ဥယျာဉ်ရွာ၊ တောမ

ဥယျာဉ်ရွာ (အင်္ဂလိပ်: Uyin)သည် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင်မိတ္ထီလာမြို့နယ်တောမကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၃၈၉၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောမကျေးရွာအုပ်စုတွင် ကျား ၃၄၈၇ ဦး၊ မ ၄၃၈၆ ဦး၊ လူဦးရေ စုစုပေါင်း ၇၈၇၃ ဦးနေထိုင်သည်။ [1]

ဥယျာဉ်
ရွာ
ဥယျာဉ်ရွာ
ဥယျာဉ်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°52′11″N 95°55′37″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်မိတ္ထီလာခရိုင်
မြို့နယ်မိတ္ထီလာမြို့နယ်
ကျေးရွာအုပ်စုတောမ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

လမ်းပန်းဆက်သွယ်ရေး

လမ်းပန်းအဆက်အသွယ်ရေးမှာ ကုန်းလမ်းခရီးတစ်ခုသာ ရှိပြီး မိတ္ထီလာ-သာစည် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ရွာ၏အလယ် တည့်တည့်မှဖြတ်ဖောက်ထားသည်။

ဘာသာရေး

ရွာအရှေ့ဘက်တွင် ရွာဦးဘုန်းကြီးကျောင်း တည်ရှိပြီး၊ ဆုတောင်းပြည့်စေတီများ တည်ထား ကိုးကွယ်ခဲ့ကြသည်။

ပညာရေး

ပညာရေးအရေဖြင့် အမှတ်(၂၁၄)အခြေခံပညာမူလတန်းကျောင်း၊ က‌လေးသူငယ်ပြုစုပျိုးထောင်ရေးဌာန(မူကြိုကျောင်း)နှင့် ပန်းဥယျာဉ်စာကြည့်တိုက်တို့ ဖြင့် ပညာရေးနှင့် အသိပညာဗဟုသုတများကို ပြုစုပျိုးထောင်ပေးနေသည်။

စိုက်ပျိုးရေး

စိုက်ပျိုးရေးအား ဆန်စပါးအဓိကစိုက်ပျိုး ကြပြီး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ နေကြာ၊ ငရုပ်နှင့် ကြက်သွန် တို့ကို စိုက်ပျိုးလျက်ရှိကြသည်။ စိုက်ပျိုးရေးအတွက် အဓိကဆည်ရေသောက် စနစ်ကို အားကိုးအားထားပြုနေရပြီး၊ ၎င်းဆည်ရေအား မိတ္ထီလာကန် မှ တစ်ဆင့် ရယူသုံးစွဲကြသည်။

ကိုးကား

  1. Place codes (Pcodes) Myanmar Information Management Unit (June 2020)။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.