လပေါ်သို့ဆင်းသက်ခြင်း

လပေါ်သို့ဆင်းသက်ခြင်းဆိုသည်မှာ လမျက်နှာပြင်ပေါ်သို့ အာကာသယာဉ် ဆင်းသက်ခြင်းကို ဆိုလိုသည်။ လူလိုက်ပါသောခရီးစဉ် နှင့် လူမဲ့ (စက်ရုပ်) ခရီးစဉ်များပါ အကျုံးဝင်သည်။ လမျက်နှာပြင်ပေါ်ရောက်ရှိသော ပထမဆုံး လူလုပ်အရာဝတ္ထုမှာ ၁၉၅၉၊ စက်တင်ဘာ ၁၃ တွင် လွှတ်တင်ခဲ့သော ဆိုဗီယက်နိုင်ငံထုတ် လူနာ ၂ အာကာသယာဉ်ဖြစ်သည်။[3] ၁၉၆၉၊ ဇူလိုင် ၂၀ တွင် အမေရိကန်ပြည်ထောင်စုက လွှတ်တင်ခဲ့သောအပိုလို ၁၁ ခရီးစဉ်သည် ပထမဆုံးသော လူလိုက်ပါသည့် လကမ္ဘာခရီးစဉ်ဖြစ်သည်။[4] ၁၉၆၉ မှ ၁၉၇၂ ကြားကာလတွင် လူလိုက်ပါသော အမေရိကန်ယာဉ် ၆ စင်း နှင့် မရေမတွက်နိုင်သော လူမဲ့အာကာသယာဉ်များ လပေါ်ဆင်းသက်ခဲ့ကြသည်။ သို့ရာတွင် ၁၉၇၆ မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၄ အထိ ညင်သာစွာ ဆင်းသက်နိုင်ခြင်း မရှိခဲ့ပေ။

Error: imagemap_invalid_title

၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၁ ရက် ၂ နာရီ ၅၆ မိနစ် အချိန်က နေးလ် အမ်းစထရောင်းသည် လပေါ်သို့ ပထမဦးဆုံး ခြေမချမီ ဗွီဒီယိုမှ ထုတ်နှုတ်ထားသော ပုံရိပ်ဖြစ်သည်။ တကမ္ဘာလုံးရှိ လူပေါင်း သန်း၅၀၀ ခန့် ထို အစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည်ဟု ခန့်မှန်းရသည်။[1][2]

လူမဲ့ဆင်းသက်ခြင်းများ

နိုင်ငံအများအပြားသည် အာကာသယာဉ်အများအပြားကိုလပေါ်သို့စေလွှတ်ခဲ့ကြသည်။ ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၅၉ တွင် လူနာ ၂ အာကာသယာဉ်ကို လမျက်နှာပြင်ပေါ်သို့ အရှိန်ဖြင့်ဝင်ဆောင့်စေပြီး ပထမဆုံးလဆင်းယာဉ် ဖြစ်လာစေခဲ့သည်။ ၁၉၆၂တွင် အမေရိကန်ပြည်ထောင်စုကလည်း ရိန်းဂျား ၄ အာကာသယာဉ်ဖြင့် ဆိုဗီယက်တို့နည်းတူ ဝင်ဆောင့်ခဲ့သည်။ ထိုစစ်အေးတိုက်ပွဲကာလတွင် လပေါ်သို့ ပထမဆုံးရောက်ရှိနိုင်ရေး ဤအထူးစွမ်းဆောင်ချက် ပြိုင်ဆိုင်မှုများသည် အာကာသပြိုင်ပွဲ၏ အမြင်သာဆုံးသော ပုံစံတစ်ခုဖြစ်သည်။

မကြာခင်က အခြားနိုင်ငံများကလည်း လမျက်နှာပြင်ပေါ်သို့ အာကာသယာဉ်များဖြင့် တစ်နာရီလျှင် ၅၀၀၀ မိုင်နှုန်းဖြင့် ကြိုတင်သတ်မှတ်နေရာများတွင် ဝင်ဆောင့်ခဲ့ကြသည်။ ယင်းသည် လပတ်ယာဉ်များ သက်တမ်းကုန်ဆုံးခြင်းဖြစ်သည်။ အကြောင်းမှာ ယာဉ်၏ စွမ်းရည်ကျဆင်းလာချိန်တွင် လဆွဲအားမညီမျှသောနေရာများ၌ လပတ်ယာဉ်များသည် ပတ်လမ်းတွင်မတည်မြဲနိုင်တော့ပေ။ ဂျပန်တို့၏ လပတ်ယာဉ် ဟီတင် သည် ၁၉၉၃၊ ဧပြီ ၁၀ တွင် လသို့ဝင်ဆောင့်စေခဲ့သည်။ ၂၀၀၆၊ စက်တင်ဘာ ၃ တွင် ဥရောပအာကာသအေဂျင်စီ၏ လပတ်ယာဉ် စမတ်-၁ အားထိန်းချုပ်ပြီးလသို့ ဝင်ဆောင့်စေခဲ့သည်။

