အက်စ်တက်တိုင်း

အက်စ်တက်တိုင်း (Astatine) (ဓာတုသင်္ကေတ- At)သည် အလွန်ပြင်းထန်သော ရေဒီယိုသတ္တိကြွဒြပ်စင်တခုဖြစ်ပြီး ၎င်းသည် လေးလံသော halogen အုပ်စုထဲတွင်ပါဝင်သည်။ ၎င်း၏ ဒြပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများသည် iodine ဒြပ်စင်နှင့် ဆင်တူနိုင်သည်ဟု လက်ခံထားကြသည်။ ၎င်းဒြပ်စင်၏ အားလုံးသော isotopes များ၏ သက်တမ်းဝက်သည် ကာလတိုတောင်းသောကြောင့် အနည်းသာ သုတေသနပြုလုပ်နိုင်ခဲ့သည်။ ၎င်းဒြပ်စင်အကြောင်း သိရှိရသော အချက်အားလုံးသည် ခန့်မှန်းထားချက်များသာ ဖြစ်ပြီး ဒြပ်စင်အလှည့်ကျဇယား (periodic table) ၌ ၎င်း၏တည်နေရာကို iodine ဒြပ်စင်၏အောက်၌ ထားရှိသည်။ ၎င်းဒြပ်စင်အား ဓါတုဗေဒဆိုင်ရာလေ့လာမှုများပြုလုပ်ရာတွင် အလွန်အားပျော့သော ပျော်ရည်အသွင်ပြုလုပ်၍ လေ့လာနိုင်သည်။

အက်စတက်တိုင်းကို ရှာဖွေတွေ့ရှိခဲ့သူများထဲမှ တစ်ဦးဖြစ်သူ ဆယ်ဂရေး
အက်စ်တက်တိုင်း,  85At
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတအက်စ်တက်တိုင်း, At
အသံထွက်/ˈæstətn/ or /ˈæstətɪn/
AS-tə-teen or AS-tə-tin
အဆင်းunknown, probably metallic
ဒြပ်စင်အလှည့်ကျဇယားရှိ အက်စ်တက်တိုင်း
 I 

At

Ts
ပိုလိုနီယမ်အက်စ်တက်တိုင်းရေဒွန်
အက်တမ် အမှတ်စဉ် (Z)85
အုပ်စုဘလော့group 17 (halogens), p-block
ဒြပ်စင်အလှည့်ကျဇယားperiod 6
ဒြပ်စင် ကဏ္ဍ  metalloid, sometimes classified as a nonmetal, or a metal[1][2]
စံ အက်တောမစ် အလေးချိန် (Ar)(210)
အီလက်ထရွန် ပြုပြင်မှု[Xe] 4f14 5d10 6s2 6p5
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 32, 18, 7
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်575 K (302 °C, 576 °F)
အရည်ဆူမှတ်610 K (337 °C, 639 °F)
သိပ်သည်းမှု (အခန်းအပူချိန်)(At2) 6.35±0.15 g/cm3 (predicted)[3]
မိုလာထုထည်(At2) 32.94 cm3/mol (predicted)[3]
အငွေ့ပျံခြင်း အပူ(At2) 54.39 kJ/mol[4]
ငွေ့ရည်ဖိအား
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 361 392 429 475 531 607
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ−1, +1, +3, +5, +7[5]
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 2.2
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 899.003 kJ/mol[6]
ကိုဗေးလန့်အချင်းဝက်150 pm
ဗန်ဒါဝေါ့စ် အချင်းဝက်202 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံ face-centered cubic (fcc)

(predicted)[2]
အပူစီးကူးမှု1.7 W/(m·K)
CAS Number7440-68-8
သမိုင်းကြောင်း
အမည်တပ်ခြင်းafter Greek astatos (αστατος), meaning "unstable"
ရှာဖွေတွေ့ရှိမှုDale R. Corson, Kenneth Ross MacKenzie, Emilio Segrè (1940)
Most stable isotopes of အက်စ်တက်တိုင်း
iso NA သက်တမ်းဝက် DM DE (MeV) DP
209At syn 5.41 h β+ 3.486 209Po
α 5.758 205Bi
210At syn 8.1 h β+ 3.981 210Po
α 5.632 206Bi
211At syn 7.21 h ε 0.786 211Po
α 5.983 207Bi

အသုံးပြုခြင်း

၎င်းဒြပ်စင်ကို နျူကလီးယားစက်ရုံများနှင့် သုတေသနပြုလုပ်ရာ ဓာတ်ခွဲခန်းများ ပြင်ပ၌ မတွေ့ရှိနိုင်ပါ။

