ်ငန်းမှာ ၁၃ရာနှုန်းရှိပြီး၊ ဓာတုဗေဒ ထုတ်လုပ်မှုတွင် ၁၁ရာနှုန်းရှိသည်။

နိုင်ငံ၏ အကြီးဆုံး ထုတ်ကုန် ကုမ္ပဏီတစ်ခုဖြစ်သည့် နိုကီယာ၏ မိခင်အဆောက်အဦးဖြစ်သည်

ဖင်လန်တွင် သစ်တောနှင့် ဓာတ်ကျောက်များစွာရှိပြီး၊ ရေချိုပေါများသည့် နိုင်ငံဖြစ်သည်။ သစ်တော၊ စာရွက်ထုတ်လုပ်သည့် လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ(အတွက် နိုင်ငံတော်မှ အခွန်ငွေများထဲမှ ၃ သန်းနှစ်စဉ် အသုံးပြုသည်) သည် ကျေးလက်များတွင် နေထိုင်ကြသူများတွက် နိုင်ငံရေးအဆင့်အထိ ဆွေးနွေးကြရသည့် ကိစ္စတစ်ခုဖြစ်သည်။ နိုင်ငံတော်၏ ထုတ်ကုန် သုံးပုံ တစ်ပုံတွင် ဟယ်လ်စင်ကီ အကြီးပိုင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ ၂၀၀၄ အိုအီးစီဒီ ယှဉ်တမ်းတွင်၊ နည်းပညာမြင့်မားသည့် ထုတ်ကုန် ထုတ်လုပ်ကြရာတွင် ဖင်လန်သည် ဒုတိယအဖြစ်၊ အိုင်ယာလန်နောက်တွင် နေရာရရှိသည်။ အထူး-အတက်ပညာ ဝန်ဆောင်မှုပိုင်းတွင်းလည်း တိုးတက်မှုကျဆင်းခြင်း အနည်းဆုံး နှင့် နည်းပညာနည်းပါးသည့် ထုတ်လုပ်မှုများတွင် ဒုတိယအကြီးဆုံးအဖြစ် အိုင်ယာလန်အနောက်တွင် အဆင့်ရသည်။ အများအားဖြင့် လက်ရှိထုတ်လုပ်နိုင်မှုသည် ကောင်းသည့် အဆင့်တွင်ရှိပြီး၊ အခြား အီးယူ နိုင်ငံများထက် မြင့်မားသည့် နေရာတွင်ရှိသည်။

ဖင်လန်သည် ကမ္ဘာ့စီးပွားရေး တွင် ပါဝင်မှုမြင့်မားသည့် စီးပွားရေးပုံစံဖြစ်ပြီး၊ နိုင်ငံတကာ ကုန်သွယ်မှုသည် နိုင်ငံ ထုတ်ကုန်၏ သုံးပုံဖြစ်သည်။ စီးပွားရေးကို ခြုံပြရသော် ဥရောပ သမဂ္ဂ တွင် ၆၀ရာနှုန်းရှိပြီး၊ အကြီးမားဆုံး ကုန်သွယ်မှုသည် ဂျာမဏီ၊ ရုရှား၊ ယူကေ၊ အမေရိကန်၊ နယ်သာလန် နှင့် တရုတ်တို့ဖြစ်သည်။ ကုန်သွယ်ရေး ပရိယာယ်ဆိုင်ရာများကို ဥရောပ သမဂ္ဂမှ ကိုင်တွယ်ထားပြီး၊ စိုက်ပျိုးရေမှ လွဲ၍ လွတ်လပ်စွာ ကုန်သွယ်မှုအဖြစ်ပါဝင်သူဖြစ်သည်။ နော်ဒစ်နိုင်ငံများထဲမှ ယူရိုဇုန်များတွင် တစ်ဦးတည်း ပါဝင်သည့် နိုင်ငံဖြစ်သည်။

ဖင်လန်သည် ယူရိုငွေကြေးအသုံးပြုသည့် နိုင်ငံဖြစ်ပြီး၊ ,ယူရိုဇုန်(နက်ပြာရောင်) ရှင်ဂန်ဧရိယာ နှင့် အီးယူ တစ်ခုတည်းသော ဈေးကွက်တွင် ပါဝင်ထားသည်

လမ်းပန်း ဆက်သွယ်ရေး

ဖင်လန်နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးသည် ကမ္ဘာ့ချမ်းသာသော နိုင်ငံများ၏ လမ်းပန်းဆက်သွယ်ရေး နှင့် တူညီသည်။ လူဦးရေနည်းပါသော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် အထူး ပြုလုပ်ပေးထားသည်။ နိုင်ငံ၏ရာသီဥတု အအေးဓာတ်များလွန်းသောကြောင့် ကတ္တရာလမ်းများ အက်ကွဲကုန်သော်လည်း၊ ပြန်လည်ပြုပြင်ပေးကာ နိုင်ငံတကာ အဆင့်အတန်းကို အမီထားသည်။ ကျွန်းများတွင် နေထိုင်ကြသူများအတွက် အခမဲ့ ဖယ်ရီများ စီစဉ်ပေးခြင်း၊ အသက်ကြီးသူများ၊ ကျောင်းသားများ အတွက် ဈေးနှုန်း တစ်ဝက်လျော့ပေးခြင်း၊ ဘတ်စ်ကားများ ရထားများ အချိန်မှန်ခြင်းတို့သည့် ဖင်လန်၏ စံနမူနာဖြစ်သည်။

လပ်လန်ဒေသတွင် ကျင်လည်ကြက်စားကြသော တောရိုင်းသားကောင်များ အထူးသဖြင့်moose နှင့် reindeerတို့ကြောင့် နှစ်စဉ် ယဉ်တိုက်ပွားမှုများ မကြခဏ ရှိသည်

ကားလမ်း

အထူးကောင်းမွန်သော လမ်းစနစ်ရှိပြီး အများအားဖြင့် ပြည်တွင်းသုံး ကုန်တင်ကားများ နှင့် လူသုံးကားများ အသုံးပြုကြသည်။ နှစ်စဉ် လမ်းပန်းကောင်းမွန်စေရန်အတွက် အသုံးပြုသည့် ငွေကြေးမှာ ၁ဘီလယံ ယူရိုအား၊ ကားခွန်များ နှင့် လောင်စာဆီခွံများဖြစ်သည့် ၁ ဘီလယံမှ ၁.၅ ဘီလယံ ရရှိသည့် ငွေများမှ အသုံးပြုသည်။