အိန္ဒိယအာကာသအေဂျင်စီ (ISRO)သည် ၂၀၀၈၊ အောက်တိုဘာ ၁၄ တွင် လဆောင့်ယာဉ်(Moon Impact Probe, MIP)ဖြင့် ထိန်းချုပ်ကာ လပေါ်ဝင်ဆောင့်ခြင်းကို ပြုလုပ်ခဲ့သည်။ MIP ၏ထူးခြားချက်မှာ အိန္ဒိယလပတ်ယာဉ် ချန်ဒရာယန်-၁ မှ ယာဉ်တစ်စင်းထွက်လာပြီး လမျက်နှာပြင်ပေါ်ဆင်းသက်သွားချိန်တွင် အဝေးထိန်းအာရုံခံစမ်းသပ်မှုများ ပြုလုပ်သွားခြင်းဖြစ်သည်။ ချန်ဒရာယန်-၁ မှ ရေဒီယိုဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပြီး ၂၀၁၁ နှောင်းပိုင်းသို့မဟုတ် ၂၀၁၂ နှစ်စောပိုင်းတွင်လမျက်နှာပြင်ကို ဝင်ဆောင့်ခဲ့သည်။ တရုတ်လပတ်ယာဉ် ချန်အဲ-၁ သည် ၂၀၀၉၊ မတ် ၁ တွင် ထိန်းချုပ်ခြင်းဖြင့် လမျက်နှာပြင်အားဝင်ဆောင့်ခဲ့သည်။

အပိုလို လလေ့လာရေးမော်ဂျူး ၁၉၆၃ ခုနှစ်ပုံစံ

အာကာသယာဉ် ၁၈ စင်းသာ လပေါ်ဆင်းသက်စဉ် ဆင်းသက်ဘရိတ်ဒုံးပျံများကိုအသုံးပြုခဲ့ကြပြီး လမျက်နှာပြင်ပေါ်တွင် သိပ္ပံဆိုင်ရာများလုပ်ဆောင်ခဲ့သည်။ လူလိုက်ပါသည့်ယာဉ် ၆ စင်း၊ လူမဲ့အာကာသယာဉ်တစ်ဒါဇင်ခန့် တို့အား ၁၉၆၆ နှင့် ၁၉၇၆ ကြားတွင် အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့က လွှတ်တင်ခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စုသည် ပထမဆုံးငြင်သာစွာ ဆင်းသက်ခြင်းကိုလုပ်ဆောင်နိုင်ခဲ့ပြီး လူနာ ၉ နှင့် လူနာ ၁၃ ယာဉ်များတွင်တပ်ဆင်ထားသည့် ruggedized ကင်မရာများဖြင့် လမျက်နှာပြင်ပေါ်မှနေ၍ဓာတ်ပုံများပေးပို့နိုင်ခဲ့ကြသည်။ အမေရိကန်တို့သည် လူမဲ့အာကသယာဉ်ဖြင့် ငြင်သာစွာဆင်းသက်ခြင်း ၅ ကြိမ်၊ လူလိုက်ပါသည့် အပိုလိုခရီးစဉ်များ ၆ ကြိမ်တို့ကို အားကျမခံ လိုက်ပါလုပ်ဆောင်နိုင်ခဲ့ကြသည်။ အမေရိကန်တို့၏ လူလိုက်ပါသည့် အပိုလိုယာဉ်များ ဆင်းသက်ပြီးနောက်တွင် ဆိုဗီယက်ပြည်ထောင်စုသည်နောက်ပိုင်းတွင် လူနာ ၁၆၊ လူနာ ၂၀၊ လူနာ ၂၄ လူမဲ့ယာဉ်များဖြင့် လပေါ်ဆင်းသက်ကာ မြေသားနမူနာများရယူပြီး ပြန်လာနိုင်ခဲ့ကြသည်။ လူနာ ၁၇၊ လူနာ ၂၁ ယာဉ်များသည် လူမဲ့မော်တော်ယာဉ်ခရီးစဉ်များဖြစ်ကြသည်။ ယင်းစာရင်းတွင် မပါဝင်သည်များမှာ လူနာ ၂၃ ခရီးစဉ်သည် အောင်မြင်စွာဆင်းသက်နိုင်သော်လည်း ယင်း၏သိပ္ပံပစ္စည်းများ အလုပ်မလုပ်ခဲ့ပေ။ အမေရိကန် ဆာဗေယာ ၄ ယာဉ်သည်လည်း အလိုအလျောက် ငြင်သာစွာဆင်းသက်ခြင်းမပြုမီကလေးတွင် ရေဒီယိုဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်။

လူလိုက်ပါသော ဆင်းသက်ခြင်းများ

လပေါ်သို့ စုစုပေါင်းလူ ၁၂ ဦး ဆင်းသက်ခဲ့သည်။

သိပ္ပံဆိုင်ရာ နောက်ခံအကြောင်းအရာများ

ရိန်းဂျားအာကာသယာဉ် လကို ဝင်မဆောင့်မှီပန်းချီဆရာက ပုံဖော်ထားပုံ

လသို့သွားရောက်နိုင်ရန်အတွက် အာကာသယာဉ်သည် ကမ္ဘာ့ဆွဲအားတွင်းကို ကျော်လွှားနိုင်ရမည်ဖြစ်သည်။ ယင်းကိုလက်တွေ့လုပ်ဆောင်နိုင်သော လက်ရှိနည်းလမ်းမှာဒုံးပျံဖြစ်သည်။ မိုးပျံပူဖောင်း သို့မဟုတ် ဂျက်လေယာဉ်စသည့် အခြားလေဝဲယာဉ်များနှင့် မတူသည့်အချက်မှာ ဒုံးပျံသည် ကမ္ဘာ့လေထုအပြင်ဖက် မြင့်မားသောလေဟာနယ်အမြင့်ထိတိုင် ယင်း၏အလျင်မြှင့်တင်ခြင်းကိုဆက်လက်လုပ်ဆောင်နိုင်သည်။ ဆိုဗီယက်တို့သည် ၁၉၅၉တွင် လပေါ်သို့ ဝင်ဆောင့်ခြင်းကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြသည်။ [5] ကမ္ဘာသို့ပြန်လာရန်အတွက် အာကာသယာဉ်သည် လ၏ဆွဲအားတွင်းမှလွတ်မြောက်ရန် လွတ်မြောက်အလျင်ရယူရသည်။ လမှထွက်ခွာပြီး အာကာသသို့ပြန်လာရန်အတွက် ဒုံးပျံကိုအသုံးပြုရသည်။ ကမ္ဘာသို့ရောက်ရှိချိန်တွင် ဘေးကင်းစွာဆင်းသက်နိုင်ရေးအတွက် ပြန်ဝင်လာသည့် ယာဉ်၏အရွေ့စွမ်းအင်ကို စုပ်ယူရန်နှင့်ယာဉ်အရှိန်လျှော့ချရန် လေထုထဲဝင်ရောက်သည့်နည်းလမ်းများ အသုံပြုရသည်။

