ရွှေ

ရွှေသည် သာမန် အပူချိန်နှင့် ဖိအားအောက်တွင် အခဲသဏ္ဌာန် တည်ရှိသည့် သတ္တု ဒြပ်စင်တစ်မျိုး ဖြစ်သည်။ ဓာတုသင်္ကေတမှာ လက်တင် ဝေါဟာရ (Aurum - တောက်ပသည့် အရုဏ်ဦး) ၏ ထိပ်နှစ်လုံး Au ဖြစ်ပြီး အက်တမ်အမှတ်စဉ်မှာ ၇၉ ဖြစ်သည်။ သမိုင်းတင်ခေတ်မှ စ၍ လူသားများသည် ရွှေကို အဖိုးတန် လက်ဝတ်ရတနာများ၊ ခွက်၊ ယောက်၊ ပန်းကန်စသည့် လူသုံးကုန်ပစ္စည်းများ အဖြစ် သွန်းလုပ် အသုံးပြုကြသည်။ မြန်မာ့ ယဉ်ကျေးမှုတွင်မူ စေတီပုထိုးများ၏ ထီးတော်၊ သင်္ကန်းတော်အဖြစ် လည်းကောင်း ဗုဒ္ဓဆင်းတုတော်များအား ရွှေသင်္ကန်း ချရာတွင်လည်းကောင်း အသုံးပြုကြသည်။

ရွှေ,  79Au
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတရွှေ, Au
အသံထွက်/ˈɡld/
GOHLD
အဆင်းmetallic yellow
ဒြပ်စင်အလှည့်ကျဇယားရှိ ရွှေ
Ag

Au

Rg
ရွှေဖြူရွှေပြဒါး
အက်တမ် အမှတ်စဉ် (Z)79
အုပ်စုဘလော့group 11, d-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  transition metal
စံ အက်တောမစ် အလေးချိန် (±) (Ar)196.966569(5)[1]
အီလက်ထရွန် ပြုပြင်မှု[Xe] 4f14 5d10 6s1
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 32, 18, 1
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်1337.33 K (1064.18 °C, 1947.52 °F)
အရည်ဆူမှတ်3243 K (2970 °C, 5378 °F)
သိပ်သည်းမှု (အခန်းအပူချိန်)19.30 g/cm3
17.31 g/cm3
ဖျူးရှင်းအပူ12.55 kJ/mol
အငွေ့ပျံခြင်း အပူ342 kJ/mol
မိုလာ အပူအင်အား25.418 J/(mol·K)
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 1646 1814 2021 2281 2620 3078
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ5, 3, 2, 1, −1, −2, −3 (an amphoteric oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 2.54
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 890.1 kJ/mol
2nd: 1980 kJ/mol
အက်တောမစ် အချင်းဝက်empirical: 144 pm
ကိုဗေးလန့်အချင်းဝက်136±6 pm
ဗန်ဒါဝေါ့စ် အချင်းဝက်166 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ face-centered cubic (fcc)
အသံ၏အမြန်နှုန်း ပါးလွှာသော သံချောင်း2030 m/s (at r.t.)
အပူ ပြန့်ကားမှု14.2 µm/(m·K) (at 25 °C)
အပူစီးကူးမှု318 W/(m·K)
လျှပ်စစ် ခုခံမှု22.14 nΩ·m (at 20 °C)
သံလိုက်ဓာတ်Diamagnetism[2]
သံလိုက် ထိတွေ့နိုင်မှု (χmol)28.0·10−6 cm3/mol (at 296 K)[3]
ဆွဲဆန့်အား120 MPa
Young's modulus79 GPa
Shear modulus27 GPa
Bulk modulus180 GPa[4]
ပိုင်ဆွန် အချိုး0.4
Mohs hardness2.5
Vickers hardness188–216 MPa
Brinell hardness188–245 MPa
CAS Number7440-57-5
သမိုင်းကြောင်း
အမည်တပ်ခြင်းfrom Latin aurum, meaning gold
ရှာဖွေတွေ့ရှိမှုIn the Middle East (before 6000 BCE)
Most stable isotopes of ရွှေ
iso NA သက်တမ်းဝက် DM DE (MeV) DP
195Au syn 186.10 d ε 0.227 195Pt
196Au syn 6.183 d ε 1.506 196Pt
β 0.686 196Hg
197Au 100% is stable with 118 neutrons
198Au syn 2.69517 d β 1.372 198Hg
199Au syn 3.169 d β 0.453 199Hg

ရွှေဝါရောင် ဝင်းလက်တောက်ပသည့် ရွှေသည် သိပ်သည်းဆကြီးပြီး နန်းဆွဲရလွယ်သော ပျော့ပျောင်းသည့် သတ္တုတစ်မျိုးဖြစ်သည်။ လျှပ်လျှောက် ကောင်းသောကြောင့် ယခုခေတ် ကွန်ပျူတာမားသားဘုတ်၊ အီလက်ထရွန်းနစ် ပစ္စည်း၏ အိုင်စီပြားတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။

