လစ်သူယေးနီးယားနိုင်ငံ

လစ်သူယေးနီးယားနိုင်ငံ၏ တရားဝင်အမည်မှာ လစ်သူယေးနီးယား သမ္မတနိုင်ငံ ဖြစ်ပြီး ဥရောပမြောက်ပိုင်းတွင် တည်ရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ဘောလတစ် နိုင်ငံ ၃ နိုင်ငံတွင် အကြီးဆုံးနိုင်ငံ ဖြစ်သည်။ ဘောလတစ်ပင်လယ်၏ အရှေ့မြောက်ဘက် ကမ်းရိုးတန်းတွင် တည်ရှိပြီး ဘောလတစ်ပင်လယ်ကို ဖြတ်၍ အနောက်ဘက်တွင် ဆွီဒင်နိုင်ငံနော်ဝေနိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံ တို့ တည်ရှိသည်။ မြောက်ဘက်တွင် လတ်ဗီယာနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဘီလာရုဇ်နိုင်ငံ နှင့် အနောက်တောင်ဘက်တွင် ပိုလန်နိုင်ငံ တို့ တည်ရှိသည်။

လစ်သူယေးနီးယား သမ္မတနိုင်ငံ
Lietuvos Respublika
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: နိုင်ငံ၏ ခွန်အားသည် ညီညွတ်မှုတွင် ရှိသည်။
နိုင်ငံတော် သီချင်း: Tautiška giesmė
မြို့တော်
နှင့် အကြီးဆုံးမြို့
Vilnius
ရုံးသုံး ဘာသာစကားများလစ်သူယေးနီးယား
အမျိုးအစားသမ္မတတစ်ပိုင်း အုပ်ချုပ်သော သမ္မတနိုင်ငံ
အစိုးရ
 သမ္မတ
Dalia Grybauskaitė
 ဝန်ကြီးချုပ်
Andrius Kubilius
တည်ထောင်
 လွတ်လပ်ရေးရခြင်း
မတ်လ ၁၁၊ ၁၉၉၀
ဧရိယာ
 စုစုပေါင်း
၆၅,၂၀၀ km2 (၂၅,၁၇၄စတုရန်းမိုင်) (အဆင့်: ၁၂၃)
 ရေထု (%)
၁.၃၅
လူဦးရေ
 ခန့်မှန်း
၃,၀၅၃,၈၀၀ (အဆင့် - ၁၃၃)
 သိပ်သည်းမှု
၅၀.၃/km2၁၄၁.၂/sq mi (အဆင့် - ၁၂၀)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
၅၉.၈၂၅ ဘီလီယံဒေါ်လာ (၂၀၁၁)
 Per capita
၁၈,၂၇၈ ဒေါ်လာ
HDI၀.၇၈၃
မြင့် · ၄၄
ငွေကြေးလစ်သူယေးနီးယန်း လီတပ်စ်
အချိန်ဇုန်CET (UTC+၀၂)
နွေရာသီ(CEST)(UTC+၀၃)
တယ်လီဖုန်းကုဒ်+၃၇၀
Internet TLD.lt

အကျယ်အဝန်းမှာ ၂၅၁၇၄ စတုရန်းမိုင်ဖြစ်ပြီးလျှင် အရှည်ဆုံးနေရာတွင်မိုင် ၁၂ဝ ရှိ၍ အကျယ်ဆုံးနေရာတွင် မိုင် ၂၁ဝ ရှိသည်။ ပင်လယ်ကမ်းရိုးတန်းမှာ ၆ဝ မျှသာ ရှည်လျား၏။

လစ်သူယေးနီးယားနိုင်ငံသည် သစ်တောများ၊ အိုင်များ၊ ညွှန်ပျောင်း တောများ ထူထပ်သည်။ မြစ်၊ ချောင်း များစွာရှိသည့်အနက် အထင်ရှား ဆုံးမှာ နမူးနပ်(နီမန်း)မြစ် ဖြစ်၏။ လစ်သူယေးနီးယားနိုင်ငံ၏ ဆောင်းရာသီမှာ တာရှည်၍အေးလွန်းလှသည်။ ဆောင်းရာသီတွင် မြစ်၊ ချောင်းများ ရေခဲ၏။ နွေရာသီမှာမူ မပြင်းထန်လှဘဲ စိုက်ပျိုးဖြစ်ထွန်းအောင် မိုးအလုံအလောက် ရွာသွန်းသည်။

