အ.ထ.က(၆)ဗိုလ်တထောင်

အခြေခံ ပညာ အထက်တန်း ကျောင်း အမှတ် (၆) ဗိုလ်တထောင် (အ.ထ.က. (၆) ဗိုလ်တထောင်) ဆိုသည်မှာ ဗိုလ်တထောင်မြိုနယ် မြို့တော်ဟောင်း ရန်ကုန် (ရန်ကုန်တိုင်း) အတွင်းတွင်တည်ရှိသော အခြေခံပညာအထက်တန်း ကျောင်းဖြစ်သည်။ ယခင်အမည်ဟောင်းမှာ စိန်ပေါလ်ကျောင်း (St. Paul's English High School) ဖြစ်သည်။ အမျိုးသားကျောင်း ဖြစ် ပြီး မြောက်အရပ်တွင် ဗိုလ်အောင်ကျော်လမ်းနှင့် တောင်အရပ်တွင်သိမ်ဖြူလမ်းကြား၊ အနောက်အရပ်တွင် အနော်ရထာလမ်းနှင့် အရှေအရပ်တွင်ဗိုလ်ချူပ်အောင်ဆန်းလမ်းကြား တို့အတွင်းတွင် တည်ရှိသည်။

အ.ထ.က(၆)ဗိုလ်တစ်ထောင်
ရွေးချယ်သတ်မှတ်ခြင်းများ

မြန်မာနိုင်ငံတွင် ပထမဆုံးဆာဘွဲ့ရသူ ဆာမောင်ခင်မြန်မာ့ ပထမဆုံး ပါရဂူ ဥပဒေပညာရှင် ပါမောက္ခဒေါက်တာ ဘဟန်၊ နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်၊ ဆာဂျေအေမောင်ကြီးမြန်မာ့ပထမဆုံး ကိုယ်ကာယအလှ ဖော်ထုတ်သူ ဒေါက်တာ ဝေါ်လတာ ချစ်ထွန်း၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဂျပန်ခေတ် စစ်ပညာတော်သင် ဗိုလ်တင်မောင် (စာရေးဆရာ မြတ်ထန်)၊ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၊ ဗြိတိသျှအစိုးရနှင့် မြန်မာ့လွတ်လပ်ရေး ဆွေး‌နွေးရာတွင် ပါဝင်ခဲ့သူ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ပထမဆုံးသော မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဋ္ဌ ပညာမင်းကြီး စည်သူ ဦးကောင်း၊ လွတ်လပ်ရေးရပြီးခေတ် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်ဒေါက်တာ ထင်အောင်၊ နိုင်ငံတော် တရားသူကြီးချုပ်သတိုးမဟာသရေစည်သူ ဦးချန်ထွန်းအောင်၊ စာရေးဆရာ သုမောင်မောင်ဝဏ္ဏမင်းသိင်္ခ၊ မြန်မာနိုင်ငံ၏ ပထမဆုံး အသည်းအစားထိုးကုဆရာဝန်ကြီး ဒေါက်တာနော်မန်လှရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ(ဆရ်ပန်)၊ ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ အဆိုတော် ရဲလေး တို့သည် စိန်ပေါလ်ထွက်များ ဖြစ်ကြသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.