နိုင်ငံပိုင်VR သည် မြန်နှုန်းမြင့် ရထားဖြင့် မြို့ကြီးများကို ချိတ်ဆက်ပေးထားသည်

ရထားလမ်း

နေထိုင်သူလူဦးရေ နည်းသော်လည်း၊ နိုင်ငံတော်မှ နှစ်စဉ် သန်း ၃၅၀ ယူရို အသုံးပြု၍ ၅,၈၆၅ ကီလိုမီတာ (၃,၆၄၄ မိုင်) ရှည်လျားသည့် ရထားလမ်းကြီးကို ပြုပြင်ခြင်းများပြုလုပ်ပေးသည်။ ရထားလမ်းကို နိုင်ငံပိုင် VR Groupမှ ကိုင် တွယ်ပြီး၊ အသုံးပြုသည့် ၅ရာခိုင်နှုန်းသည် ခရီးသွားများ(၈၀ ရာခိုင်နှုန်းသည် မဟာ ဟယ်လ်စင်ကီး ကို ချိတ်ဆက်ထားသည့် ရထားအသုံးပြုသူများ)၊ ၂၅ ရာခိုင်နှုန်းသည် ကုန်များသယ်ဆောင်ရန်အသုံးပြုကြသည်။[13] ၂၀၁၀ ဒီဇင်ဘာ ၁၂ ရက်မှ စ၍ ကာရေးလီးယမ်း ရထားရုရှား ရထား နှင့် VR (Finnish Railways) တို့ လက်တွဲ လုပ်ဆောင်ကြသည့် Alstom Pendolinoသည် ရုရှားနိုင်ငံ၊ စိန့်ပီတာ့စ်ဘတ် မြို့Finlyandskyနှင့် ဟယ်လ်စင်ကီမြို့Central ကို ကူးသန်းသွားလာသည့် အမြန်ရထားဖြစ်သည်။ ၎င်း ဝန်ဆောင်မှုကို"Allegro" ဟု အမည်ပေးထားပြီး တစ်နာရီလျင် ၂၂၀ ကီလိုမီတာ ခုတ်မောင်းနိုင်သည့် မြန်နှုန်းမြင့် ရထားကြောင့် Helsinki မှ Saint Petersburg သို့ ၃နာရီခွဲအချိန်ဖြင့် ရောက်ရှိနိုင်ပြီဖြစ်သည်။.

နှင်းထူထက်နေသောလည်း ရေခဲပြင်တွင် လမ်းဖောက်ပေးသော သင်္ဘော

ရေလမ်း

နိုင်ငံတွင် ရေကန်ကြီးများ ပေါများခြင်းကြောင့် ရေလမ်းဆက်သွယ်မှုသည် ဖင်းများအတွက် အပျော်စီး (သို့) ငါးမျှားခြင်း စသည်တို့အတွက် အသုံးပြုသည်။ နိုင်ငံ၏ အရှေ့ဘက် နှင့် တောင်ဘက်တွင် ပင်လယ်မှ အိမ်နီးခြင်းနိုင်ငံများသို့ သင်္ဘောဖြင့် သွားလာနိုင်သည်။ ဂျာမနီနိုင်ငံ၊ အက်စ်တိုးနီးယား နိုင်ငံ နှင့် ဆွီဒင်နိုင်ငံများသို့ ရေလမ်းခရီးမှ သွားရောက်နိုင်သည်။ တူ့ဟိုလ်မာ နှင့် ဟယ်လ်စင်ကီကြား သွားသည့် ကားတင် သင်္ဘောကြီးသည် ကမ္ဘာတွင် အကြီးမားဆုံးထဲမှ တစ်ခုဖြစ်သည်။ နာမည်ကြီးသော သင်္ဘောလိုင်းများမှာ ဆီးလ်ရာ၊ ဗိုင်ကင်းလိုင်း နှင့် အက်စ်တိုးနီးယားပိုင် တာလ္လင့်က် တို့ဖြစ်ကြသည်။


လေကြောင်း

ဟယ်လ်စင်ကီ-ဗန်တာ လေယာဉ်ကွင်း သည် နိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး၊ ဈေးနှုန်းမျိုးစုံဖြင့် ထွက်ခွာသည့် လေယာဉ်ပေါင်းစုံရှိသည်

လူအများဆုံး ထွက်ခွာမှု အသုံးပြုသည့် နေရာမှာ ဟယ်လ်စင်ကီ-ဗန်တာ လေယာဉ်ကွင်းဖြစ်ပြီး ၂၀၀၈ခုနှစ်တွင် အသုံးပြုသူ ၁၃သန်းရှိသည်။အုံးလူ လေယာဉ်ကွင်း သည် နိုင်ငံ၏ လေယဉ်ကွင်းပေါင်း ၂၅ ခုအနက် ဒုတိယ အကြီးဆုံးဝန်ဆောင်မှုပေးသည့် နေရာဖြစ်သည်။[14]ဟယ်လ်စင်ကီ-ဗန်တာတွင် အခြေချကြသည့် လေကြောင်းလိုင်းများမှာ ဖင်းန်အဲ, ဘလူး၁ နှင့် ဖင်းန်ကွန် လေကြောင်း တို့သည် နိုင်ငံတကာ နှင့် ပြည်တွင်းလိုင်းများကို ချိတ်ဆက်ပေးထားသည်။ပြည်တွင်းသို့ သက်သာချောင်ချိသည့် လေကြောင်းလိုင်းများဖြစ်သည့် နော်ဝေဂျီယံဘော့လ်တစ်အဲ နှင့် တမ်ပယ်ရယ်မြို့ အခြေစိုက်ရွိုင်ရန် အဲ တို့လည်းရှိသည်။ ဟယ်လ်စင်ကီသည် အနောက် ဥရောပ နှင့် အရှေ့လွန်ဒေသများသို့ ပို၍ နီးစပ်သည့် စက်ဝိုင်းအတွင်းတွင်ရှိသည်။