နိုင်ငံရေးဆိုင်ရာနောက်ခံအကြောင်းအရာများ

၁၉၅၇တွင် ဆိုဗီယက်ပြည်ထောင်စုမှ ပထမဆုံးဂြိုဟ်တုစပွတ်နစ် ၁ အားပစ်လွှတ်ခဲ့ပြီး အာကာသပြိုင်ပွဲကိုစတင်ခဲ့သည်။

အစောပိုင်းဆိုဗီယက်လူမဲ့ လကမ္ဘာခရီးစဉ်များ(၁၉၅၆-၁၉၆၆)

လမြေသားနမူနာယူဆောင်လာသည့် လဆင်းယာဉ်လူနာ ၁၆ ပုံစံ
အပိုလို ၁၂ အာကာသယာဉ်မှူး ပီတီ ကွန်းရက်(Pete Conrad)အား ဆာဗေယာ ၃ ဆင်းသက်ယာဉ်အနီးတွင် ရပ်နေသည်ကိုတွေ့ရပုံ၊ နောက်ခံတွင် အပိုလို ၁၂ ဆင်းသက်ယာဉ် အင်တာပရက် (Intrepid) အား တွေ့မြင်ရသည်။

၁၉၉၁ တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်တွင် ဆိုဗီယက်တို့၏လပေါ်ရောက်ရှိရေးကြိုးပမ်းချက်သမိုင်းအမှန်များကို အများပြည်သူသို့ ဖွင့်ချပြခဲ့သည်။ အမေရိကန်တို့နှင့်မတူသည့်အချက်မှာ အမေရိကန်တို့ကဲ့သို့ ပစ်လွှတ်စဉ် လိုက်အမည်ပေးသွားခြင်းမျိုးမဟုတ်ဘဲ ကမ္ဘာပတ်လမ်းသို့ အောင်မြင်စွာရောက်ရှိသွားမှသာ လူနာခရီးစဉ် ဟု အမည်တပ်သည်။ ဆိုဗီယက်လသွားစီမံကိန်းဆုံးရှုံးမှုပုံရိပ်များကို အများပြည်သူမသိစေလိုသော ပေါ်လစီကြောင့်ဖြစ်သည်။ ပစ်လွှတ်မှုတစ်ခုသည် လသို့မထွက်ခွာမီ ကမ္ဘာပတ်လမ်းတွင်ချွတ်ယွင်းသွားပါက မူရင်းရည်မှန်းချက်ကိုဖုံးကွယ်နိုင်ရန်အတွက် စပွတ်နစ် ကမ္ဘာပတ်စီမံကိန်းသို့မဟုတ် ကော့စ်မော့စ် ကမ္ဘာပတ်စီမံကိန်းဟု အမည်တပ်လေ့ရှိသည်။ ပစ်လွှတ်စဉ်ပေါက်ကွဲသည်များကိုလည်း ထုတ်ပြန်ခဲ့ခြင်းလုံးဝမရှိပေ။