သဘာဝတွင်တွေ့ရှိမှုအခြေအနေ

ကမ္ဘာပေါ်၌ ယနေ့ထိ အက်စ်တက်တိုင်း(Astatine) ဒြပ်စင်အား ထုတ်လုပ်မှု ပမာဏသည် ၁ မိုက်ခရိုဂရမ် (1 microgram=one millionth of gram) ခန့်သာရှိပြီး ထိုပမာဏအားလုံးသည် ထုတ်လုပ်ပြီးအချိန်အနည်းငယ်အတွင်း ပြိုကွဲပျက်စီးခဲ့သည်ဟု ခန့်မှန်းချက်များအရ သိရှိရသည်။

ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ

အချိန်အနည်းငယ်တိုင်းတွင် ကမ္ဘာမြေမျက်နှာပြင်ပေါ်၌ ဖြစ်ပေါ်သော Astatine ဒြပ်စင်၏ စုစုပေါင်း ပမာဏသည် ၃၀ ဂရမ် အောက်နည်းပါးပြီး၊ ဓာတ်ခွဲခန်းအတွင်းမှ ထုတ်နိုင်သော ပမာဏသည် မိုက်ခရိုဂရမ်အနည်းငယ်မျှသာ ဖြစ်သည်။ ထိုပမာဏ နှစ်ခုလုံးသည်အလွန်တိုသော Astatine ဒြပ်စင်၏ သက်တမ်းဝက် (half-life) ကြောင့်လျင်မြန်စွာ ပြိုကွဲပျက်စီးသွားသည်။ ထို့ကြောင့် ၎င်းဒြပ်စင်မှ လူသားတို့၏ ကျန်းမာရေးအပေါ်အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားစရာ မလိုပါ။ Astatine ဒြပ်စင်အား အနည်းငယ်သောနယူကလီယာသုတေသနလုပ်ငန်းများအတွက် ဓာတ်ခွဲခန်းများတွင် လေ့လာမှုများပြုလုပ်ရာ၌ ၎င်း၏ မြင့်မားသော ရေဒီယိုသတ္တိကြွ ရောင်စဉ်ဖြာထွက်ခြင်းကြောင့် လိုအပ်သော အထူးခေတ်မှီစက်ပစ္စည်းကိရိယာများ၊ ကိုင်တွယ်ရေးနည်းပညာများနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပြီးမှသာ လေ့လာမှုများပြုလုပ်သင့်သည်။ အက်စ်တက်တိုင်း(Astatine) ဒြပ်စင်သည် halogen(ဟေလိုဂျင်) တမျိုးဖြစ်ပြီး စားသောက်မိပါက iodine ကဲ့သို့ လည်ချောင်းအတွင်းတွင် စုပုံနိုင်သည်။ ဓါတုဗေဒ ရှူထောင့်မှ ခန့်မှန်းချက်တစ်ခုအရ ၎င်းကို iodine အဖြစ်သို့ တုပပြုလုပ်၍ အသုံးပြုလျင် အဆိပ်အတောက် ဖြစ်စေနိုင်သည်။

ပတ်ဝန်းကျင်သို့သတ်ရောက်မှုများ

အက်စ်တက်တိုင်း(Astatine) ဒြပ်စင်သည် သက်ရှိများ ရှင်သန်ရာ ဝန်းကျင်တွင် တစ်စုံတစ်ရာအရေးပါသော ပမာဏ ဖြစ်ပေါ်နိုင်ခြင်း မရှိသောကြောင့် သာမန်အခြေအနေတွင် ဆိုးကျိုးဖြစ်နိုင်ရန် အကြောင်းမရှိပါ။

ကိုးကား

  1. Corson, MacKenzie & Segrè 1940.
  2. "Condensed Astatine: Monatomic and Metallic" (2013). Physical Review Letters 111 (11): 116404-1–116404-5. doi:10.1103/PhysRevLett.111.116404. Bibcode: 2013PhRvL.111k6404H.
  3. "Predicting the Properties of the 113–120 Transactinide Elements" (1981). The Journal of Physical Chemistry 85 (9): 1177–86. ACS Publications. doi:10.1021/j150609a021. Retrieved on 6 May 2013.
  4. Glushko၊ V. P.; Medvedev၊ V. A.; Bergma၊ G. A. (1966)။ Termicheskie Konstanty Veshchestv (Russianဘာသာစကားဖြင့်)။ 1။ Nakua။ p. 65။CS1 maint: unrecognized language (link)
  5. Greenwood & Earnshaw 2002, p. 28.
  6. "Measurement of the First Ionization Potential of Astatine by Laser Ionization Spectroscopy" (2013). Nature Communications 4: 1–6. doi:10.1038/ncomms2819. PMID 23673620. PMC:3674244.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.