စီးပွားရေး လုပ်ငန်းများ

ဖင်လန်သည် အလျင်အမြန် စက်မှုနိုင်ငံအဖြစ် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းတွင် တိုးတက်လာခဲ့ပြီး၊ လူတစ်ယောက်ထုတ်ကုန်သည် ယူကေ နှင့် ဂျပန် နိုင်ငံတို့ အညီ ၁၉၇၀ ခုနှစ်အစပိုင်းတွင် အမီလိုက်နိုင်ခဲ့သည်။ အထူးသဖြင့်၊ အတိုးတက်ဆုံး လုပ်ငန်းနှစ်ခုမှာ ပို့ကုန်များဖြစ်ပြီး၊ သံလုပ်ငန်းထွက် ပို့ကုန် နှင့် သစ်တော်လုပ်ငန်းထွက် ပို့ကုန်တို့ဖြစ်သည်။

သံထွက်လုပ်ငန်း

သံလုပ်ငန်းထွက်ပို့ကုန်များတွင် သင်္ဘောဆောက်လုပ်ရေး၊ သံပစ္စည်း ဆောက်လုပ်ရေး၊ ကားထုတ်လုပ်ရေး နှင့် အင်ဂျင်နီယာ ထုတ်ကုန်များဖြစ်သည့် အင်ဂျင် နှင့် လျပ်စစ်ပစ္စည်းများ၊ သံထွက်ကုန်များဖြစ်သည့် စတီးလ်၊ ကြေး၊ နှင့် ခရိုမီယမ်တို့ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ပင်လယ်ပေါ်မှ အိုအေစစ် နှင့် ညှို့ဆောင်နေသော ပင်လယ်များ အမည်ရှိသည့် အပျော်စီးသင်္ဘောကြီးများကို ဖင်လန်နိုင်ငံတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

သစ်တောထွက် လုပ်ငန်း

နိုင်ငံရှိမြေ ၇၇ရာခိုင်နှုန်းသည် သစ်တော်ရှိပြီး(အများအားဖြင့် ခုတ်ပြီးပြန်စိုက်အပင်များ) ရှိသောကြောင့် ၊ စာရွက်ချော နှင့် စာကြမ်း၊ သစ်လုံး ထွက်ကုန်များသည်။ စာကြမ်း နှင့် စာနု ထုတ်လုပ်မှုများတွင် (Ahlstrom, M-real, UPM) စသည့် ကုမ္ပဏီကြီးများ ရှိသည်။

ကျယ်ပြန့် လုပ်ငန်းများ

နိုင်ငံ၏ စီးပွားရေး ကျယ်ပြန့်လာသည် နှင့် အမျှ၊ လုပ်ငန်းများသည်လည်း ကျယ်ပြန့်လာသည်။ လျှပ်စစ်ကုမ္ပဏီကြီးများဖြစ်သည့် နိုကီယာ၊ သဘာဝပါတ်ဝန်းကျင် နှင့် စက်မှုထုတ်လုပ်ပိုင်းဆိုရာ ဗိုင်းဆာလာ၊ လောင်စာဆီ ဖြန့်ဖြူးသည့် နက်စ်တယ်အွိုင်း၊ ဓါတုဗေဒပစ္စည်များထုတ်လုပ်သည့် ကယ်မီရာ၊ အင်ဂျင်နီယာ နည်းပညာ ကူညီသည့် ပိုန်းဝူရူ နှင့် သတင်းအချက်အလက် နည်းပညာ တွင် ရိုဗီရို ဖျော်ဖြေရေး များကြောင့် နိုင်ငံ၏ စီးပွားရေးသည် နှစ်ပိုင်းခွဲ၍ မရတော့ပေ။

စီးပွားရေးလမ်းကြောင်းများလည်း ပြောင်းလည်းလာပြီး၊ ဝန်ဆောင်မှုပိုင်းတွင် တိုးတက်မှုများ ရှိကာ၊ ထုတ်လုပ်မှုပိုင်းတွင် လျော့နည်းလာသည်၊ စိုက်ပျိုးရေးအပိုင်းသည် ပြောမပလောက်သာရှိသည်။ သို့သော် အနောက်ပိုင်း ဥရောပတွင် ဖင်လန်ပို့ကုန်သည် အရေးပါသည့် အပိုင်းတွင် ရှိနေမြဲရှိပြီး၊ ကမ္ဘာ့စီးပွားရေး တိုးတက်ကျဆင်းမှုအပေါ် မူတည်နေသည်။

ခရီးသွားလုပ်ငန်း

ဆူဝိုမန် ခံတိုက် သည် ကျွန်း၆ခုပေါ်တွင် တည်ဆောက်ထားပြီး၊ ယနေ့တွင် ဟယ်လ်စင်ကီ မြို့တော်အတွင်းတွင် ဖြစ်သည်။ ယူနက်စ်ကို ကမ္ဘာ့အမွေအသိအမှတ်နေရာ အဖြစ် သိမှတ်ခြင်းခံရပြီး၊ ခရီးသွားအများ သွားရောက်ကြသည့် နေရာလည်းဖြစ်သည်

၂၀၀၅ ခုနှစ်တွင် ခရီးသွားလုပ်ငန်း ဝင်ငွေမှာ €6.7 ကုဍေရှိပြီး၊ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်။ တိုးတက်လာမှုမှာ နိုင်ငံ၏ ကမ္ဘာနှင့် ဆက်သွယ်မှုများလာခြင်း၊ ကြော်ငြာကောင်းခြင်း၊ နိုင်ငံတိုးတက်လာခြင်းများကြောင့် ဖြစ်သည်။ ခရီးသွားများအတွက် စိတ်ဝင်စားဖွယ် နေရာများရှိပြီး၊ ၂၀၀၅ ခုနှစ်တွင် ခရီးသွား ၄သန်း လာရောက်ခဲ့သည်။

ဖင်လန်ရှုခင်းများသည် ထင်းရှုးပင်များဖြင့် ဖုံးလွှမ်းနေပြီး၊ တောင်တန်းအနည်းငယ်နှင့် ရေကန်များ၊ မြစ်များ အိုင်များဖြင့် ပြည့်နှက်လျက်ရှိသည်။ ဖင်လန်နိုင်ငံ နာမည်ကြီးသည့် အရာများမှာ အမျိုးသားပန်းခြံ ၃၅ ခုသည် နိုင်ငံတောင်ပိုင်းမှ နိုင်ငံမြောက်ပိုင်းအထိ တွေ့ရှိနိုင်သည်။ လူများနေထိုင်သော နေရာများတွင် ရိုးရာဓလေ့ဆိုင်ရာ ပွဲများတော်များလည်းရှိသည်။

