သဲဖြူကုန်းရွာ၊ ပေါင်မြို့နယ်
သဲဖြူကုန်းရွာ(အင်္ဂလိပ်: Theahpyukone)သည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၇၇၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သဲဖြူကုန်းကျေးရွာအုပ်စုတွင် ကျား ၂၀၈၁ ဦး၊ မ ၂၂၈၀ ဦး၊ လူဦးရေ စုစုပေါင်း ၄၃၆၁ ဦး နေထိုင်သည်။ [1]
သဲဖြူကုန်း | |
---|---|
ရွာ | |
သဲဖြူကုန်းရွာ | |
သဲဖြူကုန်း | |
ကိုဩဒိနိတ်: 16°34′38″N 97°34′03″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | မွန် |
ခရိုင် | သထုံခရိုင် |
မြို့နယ် | ပေါင်မြို့နယ် |
ကျေးရွာအုပ်စု | သဲဖြူကုန်း |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
သဲဖြူကုန်းကျေးရွာတွင် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့က မိုးများပြီး မလတ်တောင်ပြိုကျမှုကြောင့် တောင်ခြေရှိ နေအိမ် ၁၁ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း မြေပိခဲ့သလို[2]အဝေးပြေးကားလမ်းပေါ်တွင် ရေကျချိန်စောင့်ဆိုင်းနေသော ခရီးသွားကားအချို့လည်း ပါဝင်ခဲ့သည်။[3] အသက်ရှင်လျက် ၄၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး[4] ဩဂုတ်လ ၁၉ ရက်နေ့တွင် ရှာဖွေရှင်းလင်းရေး ရပ်နားခဲ့ပြီးနောက် သေဆုံးသူရုပ်အလောင်း ၆၉ ခုကို ရှာဖွေတွေ့ရှိခဲ့ကာ ဆေးရုံတွင် တစ်ဦးကွယ်လွန်ခဲ့သောကြောင့် သေဆုံးသူ စုစုပေါင်း ၇၀ ဦးရှိခဲ့သည်။[5]
ကိုးကား
- Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- မလတ်တောင်မြေပြိုမှု- ရှာတွေ့တာ အနည်းဆုံး ၁၉ လောင်း ရှိနေပြီ။ ဘီဘီစီ မြန်မာပိုင်း (၉ ဩဂုတ် ၂၀၁၉)။ 18 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ဉာဏ်စိုးဝင်း (၁၀ ဩဂုတ် ၂၀၁၉)။ မလတ်တောင်ပြိုကျမှု သေဆုံးသူ ၃၀ ၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိ။ ဧရာဝတီ သတင်းဌာန။ 11 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ဘိုဘိုမြင့်၊ နေမျိုးဝင်း (၁၀ ဩဂုတ် ၂၀၁၉)။ မွန်ပြည်နယ်တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့သည့် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုတွင် သေဆုံးသူ ၃၇ ဦးအထိ ရှိလာပြီး ရာသီဥတုဆိုးရွားပါက ဆက်ပြိုနိုင်ဟု သိရ။ Eleven Media။ 28 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- သန္တာလှိုင် (၂၀ ဩဂုတ် ၂၀၁၉)။ သဲဖြူကုန်းကျေးရွာ မြေပြိုနေရာတွင် ရှာဖွေရှင်းလင်းရေးလုပ်ငန်းများပြီးစီး စုစုပေါင်းသေဆုံးသူ ၇၀ ဦးတွေ့ရှိ။ ၇ ရက်နေ့စဉ်သတင်းစာ။ 20 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.