အနန်းကွင်းရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်
အနန်းကွင်းရွာ(အင်္ဂလိပ်: Ahnankwin)သည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ဝင်းရော်မြစ် အနောက်ဘက်ကမ်းနှင့် သေမင်းတမန် ရထားလမ်းပေါ်တွင် တည်ရှိသည်။[1] ရွာနေရာကုတ်မှာ ၁၇၀၇၉၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အနန်းကွင်းကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၆၅၄ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၃၆၉၀ ဦး နေထိုင်သည်။ ဘုရားငါးဆူမှသည် အနန်းကွင်းထိ ၃၂ မိုင်ရှည်သော မုဒုံ-ဘုရားငါးဆူ-တံခွန်တိုင်-ဖားပြ-အနန်းကွင်း ကားလမ်း ရှိသည်။ အနန်းကွင်းတံတားသည် ပေ ၅၀၀ ရှည် သံကူကွန်ကရစ်အမျိုးအစား ဖြစ်ကာ၊ ၂၀၁၆ တွင် တည်ဆောက်သည့် ကားလမ်း ဖြစ်သည်။ ဘုရားငါးဆူ-တံခွန်တိုင်-တောင်ဒီးဖားပြ-အနန်းကွင်းလမ်း တံတားအမှတ်(၁/၂)သည် ပေ ၅၀ ရှည် ကွန်ကရစ်အမျိုးအစား ကားလမ်း ဖြစ်သည်။ ကျေးလက်ကျန်းမာရေးဌာန ရှိသည်။ [2]
အနန်းကွင်း | |
---|---|
ရွာ | |
အနန်းကွင်းရွာ | |
အနန်းကွင်း | |
ကိုဩဒိနိတ်: 15°41′27″N 97°59′30″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကရင် |
ခရိုင် | ကော့ကရိတ်ခရိုင် |
မြို့နယ် | ကြာအင်းဆိပ်ကြီးမြို့နယ် |
ကျေးရွာအုပ်စု | အနန်းကွင်း |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကိုးကား
- ကြာအင်းဆိပ်ကြီးမြို့နယ် - ကျေးရွာအုပ်စုပြမြေပုံ။ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (၃၀ မတ် ၂၀၁၆)။ ၁၂ ဖေဖော်ဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.