ဆိုဗီယက်ခရီးစဉ်များ အလေးချိန် (ကီလိုဂရမ်) ပစ်လွှတ်ယာဉ် ပစ်လွှတ်ရက်စွဲ ခရီစဉ်ရည်မှန်းချက် ရလဒ်
Semyorka – 8K72 ၁၉၅၈၊ စက်တင်ဘာ ၂၃ လသို့ဝင်ဆောင့်ရန် မအောင်မြင် – ပစ်လွှတ်ပြီး ၉၃ စက္ကန့်တွင် တွန်းအားပေးဒုံးပျံချွတ်ယွင်းမှု
Semyorka – 8K72 ၁၉၅၈၊ အောက်တိုဘာ ၁၂ လသို့ဝင်ဆောင့်ရန် မအောင်မြင် – ပစ်လွှတ်ပြီး ၁၀၄ စက္ကန့်တွင် တွန်းအားပေးဒုံးပျံချွတ်ယွင်းမှု
Semyorka – 8K72 ၁၉၅၈၊ ဒီဇင်ဘာ ၄ လသို့ဝင်ဆောင့်ရန် မအောင်မြင် – ပစ်လွှတ်ပြီး ၂၅၄ စက္ကန့်တွင် တွန်းအားပေးဒုံးပျံချွတ်ယွင်းမှု
လူနာ-၁ 361 Semyorka – 8K72 ၁၉၅၉၊ ဇန္နဝါရီ ၂ လသို့ဝင်ဆောင့်ရန် တစိတ်တပိုင်းအောင်မြင် – လွတ်မြောက်အလျင်ရရှိသော ပထမဆုံးအာကာသယာဉ်၊ လအနီးမှကပ်၍ပျံသန်းသည်။ နေကိုလှည့်လည်သည်။ လပေါ်သို့မရောက်ပဲလွဲသွားသည်။
Semyorka – 8K72 ၁၉၅၉၊ ဇွန် ၁၈ လသို့ဝင်ဆောင့်ရန် မအောင်မြင် – ပစ်လွှတ်ပြီး ၁၅၃ စက္ကန့်တွင် တွန်းအားပေးဒုံးပျံချွတ်ယွင်းမှု
လူနာ-၂ 390 Semyorka – 8K72 ၁၉၅၉၊ စက်တင်ဘာ ၁၂ လသို့ဝင်ဆောင့်ရန် အောင်မြင် – ပထမဆုံးလဆောင့်ယာဉ်
လူနာ-၃ 270 Semyorka – 8K72 ၁၉၅၉၊ အောက်တိုဘာ ၄ လအနီးကပ်ပျံသန်းရန် အောင်မြင် – လ၏တစ်ဖက်ခြမ်းကိုအောင်မြင်စွာဓာတ်ပုံရိုက်နိုင်
Semyorka – 8K72 ၁၉၆၀၊ ဧပြီ ၁၅ လအနီးကပ်ပျံသန်းရန် မအောင်မြင် – တွန်းအားပေးဒုံးပျံချွတ်ယွင်းမှု၊ ကမ္ဘာပတ်လမ်းကြောင်းသို့မရောက်
Semyorka – 8K72 ၁၉၆၀၊ ဧပြီ ၁၆ လအနီးကပ်ပျံသန်းရန် မအောင်မြင် – ပစ်လွှတ်ပြီး ၁ စက္ကန့်တွင် တွန်းအားပေးဒုံးပျံချွတ်ယွင်းမှု
စပွတ်နစ်-၂၅ Semyorka – 8K78 ၁၉၆၃၊ ဇန္နဝါရီ ၄ လပေါ်ဆင်းသက်ရန် မအောင်မြင် – ကမ္ဘာပတ်လမ်းနိမ့်တွင်ပျက်ကျ
Semyorka – 8K78 ၁၉၆၃၊ ဖေဖော်ဝါရီ ၃ လပေါ်ဆင်းသက်ရန် မအောင်မြင် – ပစ်လွှတ်ပြီး ၁၀၅ စက္ကန့်တွင် တွန်းအားပေးဒုံးပျံချွတ်ယွင်းမှု
လူနာ-၄ 1422 Semyorka – 8K78 ၁၉၆၃၊ ဧပြီ ၂ လပေါ်ဆင်းသက်ရန် မအောင်မြင် – လအနီး ၅,၀၀၀ မိုင်(၈,၀၀၀ ကီလိုမီတာ)မှဖြတ်ပျံ
Semyorka – 8K78 ၁၉၆၄၊ မတ် ၂၁ လပေါ်ဆင်းသက်ရန် မအောင်မြင် – တွန်းအားပေးဒုံးပျံချွတ်ယွင်း၊ ကမ္ဘာပတ်လမ်းကြောင်းသို့မရောက်
Semyorka – 8K78 ၁၉၆၄၊ ဧပြီ ၂၀ လပေါ်ဆင်းသက်ရန် မအောင်မြင် – တွန်းအားပေးဒုံးပျံချွတ်ယွင်း၊ ကမ္ဘာပတ်လမ်းကြောင်းသို့မရောက်
ကော့စ်မော့စ်-၆၀ Semyorka – 8K78 ၁၉၆၅၊ မတ် ၁၂ လပေါ်ဆင်းသက်ရန် မအောင်မြင် – ကမ္ဘာပတ်လမ်းနိမ့်တွင်ပျက်ကျ
Semyorka – 8K78 ၁၉၆၅၊ ဧပြီ ၁၀ လပေါ်ဆင်းသက်ရန် မအောင်မြင် – တွန်းအားပေဒုံးပျံချွတ်ယွင်း၊ ကမ္ဘာပတ်လမ်းကြောင်းသို့မရောက်
လူနာ-၅ 1475 Semyorka – 8K78 ၁၉၆၅၊ မေ ၉ လပေါ်ဆင်းသက်ရန် မအောင်မြင် – လသို့ဝင်ဆောင့်
လူနာ-၆ 1440 Semyorka – 8K78 ၁၉၆၅၊ ဇွန် ၈ လပေါ်ဆင်းသက်ရန် မအောင်မြင် – လအနီး ၁၀၀,၀၀၀ မိုင်(၁၆၀,၀၀၀ ကီလိုမီတာ) မှ ဖြတ်ပျံ
လူနာ-၇ 1504 Semyorka – 8K78 ၁၉၆၅၊ အောက်တိုဘာ ၄ လပေါ်ဆင်းသက်ရန် မအောင်မြင် – လသို့ဝင်ဆောင့်
လူနာ-၈ 1550 Semyorka – 8K78 ၁၉၆၅၊ ဒီဇင်ဘာ ၃ လပေါ်ဆင်းသက်ရန် မအောင်မြင် – ဆင်းသက်ရန်ကြိုးစားနေစဉ် လပေါ်ဝင်ဆောင့်သည်

အစောပိုင်းအမေရိကန်လူမဲ့ လကမ္ဘာခရီးစဉ်များ (၁၉၅၈-၁၉၆၅)

