ဟိန္ဒူဒဏ္ဍာရီ

ဟိန္ဒူဒဏ္ဍာရီ သည် ဝေဒစာပေကဲ့သို့သော ဟိန္ဒူကျမ်းစာများ[1] မဟာဘာရတ နှင့် ရာမယဏ ကဲ့သို့သော လင်္ကာရှည်များ[2]၊ ပုရာဏ[3]၊ ပါရိယ ပူရနမ် ကဲ့သို့သော ဒေသသုံးစာပေများ၌တွေ့ရှိရသော ဇာတ်လမ်းများဖြစ်သည်။ ဟိန္ဒူဒဏ္ဍာရီကို PanchatantraHitopadesha နှင့် အရှေ့တောင်အာရှ (ဘာသာရေး)ကျမ်းစာများကဲ့သို့သော ဘာသာပြန် လူကြိုက်များသော စာသားများ၌လည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိရသည်။[4][5]

ဘာသာတရား
ဟိန္ဒူဘာသာ

သမိုင်း
ဆရာ (အစရိယ)
အယူဝါဒ
ဂိုဏ်းများ
နိုင်ငံနှင့်ဒေသများ
ဟိန္ဒူဒဏ္ဍာရီလာဇာတ်ကွက်များ သရုပ်ဖော်ခြင်း

ဟိန္ဒူဒဏ္ဍာရီတွင် တစ်သမတ် တစ်မူတည်းသောတည်ဆောက်မှုပုံစံမရှိပါ။ ဒဏ္ဍာရီတစ်ခုသည် အမျိုးမျိုးသော မူများ၌ စံပြသဘောပါဝင်တတ်၍ လူမှု-ဘာသာရေး ရိုးရာပုံစံအနှံ့အပြား၌ မတူညီဘဲကွဲလွဲစွာ သရုပ်ဖော်ကြသည်။ ဤဒဏ္ဍာရီများကို များစွာသော ဒဿနပညာရပ်ဆိုင်ရာ အဖွဲ့အသင်း ပုဂ္ဂိုလ်များက တဖြည်းဖြည်းခြင်း ပြုပြင်ပြောင်းလဲလာခဲ့ကြသည်ဟု မှတ်သားသိရှိခဲ့ရသည်။ အထူးသဖြင့် ဟိန္ဒူရိုးရာအစဉ်လာပိုင်းတွင် ဖြစ်သည်။ ဤဒဏ္ဍာရီ၌ နက်နက်သောအဓိပ္ပာယ်ရှိသည်ဟု (သင်္ကေတအမှတ်သညာအဖြစ်လည်း) ယူဆကြကာ ရှုပ်ထွေး၍အမျိုးအစားများပြားသော ဘာသာပြန်ဆိုချက်များရှိကြသည်။[6]

ကျမ်းစာသားများ

ဟိန္ဒူလင်္ကာရှည်စာပေများကို အောက်ပါဟိန္ဒူကျမ်းစာများအမျိုးအစားတွင် တွေ့နိုင်သည်။

  • ဝေဒစာပေ (၁၅၀၀-၅၀၀ဘီစီ) [1][2]
  • ပူရာဏ[3]
  • ဝေဒ

ဤကျမ်းစာများ၌ ရာဇဝင်ဇာတ်လမ်းများစွာပေါ်ပေါက်ကြရာ ဇာတ်ကောင်အမည်များပြောင်းလဲခြင်း (သို့) ဇာတ်လမ်းကို ပို၍အနုစိတ်မှုန်းချယ်ခြင်းများရှိသည်။ သို့သော် အဓိကဆိုလိုရင်းနှင့် ကိုယ်ကျင့်တရားတန်ဖိုးများမှာ အတူတူပင်ဖြစ်လျှက်ရှိ၏။