လစ်သူယေးနီးယားနိုင်ငံ၏အဓိကပင်ရင်း အခြေအမြစ်များမှာ ဩဇာ ထက်သန်သည့် မြေကြီးနှင့် သစ်တောများဖြစ်၏။ နိုင်ငံ၏ ငါးပုံတစ်ပုံမှာ သစ်တောများ ဖုံးလွှမ်းလျက်ရှိ၍ သစ်တောများတွင် ထင်းရှူးပင်၊ ဖားထင်း ရှူးပင်နှင့် ဘုဇပတ်ပင်များ ပေါက်ရောက်သည်။ လစ်သွေးနီးယားနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ လူဦးရေလေးပုံ သုံးပုံသည် စိုက်ပျိုးရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်လျက်ရှိ၏။ သို့သော် နိုင်ငံ၏ထက်ဝက်ခန့်တွင်သာ စိုက်ပျိုးလုပ်ကိုင်နိုင်၍ ရိုင်းစပါး၊ မြစ်စားဂျုံ၊ မုယောစပါး၊ အာလူး၊ ဂျုံနှင့် ဘီသွာလျှော်တို့ကို စိုက်ပျိုး၏။ သိုး၊ နွား၊ ကြက်နှင့် ငန်းများကိုမွေးမြူ၍ ပျားများကိုလည်း စီးပွားဖြစ်မွေးမြူကြ၏။ ကောက်သီးကောက်နှံ၊ နွား၊ ဝက်ပေါင်ခြောက်၊ ကြက်ငှက်၊ ကြက်ဥ၊ ထောပတ်၊ ဘီသွာလျှော်၊ သားရေစိမ်း၊ သိုးမွေးနှင့် သစ်တောထွက် ပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။ မြို့တော်မှာ လူဦရေနှစ် သိန်းကျော် နေထိုင်လျက်ရှိသည့် ဗီလနီးယပ်(ဗီလနာ)မြို့ဖြစ်၏။ နိုင်ငံအတွင်း ကူးသန်းသွားလာနိုင့်သည့် ရေကြောင်းခရီးလမ်း မိုင်ပေါင်း ၁၂ဝဝ ခန့်ရှိ၍ မီးရထားလမ်းများလည်း အတော်အသင့်ရှိသည်။ ထိုမီးရထားလမ်းများသည် ဗီလနီးယပ်၊ ကောင်းနပ်၊ မေမယ် စသည့်မြို့ကြီး များကို ရုရှနှင့် ပိုလန် မီးရထားလမ်းများနှင့် ဆက်သွယ်ပေးလေသည်။လစ်သွေးနီးယားနိုင်ငံ၏ လူဦးရေမှာ ၃,၀၅၃,၈၀၀ ဖြစ်၍ လစ်သွေးနီးယန်းလူမျိုးများအပြင် ရုရှ၊ ပိုလန်၊ ဂျာမနီနှင့် ယဟူဒီများလည်း နေထိုင်ကြ၏။

ဆယ့်သုံးရာစုနှစ်တွင် လစ်သူယေးနီးယားသည် မြို့စားပိုင်နယ်ပယ် ကြီးတစ်ခု ဖြစ်လာခဲ့၍ ၁၅ ရာစုနှစ်တွင် ယင်း၏ တန်ခိုးအာဏာသည် အထွတ်အထိပ်သို့ ရောက်ခဲ့လေသည်။ ၁၅၆၉ ခုနှစ်တွင် ပိုလန်နိုင်ငံနှင့် ပူးပေါင်းခဲ့ရပြီးနောက် ၁၇၇၆ ခုနှစ်တွင် ရုရှနိုင်ငံ၏ လက်တွင်းသို့ ကျ ရောက်ခဲ့လေရာ ၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပွင့်သစ်စ ဗော်လရှီဗစ် သမ္မတနိုင်ငံမှ သီးခြားလျက် လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာခဲ့သည် အထိ ရုရှနိုင်ငံတော်၏ ဗောလတစ်ပြည်နယ်တစ်ခုအဖြစ် တည်ရှိနေခဲ့လေ သည်။ ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လတွင် လစ်သွေးနီးယန်း သမ္မတနိုင်ငံသည် ဆိုဗီယက်သမ္မတနိုင်ငံတစ်ခုအဖြစ် ဆိုဗီယက်ယူနီယံအတွင်းသို့ သွတ်သွင်းခြင်း ခံခဲ့ရလေသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဂျာမန်တို့သည် လစ်သူယေးနီးယားနိုင်ငံကို ၁၉၄၁ ခုနှစ်၊ ဇွန်လမှ ရုရှားတပ်များက ကယ်တင် ခဲ့သည့် ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလအထိ သိမ်းပိုက်ထားခဲ့လေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.