အမေရိကန်ခရီးစဉ်များ အလေးချိန်(ကီလိုဂရမ်) ပစ်လွှတ်ယာဉ် ပစ်လွှတ်ရက်စွဲ ခရီးစဉ်ရည်မှန်းချက် ရလဒ်
ပိုင်အိုနီးယား ၀ ၃၈ Thor-Able ၁၉၅၈၊ ဩဂုတ် ၁၇ လပတ်ရန် မအောင်မြင် – ပထမအဆင့်ပေါက်ကွဲ၊ ယာဉ်ပျက်စီး
ပိုင်အိုနီးယား ၁ ၃၄ Thor-Able ၁၁ အောက်တိုဘာ ၁၉၅၈ လပတ်ရန် မအောင်မြင် – ဆော့ဝဲကြောင်သည်၊ လေထုထဲပြန်ဝင်လာသည်။
ပိုင်အိုနီးယား ၂ ၃၉ Thor-Able ၁၉၅၈၊ နိုဝင်ဘာ ၈ လပတ်ရန် မအောင်မြင် – တတိယအဆင့် အလုပ်လုပ်ပုံမှားယွင်းသည်။ လေထုထဲပြန်ဝင်လာသည်။
ပိုင်အိုနီးယား ၃ Juno ၁၉၅၈၊ ဒီဇင်ဘာ ၆ လအနီးမှဖြတ်ပျံရန် မအောင်မြင် – ပထမအဆင့် အလုပ်လုပ်ပုံမှားယွင်းသည်။ လေထုထဲပြန်ဝင်လာသည်။
ပိုင်အိုနီးယား ၄ Juno ၁၉၅၉၊ မတ် ၃ လအနီးမှဖြတ်ပျံရန် တစိတ်တပိုင်းအောင်မြင် – လွတ်မြောက်အလျင်ရသည့်ပထမဆုံးအမေရိကန်အာကာသယာဉ်၊ လအနီးမှဖြတ်ပျံသည်။ ချိန်သားလွဲသွားသဖြင့် ဝေးလွန်းကာဓာတ်ပုံရိုက်မရ၊ နေကိုလှည့်ပတ်သည်။
ပိုင်အိုနီးယား ပီ-၁ ၁၆၈ Atlas-Able ၁၉၅၉၊ စက်တင်အာ ၂၄ လပတ်ရန် မအောင်မြင် – ပစ်စင်ပေါက်ကွဲ၊ ယာဉ်ပျက်စီးသည်။
ပိုင်အိုနီးယား ပီ-၃ ၁၆၈ Atlas-Able ၂၉ နိုဝင်ဘာ ၁၉၅၉ လပတ်ရန် မအောင်မြင် – ကုန်လှောင်ခန်းအခွံပျက်စီး၊ ယာဉ်ပျက်စီးသည်။
ပိုင်အိုနီးယား ပီ-၃၀ ၁၇၅ Atlas-Able ၁၉၆၀၊ စက်တင်ဘာ ၂၅ လပတ်ရန် မအောင်မြင် – ဒုတိယဆင့်မူမမှန်ဖြစ်ခြင်း၊ လေထုထဲပြန်ဝင်လာသည်။
ပိုင်အိုနီးယား ပီ-၃၁ ၁၇၅ Atlas-Able ၁၉၆၀၊ ဒီဇင်ဘာ ၁၅ လပတ်ရန် မအောင်မြင် – ပထမဆင့်ပေါက်ကွဲ၊ ယာဉ်ပျက်စီးသည်။
ရိန်းဂျား ၁ ၃ဝ၆ Atlas – Agena ၁၉၆၁၊ ဩဂုတ် ၂၃ စမ်းသပ်ယာဉ်နမူနာ မအောင်မြင် – အပေါ်ဆင့်ပုံမမှန်ဖြစ်သည်။ လေထုထဲပြန်ဝင်လာသည်။
ရိန်းဂျား ၂ ၃ဝ၄ Atlas – Agena ၁၈ နိုဝင်ဘာ ၁၉၆၁ စမ်းသပ်ယာဉ်နမူနာ မအောင်မြင် – အပေါ်ဆင့်ပုံမမှန်ဖြစ်သည်။ လေထုထဲပြန်ဝင်လာသည်။
ရိန်းဂျား ၃ ၃၃ဝ Atlas – Agena ၁၉၆၂၊ ဇန္နဝါရီ ၂၆ လပေါ်ဆင်းသက်ရန် မအောင်မြင် – တွန်းအားပေးဒုံးပျံအထိန်းစနစ်ချွတ်ယွင်းသည်။ နေကိုလှည့်ပတ်သည်။
ရိန်းဂျား ၄ ၃၃၁ Atlas – Agena ၁၉၆၂၊ ဧပြီ ၂၃ လပေါ်ဆင်းသက်ရန် တစိတ်တပိုင်းအောင်မြင် – အာကာသအရာဝတ္ထုပေါ်သို့ ၏ပထမဆုံးရောက်သော အမေရိကန်အာကာသယာဉ်ဖြစ်သည်။ လသို့ဝင်ဆောင့်သည်။ ဓာတ်ပုံပို့ခြင်းမရှိ။
ရိန်းဂျား ၅ ၃၄၂ Atlas – Agena ၁၉၆၂၊ အောက်တိုဘာ ၁၈ လပေါ်ဆင်းသက်ရန် မအောင်မြင် – အာကာသယာဉ် ဓာတ်အားချွတ်ယွင်းသည်။ နေကိုလှည့်ပတ်သည်။
ရိန်းဂျား ၆ ၃၆၇ Atlas – Agena ၁၉၆၄၊ ဇန္နဝါရီ ၃၀ လသို့ဝင်ဆောင့်ရန် မအောင်မြင် – အာကာသယာဉ်ကင်မရာချွတ်ယွင်းသည်။ လသို့ဝင်တိုက်ခဲ့သည်။
ရိန်းဂျား ၇ ၃၆၇ Atlas – Agena ၁၉၆၄၊ ဇူလိုင် ၂၈ လသို့ဝင်ဆောင့်ရန် အောင်မြင် – ဓာတ်ပုံ ၄၃၀၈ ပုံပို့ခဲ့သည်၊ လသို့ဝင်တိုက်ခဲ့သည်။
ရီန်းဂျား ၈ ၃၆၇ Atlas – Agena ၁၉၆၅၊ ဖေဖော်ဝါရီ ၁၇ လသို့ဝင်ဆောင့်ရန် အောင်မြင် – ဓာတ်ပုံ ၇၁၃၇ ပုံပို့ခဲ့သည်၊ လသို့ဝင်တိုက်ခဲ့သည်။
ရိန်းဂျား ၉ ၃၆၇ Atlas – Agena ၁၉၆၅၊ မတ် ၂၁ လသို့ဝင်ဆောင့်ရန် အောင်မြင် – ဓာတ်ပုံ ၅၈၁၄ ပုံပို့ခဲ့သည်၊ လသို့ဝင်တိုက်ခဲ့သည်။