ခရီးသွားများအတွက် စီးပွားဖြစ် အပျော်စီးသဘောကြီးများ ရှိပြီး၊ ဘယ်လ်တစ် ဌာနေမှ ဟယ်လ်စင်ကီ၊ တူရ်ကူ နှင့် တာလင်၊ စတော့က်ဟုမ် နှင့် တရာဗယ်မြူဒ် သို့ ချိတ်ဆက်မှုများရှိသည်။ ခရစ္စမတ် အဖေ(ဆန်တာကလော့) သို့ စိန့်နီကိုလက်စ် သည် လပ်လန် တွင် နေထိုင်ပြီး၊ ၎င်း၏မိခင်နိုင်ငံအဖြစ် ဖင်လန်နိုင်ငံအား လူသိများကြသည်။ မြောက်ဝင်ရိုးစွန်း လွန်သွားပါက၊ ဆောင်းရာသီအလယ်တွင် ရသတ္တပါတ်၊ လများတိုင်အောင် နေမထွက်ခြင်းများရှိပြီး၊ နွေရာသီတွင် နေမဝင်ခြင်း၊သန်းခေါင်အချိန်တွင် နေမင်းကြီးအား တွေ့ရသည့် နေ့များဖြစ်သည်။ လပ်လန်သည် မြောက်ပိုင်းအရမ်းရောက်သောကြောင့် ဩရိုရာ အလင်းတန်းများကို တွေ့ရှိနိုင်ပြီး၊ ၎င်းကို ဆောင်းရာသီ၊ ဆောင်းကူးရာသီ နှင့် နွေကူးရာသီများတွင် တွေ့ရှိနိုင်သည်။

အိမ်ပြင်ပ လှုပ်ရှားမှုမျိုးဖြစ်သည့်၊ နော်းဒစ် စကိတ်စီးခြင်း၊ ဂေါက်သီးရိုက်ခြင်း၊ ငါးများခြင်း၊ လှေလွှင့်ခြင်း၊ ကန်ထဲတွင် အပျော်စီးသဘော်စီးခြင်း၊ တောထဲတွင် လမ်းလျှောက်ခြင်း၊ ကန်ထဲတွင် လှေလှော်ခြင်း စသည့် လှုပ်ရှားမှုမျိုးစုံရှိသည်။ ဖင်လန်မြောက်ပိုင်းတွင် နွေရာသီတွင် ၇၃ ရက်တိုင်တိုင် နေမဝင်ခြင်းတို့ကြောင့်၊ တောတောင် သဘာဝ နှင့် တောကောင်များ ပေါများသည်။ ငှက်အမျိုးအစား လေ့လာခြင်းသည်လည်း နာမည်ကြီးသည့် လှုပ်ရှားမှုတစ်ခုဖြစ်ပြီး၊ သားကောင်လိုက်ခြင်းလည်း နာမည်ကြီးသည်။ သမင်ကြီးမျိုး၊ ဒရယ်များ နှင့် တောယုံကြီးများ၊ တောဘဲများ အမဲလိုက်ခြင်းသည်လည်း ဖင်လန်နိုင်ငံ၏ အိမ်အပြင် လှုပ်ရှားမှု တစ်ခုအဖြစ် နာမည်ကြီးသည်။ ဆာဗိုလီန်နာမြို့ရှိ အိုလာခံတိုက်တွင် နှစ်စဉ် ဆာဗိုလီန်နာ အတီးအမှုတ်၊ အဆိုအက ပွဲတော်ရှိသည်။

ပီယယ်လီနန် ရေကန်အား ကိုလီ အမျိုးသားပန်းခြံမှ တွေ့ရစဉ်

ရိုးရာဓလေ့

စာပေ ပညာရှင် မီကာရယ် အဂရီကိုလာ

ပညာရေး နှင့် သိပ္ပံ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဖင်လန်နိုင်ငံ၏ ပညာရေး
အက်စ်ပို မြို့ရှိ အာလ်တို တက္ကသိုလ်၏ ဇတ်ရုံသည် အဓိက အဆောက်အဦးတွင် တည်ရှိပြီး၊ အာလ်ဗာ အာလ်တို၏ ဒီဇိုင်းလက်ရာဖြစ်သည်
ယူဗားစကူးလား တက္ကသိုလ်၏ အဆောင်တစ်ခု,အာလ်ဗာ အာလ်တို၏ လက်ရာဖြစ်သည်

ပညာရေးသည် အခမဲ့ဖြစ်ပြီး၊ ပညာသင်ကြားနေသူအားလုံး မူကြိုမှ တက္ကသိုလ်အထိ စာသင်ကြားခ ငွေကြေးပေးဆောင်ရန်မလိုပေ။ မူကြိုမှစ၍ အထက်တန်းကျောင်းအထိ ကျောင်းများမှ ကျောင်းသူကျောင်းသားများ၏ နေ့လယ်စာအားစီစဉ်ပေးရပြီး၊ ပိုလီတက္ကသိုလ် နှင့် ဘွဲ့လွန်ကျောင်းများ မပါပေ။ ပညာရေးတွင် အသုံးပြုသည့် ငွေကြေးပမာဏမှာ တစ်ယောက်လျင် ၂၁၀၀ ယူရိုဖြစ်ပြီး၊ ပညာရေးအတွက် ငွေကြေးအများဆုံးအသုံးပြုသည့် နိုင်ငံများတွင် ထိပ်ဆုံးတွင် ပါဝင်သည်။ ကမ္ဘာတွင် ဆံပြနိုင်သည့် ပညာရေးစနစ်ရှိပြီး၊ ငွေကြေးချမ်းသာသည့် နိုင်ငံများဖြစ်သည့် အာရပ်စော်ဘွားများပြည်ထောင်စုမှ ဖင်လန်ပညာရေးစနစ်ကို အတုယူနိုင်ရန် ဖင်လန်ဆရာ၊ ဆရာမများအား ခေါ်ယူသင်ကြားစေသည်။[15]