ဟိန္ဒူလင်္ကာရှည်များသည် အခြားသောလင်္ကာရှည်များနည်းတူ လူ့တန်ဖိုးနှင့် ဖန်တီးထားသောနည်းစနစ်များပါရှိသည်။ သို့ရာတွင် အသေးစိတ်အချက်အလက်များမှာ ကွဲပြားကြပြီး ကွဲပြားမှုသည်လည်း အတော်ပင်ကြီးမားလှသည်ဟု ဒိုနီဂါက ပြောကြားခဲ့သည်။[7] ဟိန္ဒူရာဇဝင်ပုံပြင်များ၌ အိန္ဒိယတို့၏ ဘဝဖြစ်တည်မှုသဘောတရားများ၊ လူသားတို့၏အခြေအနေများကို မြှုပ်နှံထားသည်။ ဇာတ်ကောင်များ၏ အတူညီသေားစိတ်ဆန္ဒများ ဥပမာ ကုသိုလ်က အကုသိုလ်အပေါ်၊ ရိုးသားမှုက မရိုးဖြောင့်ခြင်းအပေါ်၊ ဓမ္မနှင့်နေသူများက အဓမ္မဝါဒီများအပေါ်၊ နူးညံ့သိမ်မွေ့ကြင်နာမှုက ရက်စက်ကောက်ကျစ်လောဘအပေါ်သို့ အနိုင်ယူခြင်း စသည်တို့သည်လည်း ထိုဒဏ္ဍာရီရာဇဝင်များ၌ ပါရှိသည်။ဤလင်္ကာရှည်များ၌ ရုပ်၊ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းခြင်း အပါအဝင် အရာရာသည် မတည်မြဲသည့် သဘောဆောင်၏။ မှော်ဆန်ခြင်း၊ အံ့ဩဖွယ်အခြင်းအရာများပါရှိကာ ငြင်းခုံဆွေးနွေးမှုများ၊ စစ်ပွဲများစတင်စေခြင်းဖြင့် နတ်ဘုရားများ ရှုံးနိမ့်၍ ၎င်းတို့၏ဖြစ်တည်မှုဘဝအတွက် စိုးရိမ်ပူပန်လာကြသည်။ သေခြင်းတရားက ရှင်သန်ခြင်း(ဘဝ)ကို ထပ်ခါတလဲလဲ ခြိမ်းချောက်ကာ ရှင်သန်ခြင်းကလည်း ပြန်လည်ပေါ်ထွက်လာရန် နည်းလမ်းရှာတွေ့သဖြင့် သေခြင်းတရားအပေါ်အနိုင်ယူသည်။ ချစ်ခြင်းတရားသည် ကစဉ့်ကလျားအခြေအနေအပေါ် အစဉ်အမြဲလွှမ်းမိုးအောင်နိုင်သည်။[7][8]

ဟိန္ဒူလင်္ကာရှည်များ၌ မြောက်မြားစွာသော အကြောင်းအရာများကို ပေါင်းစပ်ထား၏။ ၎င်းတို့ထဲ၌ စကြာဝဠာ မည်သို့မည်ပုံ၊ မည်သည့်အတွက်ကြောင့် ပေါ်ပေါက်လာခြင်းအကြောင်း၊ လူသား (သို့) သက်ရှိအားလုံးတို့၏ အားနည်းချက်၊ အားသာချက်များနှင့်တကွ ပေါ်ပေါက်လာခြင်း၊ နတ်ဘုရားများသည်လည်း ထိုနည်းတူစွာ အားနည်းချက်၊ အားသာချက်များဖြင့် ဖြစ်ထွန်းပေါ်ပေါက်လာခြင်း၊ ကောင်းသောနတ်များနှင့် မိစ္ဆာနတ်များ၏ စစ်ပွဲကြီးများ၊ လူ့တန်ဖိုး၊ လူသားများ အတူတကွရှင်သန်နေထိုင်ပုံ၊ ဖြစ်ပေါ်လာသော စိတ်ဝမ်းကွဲမှု ကတောက်ကဆများဖြေရှင်းပုံ(ethics, axiology)၊ ဘဝသက်တမ်းတစ်လျှောက် ကောင်းမွန်သောရည်ရွယ်ချက်များ၊ တစ်ဦးချင်းတစ်ယောက်ချင်းဆီ၏ ပြုမူလှုပ်ရှားဆောင်ရွက်သော နည်းလမ်းများ၊ ဘဝဖြစ်တည်မှု၏ အဓိပ္ပာယ်နှင့် ပုဂ္ဂိုလ်ရေးလွတ်မြောက်ခြင်းနည်းနာများ (soteriology)၊ သံသရာအသစ်လည်ပတ်ခြင်းနှင့်အတူ အချိန်ကာလ၏ အဆုံးသတ်နှင့် ပရမ်းပတာအခြေအနေ(eschatology)၊ ဒုက္ခကို ဖြစ်ပေါ်စေသည့်အကြောင်းဇာတ်လမ်းများ စသဖြင့်ပါဝင်ဖွဲ့စည်းထားသည်။[9][10][11]