ပိုင်အိုနီးယားခရီးစဉ်များ

လကိုဝင်မဆောင့်မီ ရိန်းဂျား-၈ အာကာသယာဉ်မှပေးပို့ခဲ့သော လ၏ဓာတ်ပုံ

ပုံစံ သုံးမျိုးကွဲသော ပိုင်အိုနီးယား လသွားယာဉ်များကို ပုံစံသုံးမျိုးကွဲသော တိုက်ချင်းပစ်ဒုံးပျံများဖြင့် ပစ်လွှတ်ခဲ့သည်။

ရိန်းဂျား ခရီးစဉ်များ

လပေါ်ဆင်းသက်ရန် ပထမဆုံးကြိုးပမ်းမှုကို ၁၉၆၂ အတွင်းတွင် အမေရိကန်ပြည်ထောင်စုမှလွှတ်တင်ခဲ့သော ရိန်းဂျား ၃၊ ၄၊ ၅ ယာဉ်များက လုပ်ဆောင်ခဲ့ကြသည်။ ရိန်းဂျားလဆင်းယာဉ်များတွင် ကင်မရာတပ်ဆင်ထားခြင်းမရှိသဖြင့် ခရီးစဉ်တွင်ဓာတ်ပုံများလမျက်နှာပြင်ဓာတ်ပုံများ မရရှိခဲ့ပေ။

ဆိုဗီယက် လူမဲ့ငြင်သာစွာ ဆင်းသက်ခြင်းများ(၁၉၆၆-၁၉၇၆)

ဆိုဗီယက် ခရီးစဉ်များ ထုထည် (kg) တွန်းကန်ဒုံး ပစ်လွှတ် မက်ရှင် ရည်မှန်းချက် မက်ရှင် ရလဒ် ဆင်းသက်ဇုန် လတ္တီကျု/လောင်တီကျု
လူန ၉ ၁၅၈၀ Semyorka – 8K78 ၃၁ ဇန္နဝါရီ ၁၉၆၆ လပေါ်ဆင်းသက် အောင်မြင် – ပထမဆုံး လပေါ်ဆင်းသက် များစွာသော ဓာတ်ပုံများ။ Oceanus Procellarum 7.13°N 64.37°W
လူန ၁၃ ၁၅၈ဝ Semyorka – 8K78 ၂၁ ဒီဇင်ဘာ ၁၉၆၆ လပေါ်ဆင်းသက် အောင်မြင် – ဒုတိယအကြီမ် လပေါ် ညင်သာသော ဆင်းသက်မှု။ Oceanus Procellarum 18°52'N 62°3'W
Proton ၁၉ ဖေဖော်ဝါရီ ၁၉၆၉ Lunar rover ကျရှုံး – တွန်းကန်ဒုံး ချွတ်ယွင်းကမ္ဘာပတ်လမ်းသို့ မရောက်ခဲ့။
Proton ၁၄ ဇွန် ၁၉၆၉ နမူနာ ယူလာ ကျရှုံး – တွန်းကန်ဒုံး ချွတ်ယွင်းကမ္ဘာပတ်လမ်းသို့မရောက်။
လူန ၁၅ ၅၇၀၀ Proton ၁၃ ဇူလိုင် ၁၉၆၉ နမူနာ ယူလာ ကျရှုံး – လသို့ ပျက်ကျ Mare Crisium မသိရ
Cosmos-300 Proton ၂၃ စက်တင်ဘာ ၁၉၆၉ နမူနာ ယူလာ ကျရှုံး – ကမ္ဘာ့ပတ်လမ်းနိမ့်တွင် ရပ်တန့်သွားခဲ့၊
Cosmos-305 Proton ၂၂ အောက်တိုဘာ ၁၉၆၉ နမူနာ ယူလာ ကျရှုံး – ကမ္ဘာ့ပတ်လမ်းနိမ့်တွင် ရပ်တန့်သွားခဲ့၊
Proton ၆ ဖေဖော်ဝါရီ ၁၉၇၀ နမူနာ ယူလာ ကျရှုံး – တွန်းကန်ဒုံး ချွတ်ယွင်းကမ္ဘာပတ်လမ်းသို့မရောက်
လူနာ ၁၆ ၅၆၀၀ Proton ၁၂ စက်တင်ဘာ ၁၉၇၀ နမူနာ ယူလာ အောင်မြင် – ဝ.၁ဝ ကီလိုဂရမ် လမြေသားနမူနာအား ကမ္ဘာမြေသို့ ယူလာ၊ Mare Fecunditatis 000.68S 056.30E
လူနာ ၁၇ ၅၇၀၀ Proton ၁၀ နိုဝင်ဘာ ၁၉၇၀ Lunar rover အောင်မြင် – လူနော့ရိုဗာသည် လမျက်နှာပြင်သို့ ၁ဝ.၅ ကီလိုမီတာ ခရီးနှင်ခဲ့၊ Mare Imbrium 038.28N 325.00E
လူန ၁၈ ၅၇၅၀ Proton ၂ စက်တင်ဘာ ၁၉၇၁ နမူနာ ယူလာ ကျရှုံး – လသို့ ပျက်ကျ Mare Fecunditatis 003.57N 056.50E
လူန ၂၀ ၅၇၂၇ Proton ၁၄ ဖေဖော်ဝါရီ ၁၉၇၂ နမူနာ ယူလာ အောင်မြင် – ဝ.ဝ၅ ကီလိုဂရမ် လမြေသားနမူနာအား ကမ္ဘာမြေသို့ ယူလာ၊ Mare Fecunditatis 003.57N 056.50E
လူန ၂၁ ၅၉၅၀ Proton ၈ ဇန္နဝါရီ ၁၉၇၃ လဆင်းယာဉ် အောင်မြင် – လူနော့ရိုဗာသည် လမျက်နှာပြင်သို့ ၃၇ ကီလိုမီတာ ခရီးနှင်ခဲ့၊ LeMonnier Crater 025.85N 030.45E
လူန ၂၃ ၅၈၀၀ Proton ၂၈ အောက်တိုဘာ ၁၉၇၄ နမူနာ ယူလာ ကျရှုံး – လပေါ် ဆင်းသက်ခြင်းအောင်မြင်၊ သို့သော် နမူနာယူလာရန် ချွတ်ယွင်းသွား၊ Mare Crisium 012.00N 062.00E
Proton ၁၆ အောက်တိုဘာ ၁၉၇၅ နမူနာ ယူလာ ကျရှုံး – တွန်းကန်ဒုံး ချွတ်ယွင်းကမ္ဘာပတ်လမ်းသို့ မရောက်
လူန ၂၄ ၅၈၀၀ Proton ၉ ဩဂုတ် ၁၉၇၆ နမူနာ ယူလာ အောင်မြင် – ဝ.၁၇ ကီလိုဂရမ် လမြေသားနမူနာအား ကမ္ဘာမြေသို့ ယူလာ၊ Mare Crisium 012.25N 062.20E
ဆာဗေယာ ၁ ပစ်လွှတ်ခြင်း