မူကြိုများကို မြို့နယ်များမှ စီစဉ်ကြီးကျပ်ကြသည်။ ကျောင်းများမှာ အစပိုင်းတွင် ပုဂ္ဂလိကများဖြစ်သော်လည်း၊ ယနေ့တွင် ၃ရာခိုင်နှုန်းရှိ ကျောင်းသားများသည် ပုဂ္ဂလိက ကျောင်းများတွင်သာ (အများအားဖြင့်- ဟယ်လ်စင်ကီမြို့တွင် ရှိသည့် ကျောင်းများ၊SYK) တက်ရောက်ကြသည်။ ပုဂ္ဂလိကကျောင်းများမှာ ဆွီဒင်နိုင်ငံ နှင့် အခြားတိုးတက်သော နိုင်ငံများဖြင့် ယှဉ်ကြည့်လျင် နည်းပါးသည်။ [16] မတက်မနေရ ကျောင်းသည် အသက် ၇ နှစ်မှ စတင်သည်။ အခြေခံကျောင်းသည် ၆ နှစ်ကြာမြင့်ပြီး၊ အထက်တန်းကျောင်းသည် ၃ နှစ်ထက်ကြာမြင့်ပြီး၊ အများအားဖြင့် ကျောင်းများကို မြို့နယ်အုပ်ချုပ်ရေးဌာနများမှ ကြီးကျပ်ကြသည်။

ပြင်ရလွယ်သည့် ကျောင်းစာအုပ်များကို ပညာရေးဝန်ကြီးဌာန နှင့် ပညာရေးဌာနများမှ သက်မှတ်ကြသည်။ မတတ်မနေရ ကျောင်းသည် အသက် ၇ နှစ်မှ ၁၆ နှစ်အတွင်းဖြစ်သည်။ အခြေခံအလယ်တန်းကျောင်းပြီးပါက၊ အောင်မြင်သူများသည် အလုပ်ခွင်ဝင်ရောက်နိုင်သလို၊ အခြားကျောင်းများ နှင့် အထက်တန်းကျောင်းများကို ဆက်လက်တက်ရောက်နိုင်သည်။ ကုန်သွယ်ရေးဆိုင်ရာကျောင်းများကို လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် စီစဉ်ပေးထားသည်။ အထက်တန်းစာမေးပွဲအောင်ပြီးပါက၊ ပိုလီတက္ကသိုလ်များကို ဆက်လက်တက်ရောက်နိုင်သလို၊ တက္ကသိုလ်များသို့ ဆက်လက်သင်ကြားမှုပြုလုပ်နိုင်သည်။

ဘွဲ့လွန်ကျောင်းများတွင်၊ အတက်ပညာအား အထူးသင်ကြားစေသည့် စက်မှုလက်မှုဆိုင်ရာ ပိုလီတက္ကသိုလ်ကျောင်းများ နှင့် သုတေသန ပြုလုပ်ရှာဖွေသည့် တက္ကသိုလ်ကြီးများ ဟူ၍ နှစ်မျိုးခွဲထားသည်။ ပညာရေးသည် အခမဲ့ဆိုသောကြောင့်၊ ငွေးကြေးပေးဆောင်စရာမလိုဘဲ၊ ကျောင်းသားထောက်ပံ့ကြေး အမည်အောက်တွင် နေထိုင်စားရိပ်များ၊ ချေးငွေများကို နိုင်ငံတော်မှ ထောက်ပံ့ပေးသည်။ ကျောင်းသားများ နေထိုင်မှုအဆင်ပြေစေရန်၊ ကျောင်းသားဆောင်များ နိုင်ငံတဝှမ်းတွင် ဆောက်လုပ်ပေးပြီး၊ ကျောင်းသားသမဂ္ဂများမှ ကြီးကျပ်အုပ်ချုပ်စေသည်။ ကျောင်းသားများ ဆက်သွယ်ရေးလွယ်လင့်တကူဖြစ်စေရန် ကျောင်းနေဆောင်များတွင် မြန်နှုန်းမြင့် အင်တာနက်များကို အခမဲ့ (သို့) ဈေးချိုစွာ တပ်ဆင်ထားသည်။ တက္ကသိုလ်ပေါင်း ၂၀ နှင့် ပိုလီတက္ကနစ်ပေါင်း ၃၀ ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ဟယ်လ်စင်ကီတက္ကသိုလ်သည် ကမ္ဘာ့တက္ကသိုလ်များတွင် အဆင့် ၇၅ ရရှိသည်။[17] ကမ္ဘာ့စီးပွားရေဖော်ရမ်(World Economic Forum)မှ ဖင်လန် ဘွဲ့လွန်ကျောင်းများအား ကမ္ဘာ့နံပါတ် ၂ နေရာတွင် အသိအမှတ်ပြုထားသည်။[18] နေထိုင်သူ ၃၃ရာခိုင်နှုန်းသည် ဘွဲ့လွန်သင်တန်းများ တက်ရောက်ထားသူများဖြစ်ကြပြီး၊ နော့ဒစ်နိုင်ငံများ၊ အိုအီးစီဒီ နိုင်ငံများနှင့် တူညီသော်လည်း၊ ကနေဒါသည် ၄၄ ရာခိုင်နှုန်း၊ အမေရိကန်သည် ၃၈ ရာခိုင်နှုန်း နှင့် ဂျပန်သည် ၃၇ရာခိုင်နှုန်းရှိကြသည်။[19]ဘွဲ့လွန်ကျောင်းများတွင် နိုင်ငံခြားသား တက်ရောက်မှုမှာ ၃ ရာခိုင်နှုန်းသာရှိပြီး၊ အိုအီးစီဒီနိုင်ငံများနှင့် ယှဉ်လျင် အရမ်းနည်းသည်။ အထူးအစီအစဉ်ကျောင်းများတွင်မူ ၇.၃ ရာခိုင်နှုန်းသာရှိပြီး၊ အခြား အိုအီးစီဒီနိုင်ငံများတွင် ၁၆.၅ ရာနှုန်းရှိသည်။[20]

ဘွဲ့လွန်ကျောင်းများတွင် ၃၀ရာခိုင်နှုန်းသည် သိပ္ပံရပ်ဆိုင်ရာ သင်ကြားလေ့လာနေသူများဖြစ်ကြပြီး၊ သစ်တော ပိုမိုကောင်းမွန်စေရေး၊ ပစ္စည်းအထည် သုတေသန၊ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး သိပ္ပံ၊ အာရုံကြော ဆက်သွယ်ပုံ, အပူချိန်နည်း ရူပဗေဒ၊ ဦးနှောက် သုတေသန၊ သဘာဝဇီဝ နည်းပညာ၊ မျိုးရိုးဗီဇ နည်းပညာ နှင့် ဆက်သွယ်ရေးတို့တွင် ဖင်လန် သုတေသီများသည် အရမ်းအရေးပါသူများဖြစ်ကြသည်။[21]