Dashavatara

(ဗိဿနိုး/ဗစ်ရှနိုး အသားပေးကိုးကွယ်မှု) ဗိုက်ရှနဝါဒ၏ အစဉ်အလာသဘော ပြန်လည်ဝင်စားမှုတွင် ဗိဿနိုး၏ အဝတာ(ကိုယ်ပွား)ပြန်လည်ဝင်စားမှုနှင့် သက်ဆိုင်သူများပါဝင်သည်။ အထင်ရှားဆုံးဆယ်ပါးမှာ -


  1. Matsya: ဤအကြောင်းသည် ရှေးဦးကျသောယဉ်ကျေးမှုများ၌ တွေ့ရဖန်များသော အကြောင်းအရာနှင့်ဆင်တူသည့် ရေလွှမ်းမိုးမှုကြီးတစ်ခုကို ပြောပြခြင်းဖြစ်၏။ဤ၌ ကယ်ဆယ်သူမှာ Matsya (ငါး) ဖြစ်သည်။ မတ်ဆစ် ဒဏ္ဍာရီ၏ အစောဆုံးဖော်ပြချက်များကို ဝေဒစာပေတွင်တွေ့ရ၍ ကယ်ဆယ်သူငါးသည် ပရယပတီ (Prajapati) နှင့် ညီသည်ဟုဆိုထားသည်။ ဤငါးသည် ဝေဒခေတ်လွန်အချိန်၌ ဗြဟ္မာနှင့်ပေါင်းစပ်သွားသည်။ နောက်ပိုင်းတွင် ယခုထိတိုင်အောင် ဗိဿနိုး၏ ကိုယ်ပွားဝင်စားသူအဖြစ် ဆက်လက်တည်ရှိသည်။ [12][13][14] ဤဇာတ်လမ်းကို ချဲ့ထွင်ကြကာ ဟိန္ဒူကျမ်းများ၌ အမျိုးမျိုးကွဲလွဲလျှက်ရှိသည်။ ဤဇာတ်လမ်း၌ အမှတ်သညာသရုပ်ဖော်မှုပါဝင်ပြီး မာနု(Manu) ၏စောက်ရှောက်မှုဖြင့် ငါးအသေးမှ အကြီးဘဝသို့ကြီးထွားလာခဲ့သည်။ ထိုငါးသည် ကမ္ဘာမြေတည်ရှိမှုကို အဆုံး၌ ကယ်ဆယ်ခဲ့၏။[15][16] [17]
  2. Kurma: ကားမား (လိပ်) နှင့်ပတ်သက်၍ အစောဆုံးဖော်ပြချက်များကို ရှတ်တပသ ဗြဟ္မဏ (Shatapatha Brahmana) ၌တွေ့ရသည်။ ထို၌ Kurma သည် ပရယပတီ-ဗြဟ္မာ (Prajapati-Brahma) ပုံစံဖြစ်ကာ သမုဒ္ဒရာမန်သန (samudra manthan သမုဒ္ဒရာရေပြင်လှုပ်ခတ်ခြင်း) ၌ကူညီခဲ့သည်။[18] ပူရာဏကျမ်း (Puranas) နှင့် လင်္ကာရှည်များတွင် ဤရာဇဝင်ပုံပြင်သည် ကျယ်ပြန့်လာခဲ့၍ ၎င်းသည် ဗိဿနိုးဝင်စားသူအဖြစ် များစွာသောမူကွဲများအဖြစ် ပေါ်ထွက်လာကြသည်။ လိပ်အသွင်ဖြင့် စကြာဝဠာ၏အခြေကို ထောက်ပံ့ခိုင်ခန့်စေရန်ပြပြီး သမုဒ္ဒရာရေပြင်ကို လှုတ်ခတ်လှုပ်ရှားရန် တုတ်တိုင်(Mount Mandara - မန်ဒရတောင်) အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[19][20][21]