ဆိုဗီယက်ပြည်ထောင်စုမှပစ်လွှတ်သော လူနာ ၉ အာကာသယာဉ်သည် ဖေဖော်ဝါရီ ၃ တွင် ပထမဆုံးငြင်သာစွာဆင်းသက်နိုင်ခဲ့သည်။ ၉၉ ကီလိုဂရမ်ရှိသော တွန်းထုတ်နိုင်သည့် လေအိတ်သည် တစ်စက္ကန့်လျင် ၁၅ မီတာအမြန်နှုန်းဖြင့် ဝင်တိုက်မည့်ဒဏ်အား ကာကွယ်ပေးသည်။[6] လူန ၁၃ သည်လည်း ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ယင်းစိုးရိမ်ဖွယ်ကိစ္စအား ကြောက်လန့်ခဲ့သည်။ ခရီးစဉ်နှစ်ခုလုံးသည် လကမ္ဘာမြေမျက်နှာပြင်၏ မှင်သက်ဖွယ်ပုံများအား သယ်ဆောင်လာခဲ့သည်။[7]


လူန ၁၆သည် လပေါ်ဆင်းသက်ပြီး လမြေသားနမူနာများကို ကမ္ဘာသို့အောင်မြင်စွာပြန်လည်ယူဆောင်လာနိုင်သော ပထမဆုံးစက်ရုပ်အာကာသယာဉ်ဖြစ်သည်။ [8] အပိုလို ၁၁ နှင့် အပိုလို ၁၃ တို့က နောက်ကလိုက်သည်။ ခရီးစဉ်အား လူနာ ၂၀ (၁၉၇၂) လူနာ ၂၄ (၁၉၇၆) တို့ဖြင့် အောင်မြင်စွာ ထပ်ကာလုပ်ဆောင်ခဲ့သည်။ ၁၉၇၀ နှင့် ၁၉၇၃ ခုနှစ်များတွင် လူနိုခေါ့ဒ် ("လပေါ်လမ်းလျှောက်သူ") စက်ရုပ်အာကာသယာဉ်နှစ်စင်းကိုလပေါ်သို့စေလွှတ်ခဲ့သည်။ အဆိုပါယာဉ်များသည် ၁၀ လတာနှင့် ၄ လတာ အသီးသီး အလုပ်လုပ်ခဲ့ကြပြီး လူနိုခေါ့ဒ် ၁ သည် ၁၀.၅ ကီလိုမီတာ၊ လူနိုခေါ့ဒ် ၂ သည် ၃၇ ကီလိုမီတာ အသီးသီးရောက်ရှိခဲ့ကြသည်။ ရိုဗာ မက်ရှင်များအား လူနာနှင့်ဇွန်း လအနားဖြတ်ပျံသည့် စီမံကိန်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

