အိုက်စလန်နိုင်ငံ

အိုက်စလန် နိုင်ငံ (တရားဝင်အခေါ်အားဖြင့် အိုက်စလန် သမ္မတနိုင်ငံ)သည် ဥရောပ တွင် ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး မြောက်အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ မစ်ဒ်အတ္တလန္တိတ် ရစ်ဂျ် (Mid-Atlantic Ridge) ဟုခေါ်သည့် ပင်လယ်သမုဒ္ဒရာ အလယ်ရှိ တောင်တန်းကြီးပေါ်တွင် တည်ရှိသည်။ ၎င်းတွင် လူဦးရေ ၃ သိန်း ၂ သောင်းခန့်မျှ ရှိပြီး စုစုပေါင်း ဧရိယာ အကျယ်အဝန်းမှာ ၁ သိန်း ၃ ထောင် စတုရန်း ကီလိုမီတာ (၃၉,၇၆၉ စတုရန်းမိုင်) မျှ ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ရေဂျာဗစ်မြို့ ဖြစ်သည်။ ရေဂျာဗစ်မြို့၏ ပတ်ဝန်းကျင် အနောက်တောင်ဘက် ဒေသမှာ နိုင်ငံ လူဦးရေ ၃ ပုံ ၂ပုံမျှ ၏ နေထိုင်ရာ ဖြစ်သည်။ အိုက်စလန် နိုင်ငံသည် အမြဲတစေ လှုပ်ရှားနေတတ်သော မီးတောင်များ ရှိပြီး ပထဝီ အနေအထားအရလည်း အမြဲပြောင်းလဲနေတတ်သော နေရာဖြစ်သည်။ နိုင်ငံ၏ အတွင်းပိုင်း ဒေသမှာ သဲကွင်းများ၊ တောင်တန်းများ နှင့် ရေခဲမြစ်များ ရှိသော ကုန်းမြေမြင့် ဖြစ်ပြီး ရေခဲတောင်များသည် မြေနိမ့်ပိုင်းမှ တဆင့် ပင်လယ်ထဲသို့ စီးဝင်သွားကြသည်။ အိုက်စလန်သည် ပင်လယ်ကွေ့ ရေစီးကြောင်းကြောင့် အနွေးဓာတ် ရစေပြီး အာတိတ်စက်ဝိုင်း၏ အပြင်ဘက် ရှိ လတ္တီကျု အမြင့်ပိုင်းတွင် ရှိသော်လည်း သမမျှတသော ရာသီဥတု ရှိသည်။

အိုက်စလန် သမ္မတနိုင်ငံ
အလံတော် အမှတ်တံဆိပ်
မြို့တော်
နှင့် အကြီးဆုံးမြို့
ရေဂျာဗစ်မြို့
ရုံးသုံး ဘာသာစကားများအိုက်စလန်
အမျိုးအစားယူနစ်ထရီ ပါလီမန် သမ္မတစနစ်
အစိုးရ
 သမ္မတ
Guðni Th. Jóhannesson
 ဝန်ကြီးချုပ်
Bjarni Benediktsson
တည်ထောင်
 အိုက်စလန် သမ္မတနိုင်ငံ
၁၉၄၄ ဇွန်လ ၁၇ ရက်
ဧရိယာ
 စုစုပေါင်း
၁၀၃,၀၀၁ km² (၃၉,၇၇၀ စတုရန်းမိုင်) (အဆင့်: ၁၀၇)
 ရေထု (%)
၂.၇
လူဦးရေ
 ခန့်မှန်း
၃၁၈,၄၅၂ (အဆင့် - ၁၇၅)
 သိပ်သည်းမှု
၃.၁/km²(၇.၅/sq mi) (အဆင့် - ၂၃၂)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
US $ ၁၁.၈၁၈ ဘီလီယံ[1]
 Per capita
US $၃၆,၆၂၀ [1]
HDI ၀.၈၆၉[2]
အလွန်မြင့် · ၁၇
ငွေကြေးအိုက်စလန်းဒစ် ကရိုနာ
တယ်လီဖုန်းကုဒ်+၃၅၄
Internet TLD.is

ကိုးကား

  1. Iceland International Monetary Fund။ 2011-04-21 တွင် ပြန်စစ်ပြီး။
  2. Human Development Report 2010 United Nations (2010)။ 5 November 2010 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.