  3. Varaha: ဝရာဟ သို့ တောဝက်ရာဇဝင်၏ အစောဆုံးမူများကို Taittiriya Aranyaka နှင့် Shatapatha Brahmana ကျမ်းများ၌ တွေ့ရသည်။ နှစ်ကျမ်းစလုံးမှာ ဝေဒကျမ်းများဖြစ်၏။[22] စကြဝဠာသည် ကမ္ဘာဦးရေပြင်ထုကြီးဖြစ်သည်ဟု ထိုကျမ်းများကဆိုသည်။ ကမ္ဘာမှာ လက်သီးတစ်ဆုပ်စာအရွယ်သာရှိ၍ ထိုရေပြင်ထုကြီး၌ ပိတ်မိနေသည်။ ပရယဝတီ-ဗြဟ္မာ သည် တောဝက်သဏ္ဌာန်ဖြင့် ရေထဲသို့ထိုးဆင်းသွားကာ ကမ္ဘာမြေကို ယူဆောင်လာခဲ့သည်။[22][23] ဝေဒခေတ်လွန်စာပေများ၌မူ အထူးသဖြင့် ပူရာဏကျမ်းများ၌ ထိုတောဝက်ဒဏ္ဍာရီကို ဗိဿနိုး၏ ကိုယ်ပွား အဝတာအဖြစ်၊ လူသားများကို ညှင်းဆဲ၍ ကမ္ဘမြေမယ်‌တော် ကို ဖမ်းဆီးခေါ်ဆောင်သွားသူ ဟိရန်ယက်ရှ (Hiranyaksha) နတ်ဆိုးကို ထည့်သွင်းခြင်း စသဖြင့်ပြန်လည်ပြင်ဆင်ထားသည်။[24][23] ဝရာဟ-ဗိဿနိုးသည် တရားမမျှတမှုကိုတိုက်ခိုက်ခြေမှုန်းသည်၊ နတ်ဆိုးများကို သုတ်သင်သည်၊ ကမ္ဘာမ​ြေကို ကယ်ဆယ်သည်။[22]
  4. Narasimha: နာရဆင်ဟ ဒဏ္ဍာရီသည် ဗိဿနိုး ဝင်စားသူ လူတစ်ပိုင်း-ခြင်္သေတစ်ပိုင်းဖြစ်သည်။ မိစ္ဆာဘုရင် Hiranyakashyapu ကိုချေမှုန်း၍ ဘာသာရေးနှိပ်စက်မှု၊ ကမ္ဘာမြေ၏ကပ်ဆိုးများကို အဆုံးသတ်စေခဲ့သည်။ ၎င်းကိုကိုးကွယ်သူ Prahlad အား ၎င်း၏ဘာသာရေးယုံကြည်ချက်ကြောင့် ညှင်းပမ်းနှိပ်စက်ခံရမှုမှလည်း ကယ်ဆယ်ပေးခဲ့၏။ ဤသို့ဖြင့် ဗိဿနိုး သည် ဓမ္မ (Dharma ဟိန္ဒူစာလုံး, ထေရဝါဒတွင် Dhamma ကိုသာအသုံးများ၏) ပြန်လည်ထိန်းသိမ်းခဲ့ပေသည်။[25][26]
  5. Vamana
  6. Parashurama
  7. ရာမ
  8. ခရစ်ရှနား
  9. ဗုဒ္ဓ
  10. ကာလ်ကီ