အရွယ်ရောက် ပညာရေးသည် ဖင်လန်နိုင်ငံတွင် ရိုးရာဓလေ့ ဟုဆိုပလောက်သည့် သမိုင်းနောက်ခံရှိပြီး၊ ၁၉၈၀ ခုနှစ်မှစ၍ ဖင်းတစ်သန်းနီးပါးသည် နှစ်စဉ် ထိုပညာရေးများမှ ဆင်းသက်လာကြသူများဖြစ်သည်။ ၄၀ရာနှုန်းသည် အတက်ပညာတက်ကျွမ်းလို၍ ဆက်လက်သင်ယူကြခြင်းဖြစ်သည်။ အရွယ်ရောက်ပညာရေးကိုကြည့်လျင် မျိုးစုံရှိနိုင်သည်၊ အထက်တန်းညနေကျောင်း၊ နိုင်ငံသား နှင့် အလုပ်ခွင်ဆိုင်ရာကျောင်းများ၊ ပညာသင်ယူနိုင်သည့် နေရာများ၊ စက်မှုလက်မှုဆိုင်ရာ ကျောင်းများ နှင့် အသက်ကြီးသူများ တက်ရောက်နိုင်သည့် အထက်တန်းကျောင်းများဟူ၍ ရှိကြသည်။ ထိုကျောင်းများမှာ နိုင်ငံတော်မှ ချပေးသော ငွေကြေးများဖြင့် အစီအစဉ်များ ရေးသားကာ သင်ကြားပို့ချကြသည်။ အသက်ကြီးသူများ တက်ရောက်နိုင်သည့် အထက်တန်းကျောင်များမှာ နော်ဒစ်နိုင်ငံများတွင် ပုံမှန်ရှိလေ့ရှိပြီး၊ အသက်အရွယ်ပေါင်းစုံ လူကြီးများ မှ စီးပွားရေးဆိုင်ရာ မှ လက်မှုပညာရပ်အထိ ရက်သတ္တပါတ်ပေါင်းများစွာ သင်ယူလေ့ရှိကြသည်။[22]

ဖင်လန်သည် သိပ္ပံပညာရပ် သုတေသနပြုလုပ်ရာတွင် နာမည်ကြီးနိုင်ငံတစ်ခုဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် အိုအီးစီဒီနိုင်ငံများတွင် သိပ္ပံသုတေသနစာတမ်းများ အများဆုံးထုတ်လုပ်နိုင်မှု အဆင့် ၄ တွင်နေရာရခဲ့သည်။. [23] ၂၀၀၇ ခုနှစ်တွင် မူပိုင်သုတေသန ရှာဖွေတီထွင် တွေ့ရှိချက်ပေါင်း ၁၈၀၁ ခုကို မှတ်ပုံတင်ခဲ့သည်။[24]

ရုပ်မြင်သံကြား

ဖင်လန်မှ နာမည်ကြီး လူသိများထဲတွင်၊ ဖင်းလူမျိုးနှစ်ဦး နိုင်ငံတကာလည်ပါတ်ကာ ထူးဆန်းသည့် အရာများကို ရိုက်ကူးပြသသည့် Madventures(မြန်မာနိုင်ငံသို့လည်း သွားရောက် ရိုက်ကူးထားသည်)၊ ထို့နောက် အမေရိကန် တီဗွီရှိုးဖြစ်သည့် Jack Ass နှင့် ဆင်သည့် The Dudesons ဆိုသည်မှာ ငယ်သူငယ်ချင်းတစ်စု တစ်ယောက်နှင့် တစ်ယောက်နောက်ပြောင်၍ အနာတရ ရစေသည့် နေ့စဒူဝ ရှိုးပွဲဖြစ်သည်။

မီဒီယာ နှင့် ဆက်သွယ်ရေး

အခြားကြည့်ရန်။ ဖင်လန်နိုင်ငံ၏ ဆက်သွယ်ရေးကွန်ယက် နှင့် ဖင်လန်နိုင်ငံ၏ သတင်းစာများ
လီးနက်စ် တော်ဗလ်စ်, နာမည်ကြီး ဖင်လန်လူမျိုး အပြော့ထည် အင်ဂျင်နီယာ, လီးနက်စ် လီးနက်စ်အား တီထွင်ခဲ့မှုကြောင့် နာမည်ကြီးသူကာနယ်လ် of the popular open source operating system. ဘယ်လိုပြန်ကြလဲဗျို့..

ဖင်လန်သည် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်ခုဖြစ်ခြင်း၊ ပွင့်လင်းမှု၊ တန်းတူညီတူ ရှိမှုတို့ကြောင့် ဖင်လန်နိုင်ငံရှိ သတင်းစာများသည် ကမ္ဘာတွင် လွတ်လပ်ခွင့်အများဆုံးဖြစ်သည်။[25] ယနေ့တွင်သတင်းစာများ ၂၀၀ရှိပြီး,နာမည်ကြီးသည့် မဂ္ဂဇင်းပေါင်း ၃၂၀, အတတ်ပညာဆိုင်ရာ မဂ္ဂဇင်းပေါင်း ၂၁၀၀ နှင့် စီးပွားဖြစ် ရေဒီယို လိုင်းပေါင်း ၆၇ ခု, တစ်နိုင်ငံလုံးလွှင့်သည့် ဌာနတစ်ခု, နိုင်ငံပိုင် ၅ ခုသည် အများပြည်သူများအတွက် ရေဒီယိုလိုင်းများဖြစ်ပြီး၊ ဒီဂျီတယ် ရေဒီယို သုံးလိုင်းရှိသည်။

နှစ်စဉ် ရုပ်ရှင်ကား ၁၂ ခုခန့် , စာအုပ်ပေါင်း ၁၂ ၀၀၀ခန့် ထုတ်ဝေပြီး၊ သီချင်းခွေပေါင်း ၁၂ သန်းခန့်ရောင်းရလေ့ရှိသည်။ [26]