တန်ဖိုးထား သတ္ထု

မြန်မာလူမျိုးတို့သည် ရွှေကို မြတ်မြတ်နိုးနိုး တန်ဖိုးထား ဝတ်ဆင်ကြသည်။ လက်ဝတ် လက်စား အဆင်တန်ဆာများ၊ ဆံပင်ထုံးဖွဲ့မှု ပစ္စည်းများ၊ နန်းမှုနန်းရာ အသုံးအဆောင်များ၊ ရွှေဆိုင်းခတ်ခြင်းများ ပြုလုပ်ရုံသာမ၊ မြန်မာတို့အတွက် အထွတ်အမြတ်ထားရာ ကိုးကွယ်ဆည်းကပ်သော ဘုရားဆင်းတုတော်များ၊ စေတီပုထိုးများမှာ ရွှေကို ရွှေသင်္ကန်းအဖြစ် ကပ်လှူပူဇော်ကြသည်။ ရွှေကို မြန်မာနိုင်ငံ၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ ရှမ်းတဲ၊ ဂဲတောင်၊ ကမ်းပါးနီနှင့် စဉ့်ကူးမြို့နယ်မှ နွယ်ရုံ၊စစ်ကိုင်းတိုင်း ​ဟုမ္မလင်းမြို့နယ်၊ဖောင်းပြင်မြို့နယ်နှင့် ခန္တီးမြို့နယ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးရှိ မန်စီ၊ ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ ရွှေမင်းဘုံ၊ ပျဉ်းမနားရှိ ကျည်တောင်ခေါမ၊ ဆင်ဖြူတောင်၊မွန်ပြည်နယ် ဘီးလင်း ဒေသတို့မှာ တွေ့ရပါသည်။

မြန်မာတို့က အခေါက်ရွှေကို ၁၆ ပဲရည်(မီးလင်း၊ အကယ်ဒမီရွှေ)လို့ ခေါ်ပြီး၊ အနောက်တိုင်းမှာ ၂၄ ကာရက်ရွှေလို့ ခေါ်ဝါ်ပါသည်။ ရွှေတစ်ကျပ်သားမှာ ငွေ သို့မဟုတ် ကြေးနီ တစ်ပဲသား ပါဝင်သော ရွှေကို ၁၅ ပဲရည်လို့ ခေါ်ပြီး သုံးပဲသား ပါဝင်သော ရွှေကိုတော့ ၁၃ ပဲရည်လို့ ခေါ်ကြပါသည်။ ရွှေပန်းထိမ် လုပ်ငန်းသည်လည်း မြန်မာနိုင်ငံတွင် အဓိက ကဏ္ဍမှာ ပါဝင်ပါသည်။ ရွှေသည် ပုံမှန်အခြေနေမှာ အဝါရောင်ရှိပြီး ပုံသွင်းရအလွယ်ကူဆုံးသော သတ္ထုတစ်မျိုးဖြစ်ပါသည်။ အသေးစိတ် ခွဲခြမ်း လေ့လာမှုမှာ အနက်ရောင်၊ ပတ္တမြားရောင် သို့မဟုတ် ခရမ်းနုရောင် အဖြစ် ပြောင်းလဲတွေ့ရပါသည်။ အခြားဒြပ်စင်တွေနှင့် ပေါင်းစပ်ဝတ်ဆင်ပါက အရည်သွေးများ ကျဆင်းသွားပါသည်။ အပူနှင့် လျှပ်စစ် စီးကူးမှုအားကောင်းသော သတ္ထုတစ်မျိုးဖြစ်သည်။ ဓာတုဗေဒဆိုင်ရာ ဓာတ်ပြုမှုများမှာ ရွှေကို အကောင်းဆုံး ကြားခံပစ္စည်းအဖြစ် အသုံးပြုပါသည်။ ကျန်းမာရေး ဆိုင်ရာ ဆေးလောကတွင်လည်း ရွှေကို ထိုးဆေးဖော်စပ်ကာ လူတို့၏ ခြေဆစ်၊ လက်ဆစ်ရောင် ရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ လောက် ကတည်းက လူတို့သည် ရွှေကို တန်ဖိုးရှိသော ပစ္စည်းတစ်ခုအဖြစ် သတ္တုတို့၏ဘုရင်ဟု ခေါ်စမှတ် ပြုလာခဲ့သည်။ အင်္ဂလိပ် ဘာသာနှင့် ခေါ်သော Gold သည် Geola မှ ဆင်းသက် လာပြီး အဝါရောင်ဟု အနက်အဓိပ္ပါယ် ရပါသည်။ ရွှေကို ဒီနေ့အချိန်အထိ မြတ်နိုးမှု၊ တန်ဖိုးထားမှု၊ မက်မောမှု တို့ကတော့ လူတိုင်းမှာ ရှိနေဆဲပင်။

ကိုးကား

  1. Standard Atomic Weights 2013 Commission on Isotopic Abundances and Atomic Weights။
  2. Lide, D. R., ed. (2005)။ "Magnetic susceptibility of the elements and inorganic compounds"။ CRC Handbook of Chemistry and Physics (PDF) (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  3. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
  4. Kelly, P.F. (2015)။ Properties of Materials။ CRC Press။ p. 355။ ISBN 978-1-4822-0624-1
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.