ကိုးကားအညွှန်းများ

  1. Arthur Anthony Macdonell (1978)။ Vedic Mythology။ Motilal Banarsidass (Reprint)။ pp. 1–9။ ISBN 978-81-208-1113-3
  2. Edward Washburn Hopkins (1986)။ Epic Mythology။ Motilal Banarsidass။ pp. 1–3။ ISBN 978-81-208-0227-8
  3. Yves Bonnefoy (1993)။ Asian Mythologies။ University of Chicago Press။ pp. 90–101။ ISBN 978-0-226-06456-7
  4. Patrick Olivelle (1999)။ Pañcatantra: The Book of India's Folk Wisdom။ Oxford University Press။ pp. xii–xiii။ ISBN 978-0-19-283988-6
  5. Paul Waldau; Kimberley Patton (2009)။ A Communion of Subjects: Animals in Religion, Science, and Ethics။ Columbia University Press။ pp. 186, 680။ ISBN 978-0-231-13643-3
  6. Jacqueline Suthren Hirst, Myth and history, in Themes and Issues in Hinduism, edited by Paul Bowen. Cassell, 1998.
  7. Wendy Doniger O'Flaherty (1975), Hindu epics: A Sourcebook translated from the Sanskrit, Penguin, ISBN 978-0140449907, pages 11-22
  8. George M. Williams (2008)။ Handbook of Hindu epic။ Oxford University Press။ pp. 2–4, 14–18။ ISBN 978-0-19-533261-2
  9. George M. Williams (2008)။ Handbook of Hindu epic။ Oxford University Press။ pp. 15–31။ ISBN 978-0-19-533261-2
  10. Ronald Inden (1991)။ David Parkin (ed.)။ Hindu Evil as Unconquered Lower Self, in The Anthropology of Evil။ Wiley။ pp. 143–164။ ISBN 978-0-631-15432-7;
    W.D. O' Flaherty (1994)။ Hindu Epics။ Penguin Books။ pp. 36–37။ ISBN 978-0-14-400011-1
  11. Arvind Sharma (2000)။ Classical Hindu Thought: An Introduction။ Oxford University Press။ pp. 38–39, 61–64, 73–88။ ISBN 978-0-19-564441-8
  12. Krishna 2009, p. 33.
  13. Rao pp. 124-125
  14. "Matsya"Encyclopædia Britannica။ Encyclopædia Britannica Inc။ 2012May 20, 2012 တွင် ပြန်စစ်ပြီး
  15. Bonnefoy 1993, pp. 79-80.
  16. George M. Williams 2008, pp. 212-213.
  17. Sunil Sehgal (1999)။ Encyclopaedia of Hinduism: T-Z, Volume 5။ Sarup & Sons။ p. 401။ ISBN 81-7625-064-3
  18. Roshen Dalal 2010, p. 217.
  19. James G. Lochtefeld (2002)။ The Illustrated Encyclopedia of Hinduism: N-Z။ The Rosen Publishing Group။ pp. 705–706။ ISBN 978-0-8239-3180-4
  20. Constance Jones; James D. Ryan (2006)။ Encyclopedia of Hinduism။ Infobase Publishing။ p. 253။ ISBN 978-0-8160-7564-5
  21. Cornelia Dimmitt; JAB van Buitenen (2012)။ Classical Hindu Mythology: A Reader in the Sanskrit Puranas။ Temple University Press။ pp. 74–75။ ISBN 978-1-4399-0464-0
  22. Nanditha Krishna 2010, pp. 54-55.
  23. J. L. Brockington 1998, pp. 281-282.
  24. Roshen Dalal 2010, p. 45.
  25. Gavin D. Flood (1996)။ An Introduction to Hinduism။ Cambridge University Press။ p. 111ISBN 978-0-521-43878-0
  26. George M. Williams 2008, p. 223.

ကိုးကားစာအုပ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.