ဆာနိုမာ သတင်းကုမ္ပဏီ ပိုင်ဆိုင်မှုများမှာ ဟယ်လ်စင်ကီ ဆာနိုမတ် ဟယ်လ်စင်ကီ သတင်းစာ(၄၁၂ ၀၀၀စောင်ရေ နေ့စဉ်ထုတ်ဝေလျက်ရှိပြီး[27] နိုင်ငံ၏ အကြီးမားဆုံး သတင်းစာပမာဏဖြစ်သည်), tabloid အီလ်တာ- ဆာနိုမတ်ညနေခင်းသတင်းစာ, ဈေးကွက်စီးပွားရေးပေါ်ဦးတည်ထားသည့် တာလုဉ်စ် ဆာနိုမတ်ဈေးကွက်စီးပွားရေး သတင်းစာနှင့် ရုပ်မြင်သံကြားလိုင်း ၄နယ်လိုနန်တို့ဖြစ်သည်။ အခြား သတင်းမီဒီယာ ထုတ်ဝေသူများတွင် အယ်လ်မာ မီဒီယာ မှ မဂ္ဂဇင်းပေါင်း ၃၀ကျော်တွင်၊ အာမူ လယ့်ဟ်တီနံနက်ခင်း စာစောင်, လူပြိန်းကြိုက်သတင်းစာဖြစ်သည့် အီလ်တာ လယ့်ဟ်တီညနေခင်း စာစောင် ဈေးကွက်စီးပွားရေးပေါ်ဦးတည်ထားသည့်ကောက်ပါ လယ့်ဟ်တီဈေးကွက် စာစောင် တို့ဖြစ်သည်၊ဖင်းများ, အခြား နော်ဒစ်နိုင်ငံသားများ နှင့် ဂျပန်လူမျိုးများတို့သည် သတင်းစာဖတ်၍ အချိန်ကုန်ကြသူများဖြစ်ကြသည်။

ဦးလယ် (YLE)၊ ဖင်လန် နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနဖြစ်ပြီး၊ ရုပ်မြင်သံကြားလိုင်း ၅ လိုင်း နှင့် ရေဒီယိုလိုင်းပေါင်း ၁၃ လိုင်းကို ရုံးသုံး ဘာသာဖြစ်သည့် ဆွီဒင်နှင့် ဖင်လန်ဘာသာ နှစ်မျိုးလုံးဖြင့် ထုတ်လွှင့်သည်။ ဦးလယ်သည် တီဗွီလက်ဝယ်ရှိကြသူများ မပေးမနေရ အခွန်ဆောင်ရသည့် ငွေကြေးများ နှင့် စီးပွားဖြစ် ထုတ်လွှင့်သူများဆောင်ကြရသည့် အခွန်ငွေများဖြင့် ထုတ်လွှင့်နေခြင်းဖြစ်သည်။ ရုပ်မြင်သံကြား နှင့် မီဒီယာ အခွန်မှာ အသုံးပြုသူဖြစ်လျင် နှစ်စဉ် ၂၅၂.၂၅ယူရိုဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်မှစ၍ လိုက်လံကောက်ယူခြင်းမပြလုပ်ဘဲ၊ ပြည်သူများ အခွန်ငွေ ပေးဆောင်ရသည့် အခွန်ကြီးကျပ်ရေးဌာနမှ တိုက်ရိုက်ကောက်ယူမည်ဖြစ်သည်။[28]

ရုပ်မြင်သံကြားလိုင်းအားလုံးသည် ဒီဂျီတယ်စနစ်ကို အသုံးပြုပြီး၊ ကြိုးဖြင့်လည်းကောင်း ၊လေလိုင်းဖြင့်လည်းကောင်း ချိတ်ဆက်ထားကြသည်။ စီးပွားဖြစ် ချန်နယ်ဖြစ်သည့် အမ်တီဗွီ၃( MTV3)၊ ရေဒီယို နိုဗာ တို့ကို နော်ဒစ်ထုတ်လွှင့်ရေးကုမ္ပဏီဖြစ်သည့် (Bonnier and Proventus Industrier)မှ ပိုင်ဆိုင်ထားသည်။ Fox International Channels (FIC) သည် 20th Century Fox Studios တို့၏ ညီအမ ကုမ္ပဏီဖြစ်ပြီး၊ ကြည့်ရှုသူနည်းပါးသည့် ဆူအီမီတီဗီအား ဝယ်ယူကာ ၁၆ ရက် ၄ လ ၂၀၁၂ မှ စတင်ထုတ်လွှင့်ခဲ့သည်။[29] အခကြေးငွေ ပေးဆောင်ကာ ကြည့်ရှုရသည့် ကေဘယ်လိုင်း ဆီအန်အန်သည်လည်း၊ အခမဲ့ရုပ်သံလိုင်းအဖြစ် ထုတ်လွှင့်နိုင်ရန် လျှောက်ထားရာတွင် အကြိမ်ကြိမ်ပယ်ချခံခဲ့ရသော်လည်း နောက်ဆုံးတွင် ထုတ်လွှင့်ခွင့်ရရှိခဲ့သည်။[30]

လူဦးရေ ၈၈.၆ ရာနှုန်းသည် အင်တာနက်အသုံးပြုကြသည်.[31] ၂၀၀၇ ခုနှစ်အကုန်တွင် ၁.၅၂ သန်းသည်ဘရုတ်ဘန်းအသုံးပြုသူ (သို့) လူအယောက် ၁ ၀၀၀ တွင် ၂၈၇ ယောက်ရှိမည်။ [32] လူဦးရေတဝက်သည် အင်တာနက်တွင် ဈေးဝယ်ကြပြီး၊ ၂၀၁၁ ခုနှစ်တွင် လူဦးရေ ၄၂ရာခိုင်နှုန်းသည် အဆင့်မြင့် ဖုန်းများ အသုံးပြုခဲ့ကြသည်။ အိမ်ပြင်ပ နှင့် အလုပ်မှ လက်ကိုင်ကွန်ပျူတာသုံး၍ အင်တာနက်ချိတ်ဆက်ကြသူများမှာ ၂၆ရာခိုင်နှုန်းရှိသည်။ မြန်နှုန်းမြင့်အင်တာနက်များကို ဖင်လန်ကျောင်းများ၊ သက္ကသိုလ်များ နှင့် စာကြည့်တိုက်အားလုံးတို့တွင် ချိတ်ဆက်ထားသည်။ လူတိုင်းတွင် လက်ကိုင်ဖုန်းကိုယ်စီရှိကြသည်။ တစ်ယောက်နှင့် တစ်ယောက်ဆက်သွယ်ရန်သာဖြစ်ပြီး၊ ဖုန်းမှ ထွေထွေထူးထူးလုပ်ခြင်းမျိုးမရှိ[33] ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင်, ဖင်လန် လန်းပန်းဆက်သွယ်ရေး နှင့် ကြေးနန်းဌာနမှ ၂၀၁၀ ဇူလိုင်မှ စ၍ လူတိုင်းတွင် အနည်းဆုံး မြန်နှုန်း ၁ အမ်ဘီ/စက္ကန့် အင်တာနက် ဆက်သွယ်ခွင့်ရှိရမည်ဟု အာမခံခဲ့သည်။[34]