အမေရိကန်လူမဲ့ ငြင်သာစွာဆင်းသက်ခြင်းများ (၁၉၆၆-၁၉၆၈)

ဆိုဗီယက်တို့၏ လူနိုခေါ့ဒ် အလိုအလျောက် လပေါ်လှည့်လည်သွားလာရေးယာဉ်

အမေရိကန် ဆာဗေယာစက်ရုပ်ယာဉ်စီမံကိန်းသည် လကမ္ဘာပေါ်သို့ လူသားများ ဆင်းသက်ရာတွင် လိုအပ်သောပြင်ဆင်မှုများအား အထောက်အကူဖြစ်စေခဲ့သည်။ ဆေဗီယာ ခရီးစဉ် ၅ ခုသည် လူမပါသော အောင်မြင်သည့် ခရီးစဉ်များဖြစ်ခဲ့သည်။ ဆေဗီယာ ၃ သည် အပိုလို ၁၂ လကမ္ဘာပေါ် ခြေချပြီးနောက် ၂ နှစ်အကြာတွင် အလည်အပတ်သွားခဲ့သည်။

အမေရိကန်ခရီးစဉ်များ ထုထည် (kg) တွန်းကန်ဒုံး ပစ်လွှတ် မက်ရှင် ရည်မှန်းချက် မက်ရှင် ရလဒ် ဆင်းသက်ဇုန် လတ္တီကျု/လောင်တီကျု
ဆာဗေယာ ၁ ၂၉၂ Atlas – Centaur ၃၀ မေ ၁၉၆၆ လပေါ်ဆင်းသက် အောင်မြင် – ဓာတ်ပုံပေါင်း ၁၁၀၀၀ ပြန်ရောက်လာသည်။ ပထမဆုံး လပေါ် အမေရိကန်တို့ ဆင်းသက်ခြင်း။ Oceanus Procellarum 002.45S 043.22W
ဆာဗေယာ ၂ ၂၉၂ Atlas – Centaur ၂ စက်တင်ဘာ ၁၉၆၆ လပေါ်ဆင်းသက် ကျရှုံး – အင်ဂျင်ချွတ်ယွင်း၊ ကော်ပါးနိကပ် မီးတောင် အရှေ့တောင်ဘက်တွင် ပျက်ကျ၊ Sinus Medii 004.00S 011.00W
ဆာဗေယာ ၃ ၃၀၂ Atlas – Centaur ၂၀ April ၁၉၆၇ လပေါ်ဆင်းသက် အောင်မြင် – ပုံ ၆ဝဝဝ ပြန်ရောက်လာ၊ စက်ရုပ်လက်မောင်းတံဖြင့် အနက်စင်တီမီတာ ၁၇.၅ ထိ တူးဆွ၊ Oceanus Procellarum 002.94S 336.66E
ဆာဗေယာ ၄ ၂၈၂ Atlas – Centaur ၁၄ ဇူလိုင် ၁၉၆၇ လပေါ်ဆင်းသက် ကျရှုံး – မထိခင် ရေဒီယိုဆက်သွယ်မှု ပြတ်တောက်၊ ပြည့်စုံသော လပေါ်ဆင်းသက်ခြင်းဖြစ်နိုင်၊ အမှန်တကယ်ရလဒ်ကိုမူ မသိရ၊ Sinus Medii မသိရ
ဆာဗေယာ ၅ ၃၀၃ Atlas – Centaur ၈ စက်တင်ဘာ ၁၉၆၇ လပေါ်ဆင်းသက် အောင်မြင် – ပုံ ၁၉၀၀၀ ပြန်ရောက်လာသည်၊ မြေနမူနာအား ပထမဆုံး အသုံးချ၊ ဆိတ်ငြိမ် ပင်လယ် 001.41N 023.18E
ဆာဗေယာ ၆ ၃၀၀ Atlas – Centaur ၇ နိုဝင်ဘာ ၁၉၆၇ လပေါ်ဆင်းသက် အောင်မြင် – ပုံ ၃၀၀၀၀ ပြန်ရောက်လာသည်၊ စက်ရုပ်လက်တံ၊ အင်ဂျင်ပြန်လည်၊ Sinus Medii 000.46N 358.63E
ဆာဗေယာ ၇ ၃၀၆ Atlas – Centaur ၇ ဇန်နဝါရီ ၁၉၆၈ လပေါ်ဆင်းသက် အောင်မြင် – ပုံ ၂၁၀၀၀ ပြန်ရောက်လာသည်၊ စက်ရုပ်လက်တံနှင့် ကမ္ဘာမြေမှ လေဆာတန်းအား ခြေရာခံမိ၊ Tycho Crater 041.01S 348.59E

ကျမ်းကိုး

  1. Manned Space Chronology: Apollo_11 spaceline.org။ 6 February 2008 တွင် ပြန်စစ်ပြီး။
  2. Apollo Anniversary: Moon Landing "Inspired World" National Geographic 6 February 2008 တွင် ပြန်စစ်ပြီး။
  3. Luna 2 NASA–NSSDC။
  4. NASA Apollo 11 40th anniversary.
  5. NASA – NSSDC – Spacecraft – Lun 2 Details 17 February 2011 တွင် ပြန်စစ်ပြီး။
  6. Astronautix Luna E-6 February 2011 တွင် ပြန်စစ်ပြီး။
  7. Moon Exploration National Geographic 17 September 2009 တွင် ပြန်စစ်ပြီး။
  8. Burrows၊ William E. (1999)။ This New Ocean: The Story of the First Space Age။ Modern Library။ p. 432။ ISBN 0-375-75485-7
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.