ရည်ညွှန်းချက်များ

  1. The World's Best Countries. A Newsweek study of health, education, economy, and politics ranks the globe's top nations, Newsweek, Aug 2010 Newsweek.com (2010-08-16)။ 2010-08-26 တွင် ပြန်စစ်ပြီး။
  2. The Failed States Index 2008 Fundforpeace.org။ 14 July 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-26 တွင် ပြန်စစ်ပြီး။
  3. The 2009 Legatum Prosperity Index Prosperity.com။ 2010-02-04 တွင် ပြန်စစ်ပြီး။
  4. Her er verdens mest konkurransedyktige landMakro og politikk E24.no။ 2011-03-06 တွင် ပြန်စစ်ပြီး။
  5. http://www.kotikielenseura.fi/virittaja/hakemistot/jutut/1998_613.pdf
  6. Herkules.oulu.fi. People, material, culture and environment in the north. Proceedings of the 22nd Nordic Archaeological Conference, University of Oulu, 18–23 August 2004 Edited by Vesa-Pekka Herva Gummerus Kirjapaino
  7. Dr. Pirjo Uino of the National Board of Antiquities, ThisisFinland – "Prehistory: The ice recedes – man arrives". Retrieved June 24, 2008.
  8. Professor Frank Horn of the Northern Institute for Environmental and Minority Law University of Lappland writing for Virtual Finland on National Minorities of Finland. Retrieved June 24, 2008.
  9. People Living with HIV/AIDS (Adults and Children) GlobalHealthFacts.org။ 2010-02-04 တွင် ပြန်စစ်ပြီး။
  10. Finland's Northern ConditionsChallenges and Opportunities for Agriculture Archived 7 April 2012 at the Wayback Machine. (PDF), p. 4
  11. Formerly a semi-presidential republic, it's now a parliamentary republic according to David Arter, First Chair of Politics at Aberdeen University, who in his "Scandinavian Politics Today" (Manchester University Press, revised 2008), quotes Jaakko Nousiainen in "From semi-presidentialism to parliamentary government" in Scandinavian Political Studies 24 (2) p95109 as follows: "There are hardly any grounds for the epithet 'semi-presidential'." Arter's own conclusions are only slightly more nuanced: "The adoption of a new constitution on 1 March 2000 meant that Finland was no longer a case of semi-presidential government other than in the minimalist sense of a situation where a popularly elected fixed-term president exists alongside a prime minister and cabinet who are responsible to parliament (Elgie 2004: 317)". According to the Finnish Constitution, the president has no possibility to rule the government without the ministerial approval, and does not have the power to dissolve the parliament under his or her own desire. Finland is actually represented by its prime minister, and not by its president, in the Council of the Heads of State and Government of the European Union. The 2012 constitution reduced the powers of the president even further.
  12. Transport and communications ministryRail. For year 2009 update: Finnish Railway Statistics 2010. For subsequent years when available: Finnish Railway Statistics. Archived 26 April 2011 at the Wayback Machine.
  13. Airport operations Annual report 2008 Finavia (2009-03-17)။ 30 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 July 2009 တွင် ပြန်စစ်ပြီး။
  14. Finnish school for UAE kids | Yle Uutiset | yle.fi
  15. Summary sheets on education systems in Europe Eurydice.org။ 10 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-26 တွင် ပြန်စစ်ပြီး။
  16. Top University Ranking of 2010: University of Helsinki
  17. The Global Competitiveness Report 20062007: Country Highlights World Economic Forum 2007-01-22 တွင် ပြန်စစ်ပြီး။
  18. Tilastokeskus.fi Tilastokeskus.fi။ 2011-03-06 တွင် ပြန်စစ်ပြီး။
  19. Education at Glance 2007: Finland, OECD
  20. Kari Sipilä, D.Sc.(Tech)h.c။ A country that innovates Virtual Finland Ministry for Foreign Affairs/Department for Communication and Culture/Unit for Promotion and Publications/Embassy and Consulates General of Finland in China။ 7 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 May 2012 တွင် ပြန်စစ်ပြီး။
  21. Scientific publicationFinnish science and technology Information Service (in Finnish)။ Research.fi (2007-11-15)။ 2010-02-04 တွင် ပြန်စစ်ပြီး။
  22. Patents with numbersFinnish science and technology Information Service (in Finnish)။ Research.fi (2009-12-08)။ 2010-02-04 တွင် ပြန်စစ်ပြီး။
  23. 2010 Freedom of the Press Survey Archived 5 November 2011 at the Wayback Machine. Retrieved at 4 May 2011
  24. Media moves ThisisFINLAND (Ministry for Foreign Affairs of Finland) 1 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 May 2012 တွင် ပြန်စစ်ပြီး။
  25. Circulation Statistics The Finnish Audit Bureau of Circulations (Levikintarkastus Oy)။ 1 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 July 2009 တွင် ပြန်စစ်ပြီး။
  26. According to the proposals, the activities of the YLE will be funded by a public service broadcasting tax as of 1 January 2013.https://www.tv-maksu.fi/en/index/lomakkeet/lomakkeet.html
  27. Tämä domain on varattu asiakkaallemme | www.digilelut.fi
  28. Juttuarkisto - Aamulehti 24 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 May 2012 တွင် ပြန်စစ်ပြီး။
  29. Europe Internet Usage Stats Facebook Subscribers and Population Statistics
  30. Market Review 2/2007 (PDF)။ Finnish Communications Regulatory Authority (FICORA) (2007-08-31)။ 18 March 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-09-04 တွင် ပြန်စစ်ပြီး။
  31. Information technology has become part of Finns' everyday life, Statistics Finland
  32. 1Mb Broadband Access Becomes Legal Right YLE (2009-10-14)။ 2009-10-16 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.